သုံးရာသီဆက်တိုက် ချယ်လ်ဆီးအသင်းအတွက် ချန်ပီယံဆုဖလားများ ပိုင်ဆိုင်ခွင့်ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့် မော်ရင်ဟိုသည် ၂၀၀၈ ခုနှစ်မှာ ချယ်လ်ဆီး အသင်းနှင့် လမ်းခွဲပြီး အခြားဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ များဆီသို့ ရောက်ရှိသွားခဲ့သည်။ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများဖြစ်သည့် အီတလီ စီးရီးအေ၊ စပိန်၊ လာလီဂါပြိုင်ပွဲများတွင်လည်း တာဝန်ယူ ကိုင်တွယ်သည့်အသင်းများကို အမြင့်ဆုံးအောင်မြင်မှု (ချန်ပီယံဆုဖလား)များရယူပေးနိုင်ခဲ့သည့် မော်ရင်ဟို တစ်ယောက် ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း(စတမ်းဖို့ဒ်ဘရစ်ခ်ျ)ဆီသို့ တစ်ကျော့ ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါသည်။
(တစ်ကျော့ပြန်ဒရော့ဘာ ချဲလ်ဆီးအသင်းဆီပြန်လာခဲ့ပြီ)
သို့သော် ပေါ်တူဂီ သားနည်းပြ၏တစ်ကျော့ပြန်ခရီး ပထမဦးဆုံးရာသီသည် ၂၀၀၄ ခုနှစ် စတမ်းဖို့ဒ်ဘရစ်ခ်ျကိုစတင်ခြေချခဲ့စဉ်က အတိုင်းဖြစ်မလာတော့ပါ။ အောင်မြင်မှုနှင့် ဝေးခဲ့ပြီး ပြိုင်ပွဲစာမျက်နှာတိုင်းမှာ ကျရှုံးခြင်း၊ ၀မ်းနည်းခြင်းတို့နှင့် သာ အဆုံးသတ်ခဲ့ရသည်။
+၀င်းထွတ်ဦး+ ပေါ်တူဂီလူမျိုး မော်ရင်ဟိုသည် လန်ဒန်အခြေစိုက် ချယ်လ်ဆီးအသင်းကို ချန်ပီယံဆုဖလားများစွာရယူပေး ခဲ့သည့် နည်းပြတစ်ဦးဖြစ်သည်။ တစ်နည်းအားဖြင့် ချယ်လ်ဆီးကို အင်္ဂလန်ပြည်တွင်းပြိုင်ပွဲများအပြင် ဥရောပပြိုင်ပွဲများမှာပါ အသင်းကြီးတစ်သင်းအဖြစ် စာရင်းဝင်ရပ်တည်နိုင်အောင် အဓိကစွမ်းဆောင်ပေးခဲ့ သူဟုပြောနိုင်သည်။ မော်ရင်ဟိုသည် ပရီမီယာလိဂ် ချန်ပီယံဆုဖလားနှင့်နှစ်ပေါင်း ၅၀ ကျော် ဝေးကွာနေ သည့် ချယ်လ်ဆီးကို ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ချယ်လ်ဆီးကို စတင်တာဝန်ယူသည့်နှစ်မှာပင် ချန်ပီယံ ဆုဖလားကို စတမ်းဖို့ဒ်ဘရစ်ခ်ျဆီအရောက်ဆောင်ကြဉ်း နိုင်ခဲ့သည်ဟုလည်း ဆိုနိုင်သည်။ ပရီမီယာလိဂ် ချန်ပီယံဆုဖလားအပြင် ပြည်တွင်းလိဂ်ဖလားကိုလည်း ၂၀၀၄-၂၀၀၅ ရာသီတွင် ရယူပေးခဲ့သည်။ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီတွင် ပရီမီယာလိဂ်ချန်ပီယံဆုဖလားကို ထပ်မံဆွတ်ခူးရယူပေးခဲ့ပြီး ၂၀၀၆-၂၀၀၇ ရာသီတွင် အက်ဖ် အေဖလားနှင့်ပြည်တွင်းလိဂ်ဖလားကို အရယူပေးခဲ့သည်။
သုံးရာသီဆက်တိုက် ချယ်လ်ဆီးအသင်းအတွက် ချန်ပီယံဆုဖလားများ ပိုင်ဆိုင်ခွင့်ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့် မော်ရင်ဟိုသည် ၂၀၀၈ ခုနှစ်မှာ ချယ်လ်ဆီး အသင်းနှင့် လမ်းခွဲပြီး အခြားဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ များဆီသို့ ရောက်ရှိသွားခဲ့သည်။ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများဖြစ်သည့် အီတလီ စီးရီးအေ၊ စပိန်၊ လာလီဂါပြိုင်ပွဲများတွင်လည်း တာဝန်ယူ ကိုင်တွယ်သည့်အသင်းများကို အမြင့်ဆုံးအောင်မြင်မှု (ချန်ပီယံဆုဖလား)များရယူပေးနိုင်ခဲ့သည့် မော်ရင်ဟို တစ်ယောက် ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း(စတမ်းဖို့ဒ်ဘရစ်ခ်ျ)ဆီသို့ တစ်ကျော့ ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါသည်။
(တစ်ကျော့ပြန်ဒရော့ဘာ ချဲလ်ဆီးအသင်းဆီပြန်လာခဲ့ပြီ)
သို့သော် ပေါ်တူဂီ သားနည်းပြ၏တစ်ကျော့ပြန်ခရီး ပထမဦးဆုံးရာသီသည် ၂၀၀၄ ခုနှစ် စတမ်းဖို့ဒ်ဘရစ်ခ်ျကိုစတင်ခြေချခဲ့စဉ်က အတိုင်းဖြစ်မလာတော့ပါ။ အောင်မြင်မှုနှင့် ဝေးခဲ့ပြီး ပြိုင်ပွဲစာမျက်နှာတိုင်းမှာ ကျရှုံးခြင်း၊ ၀မ်းနည်းခြင်းတို့နှင့် သာ အဆုံးသတ်ခဲ့ရသည်။
+၀င်းထွတ်ဦး+
No comments:
Post a Comment