ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 19, 2014

==လူထုကျန်းမာရေး(ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ ရင်သား ကျန်းမာရေး)==

>
 **Public Health**

 မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေး တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ် ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက် တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) ဖြည့်စွက်ဆေး သောက်ပါ

ရင်သား ကျန်းမာရေး အတွက် လိုအပ်တဲ့ အစား အသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲ သင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရ တွေကို အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။

(၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ

 အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ များစွာကို ကောင်းမွန် စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး စိတ်ခံစားမှုလည်း ပိုကောင်း လာတာကို တွေ့ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ကတော့ ငါးအဆီ၊ အခွံမာသီး၊ အစေ့ အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။

 (၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ

ဖိုင်တိုဟော်မုန်း တွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေ ဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို ကျန်းမာ စေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

 (၄) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ

အသည်းရဲ့ လုပ်ငန်း ဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန် ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား ကျန်းမာနေမှာ ဖြစ်ပါတယ်။

(၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ

 စိတ်ဖိစီးမှုကို လျှော့ချနိုင် ဖို့က အပြော လွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါ တယ်။

 (၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ

ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေ တာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် ရှိအောင် ထိန်းသင့်ပါတယ်။

  (၇) အမျှင်ဓာတ်များသော အစားအစာ စားပါ 

အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက် တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှား ပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေ ကို စားပေးသင့်ပါတယ်။ အသားကို လျှော့စား သင့်ပါတယ်။ 

 (၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့် 

 ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ ထိခိုက် စေနိုင်ပါတယ်။ 

 Myawady Health

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)