+(18 April 2014 | မိုးကျော်--RFAရေဒီယိုညပိုင်းသတင်း)+
ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့ မယ်တော်အရပ်မှာရှိတဲ့ စီဒီစီ မြန်မာစာသင် အထက်တန်းကျောင်းမှာ မြန်မာနှစ်ဆန်း (၂) ရက်နေ့ဖြစ်တဲ့ ဒီကနေ့ မနက်ပိုင်းက ထိုင်းလူမျိုး သက်ကြီးရွယ်အိုတွေနဲ့ မြန်မာရွှေ့ပြောင်း သက်ကြီးရွယ်အို (၃၀၀) လောက်ကို ပူဇော်ကန်တော့ပွဲ ကျင်းပခဲ့ပါတယ်။ ဒေါက်တာစင်သီယာမောင် ဦးဆောင်တဲ့ မယ်တော်ဆေးခန်း မိသားစုဝင်တွေအပါအ၀င် မဲဆောက်ဒေသတွင်းက အလုပ်သမားအဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ ပါဝင်ပြီး စုပေါင်း သက်ကြီးပူဇော်ပွဲ ပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ဦးမိုးကြိုးက အခုလိုပြောပါတယ်။
မိမိရောက်ရှိရာနိုင်ငံမှာရှိတဲ့ ဒေသခံ ထိုင်းလူမျိုးတွေနဲ့လည်း သဟဇာတဖြစ်အောင် သင်္ကြန်ယဉ်ကျေးမှုနဲ့ ဒီကနေ့ သက်ကြီးပူဇော်ပွဲ ကန်တော့ခံတဲ့ အယောက် (၃၀၀) ထဲမှာ ထိုင်း ဘိုး ဖွား (၁၀) ယေက်လောက်လည်းပါ ပါတယ်။ တဦးနဲ့ တဦး ချစ်ခင်ရင်းနှီးမှုနဲ့ အတူတကွ နေတတ် ထိုင်တတ်အောင် ကျနော်တို့ကနေ ရိုရာယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ဖော်ထုတ်ပြီး တော့ နှစ်တိုင်းကျင်းပတာ ဖြစ်ပါတယ်ဗျာ။ မိဘ ဘိုး ဖွား အယောက် (၃၀၀) လောက် လာပါတယ်။ မလာနိုင်တာ အယောက် (၂၀၀) လောက်ရှိပါတယ်။ စုစုပေါင်း အယောက် (၅၀၀) အတွက် ကန်တော့ပစ္စည်းတွေနဲ့ ဗလာမပါ ကံစမ်းမဲတွေကို ဖောက်ပြီးတော့ စုပေါင်း ကန်တော့ကြတာ ဖြစ်ပါတယ်။
ဒီနှစ်ပြုလုပ်တဲ့ သက်ကြီးပူဇော်ပွဲဟာ (၁၄) ကြိမ်မြောက်ဖြစ်ပြီး ၆၅ နှစ်ကနေ အထက် မဲဆောက် ဒေသတွင်းက သက်ကြီးရွယ်အိုတွေကို စာရင်းပြုစုပြီး ဘတ်ငွေ (၂၀၀) လောက်နဲ့ ညီမျှတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ကန်တော့ခဲ့တာ ဖြစ်ပါတယ်။ သက်ကြီးပူဇော်ပွဲကို တက်ရောက်ကန်တော့ခံတဲ့ သက်ကြီးရွယ်အိုတွေကို နံ့သာရေးနဲ့ ပတ်ဖျန်း ပူဇော်ခဲ့တဲ့ အစီအစဉ်အပါအ၀င် မြန်မာရွှေ့ပြောင်းကျောင်းက ကလေးငယ်တွေက ရိုးရာယဉ်ကျေးမှု သင်္ကြန်အကတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ ပူဇော်ပွဲ မတက်ရောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် အကန်တော့ခံပစ္စည်းတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမယ်လို့လည်း သိရကြောင်းပါ ခင်ဗျာ။
+(18 April 2014 | မိုးကျော်--RFAရေဒီယိုညပိုင်းသတင်း)+
ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့ မယ်တော်အရပ်မှာရှိတဲ့ စီဒီစီ မြန်မာစာသင် အထက်တန်းကျောင်းမှာ မြန်မာနှစ်ဆန်း (၂) ရက်နေ့ဖြစ်တဲ့ ဒီကနေ့ မနက်ပိုင်းက ထိုင်းလူမျိုး သက်ကြီးရွယ်အိုတွေနဲ့ မြန်မာရွှေ့ပြောင်း သက်ကြီးရွယ်အို (၃၀၀) လောက်ကို ပူဇော်ကန်တော့ပွဲ ကျင်းပခဲ့ပါတယ်။
ဒေါက်တာစင်သီယာမောင် ဦးဆောင်တဲ့ မယ်တော်ဆေးခန်း မိသားစုဝင်တွေအပါအ၀င် မဲဆောက်ဒေသတွင်းက အလုပ်သမားအဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ ပါဝင်ပြီး စုပေါင်း သက်ကြီးပူဇော်ပွဲ ပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ဦးမိုးကြိုးက အခုလိုပြောပါတယ်။
မိမိရောက်ရှိရာနိုင်ငံမှာရှိတဲ့ ဒေသခံ ထိုင်းလူမျိုးတွေနဲ့လည်း သဟဇာတဖြစ်အောင် သင်္ကြန်ယဉ်ကျေးမှုနဲ့ ဒီကနေ့ သက်ကြီးပူဇော်ပွဲ ကန်တော့ခံတဲ့ အယောက် (၃၀၀) ထဲမှာ ထိုင်း ဘိုး ဖွား (၁၀) ယေက်လောက်လည်းပါ ပါတယ်။ တဦးနဲ့ တဦး ချစ်ခင်ရင်းနှီးမှုနဲ့ အတူတကွ နေတတ် ထိုင်တတ်အောင် ကျနော်တို့ကနေ ရိုရာယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ဖော်ထုတ်ပြီး တော့ နှစ်တိုင်းကျင်းပတာ ဖြစ်ပါတယ်ဗျာ။ မိဘ ဘိုး ဖွား အယောက် (၃၀၀) လောက် လာပါတယ်။ မလာနိုင်တာ အယောက် (၂၀၀) လောက်ရှိပါတယ်။ စုစုပေါင်း အယောက် (၅၀၀) အတွက် ကန်တော့ပစ္စည်းတွေနဲ့ ဗလာမပါ ကံစမ်းမဲတွေကို ဖောက်ပြီးတော့ စုပေါင်း ကန်တော့ကြတာ ဖြစ်ပါတယ်။
ဒီနှစ်ပြုလုပ်တဲ့ သက်ကြီးပူဇော်ပွဲဟာ (၁၄) ကြိမ်မြောက်ဖြစ်ပြီး ၆၅ နှစ်ကနေ အထက် မဲဆောက် ဒေသတွင်းက သက်ကြီးရွယ်အိုတွေကို စာရင်းပြုစုပြီး ဘတ်ငွေ (၂၀၀) လောက်နဲ့ ညီမျှတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ကန်တော့ခဲ့တာ ဖြစ်ပါတယ်။ သက်ကြီးပူဇော်ပွဲကို တက်ရောက်ကန်တော့ခံတဲ့ သက်ကြီးရွယ်အိုတွေကို နံ့သာရေးနဲ့ ပတ်ဖျန်း ပူဇော်ခဲ့တဲ့ အစီအစဉ်အပါအ၀င် မြန်မာရွှေ့ပြောင်းကျောင်းက ကလေးငယ်တွေက ရိုးရာယဉ်ကျေးမှု သင်္ကြန်အကတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ ပူဇော်ပွဲ မတက်ရောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် အကန်တော့ခံပစ္စည်းတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမယ်လို့လည်း သိရကြောင်းပါ ခင်ဗျာ။
No comments:
Post a Comment