ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 27, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
**လူအများစိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော် လည်း အထီးကျန်သလို ခံစားဗနရသည့်Megan Fox**

ရုပ်ရှင်သရုပ်ဆောင်နှင့် မော်လ်ဒယ် တစ်ဦးဖြစ်သူ Megan Foxက ၎င်းသည် အမြဲတမ်းလိုလို လူအများ စိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော် လည်း အထီးကျန်သလို ခံစားရပါ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း အသစ်ထွက်ရှိ လာသည့် လိပ်နင်ဂျာဇာတ်ကားသစ် တွင် ပါဝင်သရုပ်ဆောင်ထားသူ အသက် (၂၈)နှစ်အရွယ် မင်းသမီး Megan Fox က ““ကျောင်းနေစဉ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူဘ၀ကတည်းက သူငယ် ချင်းများများမရှိခဲ့ပါဘူး၊ တစ်ခါတစ်ရံ အထီးကျန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်းတစ်ယောက်လိုတောင် ခံစားရပါတယ်””ဟု ဆိုသည်။
ဟောလိဝုဒ်ရုပ်ရှင်လောက၏ ဆွဲဆောင်မှုအရှိဆုံးမင်းသမီးတစ်ဦး အဖြစ် တင်စားခံရသူ သရုပ်ဆောင် Megan Fox ပါဝင်သရုပ်ဆောင် ထားသည့် Teenage Mutant Ninja Turtlesဇာတ်ကားသစ်ကို သြဂုတ် လဆန်းပိုင်းတွင် ပါရာမောင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဖြန့်ချိပြသသွားမည် ဖြစ်ကြောင်း သိရသည်။(မျိုးစန်္ဒာမောင်)

**Dragon Bladeမှတ်တမ်းဇာတ်ကားtအပေါါ်တွင် ယုံကြည်မှုအပြည့်ရှိသည့်ဂျက်ကီချန်း**

 ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းက ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင်ထွက်ရှိမည့် Dragon Blade တရုတ်သမိုင်း မှတ်တမ်းဇာတ်ကားတွင် အဓိကဇာတ် ဆောင်အဖြစ် ပါဝင်ထားပြီး ယင်းဇာတ်ကားသည် ရုံဝင်ငွေ များစာရင်းတွင် အောင်မြင်သည့်ဇာတ်ကားတစ်ကားဖြစ် လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ၎င်းက ထုတ်ဖော်ပြော ကြားခဲ့သည်။ နိုင်ငံတကာသို့ဖြန့်ချိပြသမည့် အဆိုပါဇာတ်ကား တွင် ဂျက်ကီချန်းသည် ပြင်သစ်နိုင်ငံ၏အမျိုးသားရုပ်ရှင်ဆု တစ်ခုဖြစ်သည့် César Award နှင့် အော်စကာဆုရ အမေရိကန်မင်းသား Adrien Brody ၊ တောင်ကိုရီးယား တေးသံရှင်နှင့်သရုပ်ဆောင် ချွဲစီဝန်းတို့လည်း ပါဝင် အားဖြည့်ထားပြီး ယင်းဇာတ်ကားအတွက် အချိန် ခုနစ်နှစ် ကြာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ဇာတ်ကား၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၅ သန်းခန့် အထိ ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါဇာတ်ကားသည် မိမိဘ၀အတွက် အလှည့်အပြောင်းတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း ဂျက်ကီချန်းက ဆိုသည်။

ဆက်လက်ပြီး တောင်ကိုရီးယားကြယ်ပွင့် ချွဲစီဝန်းက လည်း ““ဂျက်ကီချန်းကို အနုပညာလောကကလူတွေ ဘာကြောင့် လေးစားကြလဲဆိုတာ ကျွန်တော်နားလည် သွားပြီ၊ သူဟာ အားလုံးအပေါ်မှာကာကွယ်ပေးပြီး အတော် ဂရုစိုက်တယ်၊ အခွင့်အရေးရှိမယ်ဆိုရင် ဂျက်ကီချန်းနဲ့ နောက်တစ်ကြိမ်ဆုံချင်ပါသေးတယ်””ဟု ပြောကြားခဲ့သည်။(မျိုးစန်္ဒာမောင်)

  **အေစီမီလန်၌ ဘာလော့တယ်လီ ဆက်ရှိရန်မှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ သေချာနေကြောင်း အမှုဆောင်အရာရှိချုပ်ဂယ်လီယာနီက အခိုင်အမာပြောကြား**
အီတလီစီးရီးအေကလပ် အေစီမီလန်တိုက်စစ်မှူး ဘာလော့တယ်လီအား ပရီမီယာလိဂ်ကလပ် အာဆင်နယ် အသင်းမှ စိတ်ဝင်စားလျက်ရှိသော်လည်း လက်ရှိကလပ် အေစီမီလန်အသင်း၌ ဘာလော့တယ်လီ ဆက်ရှိရန်မှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ သေချာနေကြောင်း အေစီမီလန် အသင်းအမှုဆောင်အရာရှိချုပ် အက်ဒရီယာနိုဂယ်လီယာနီ က အခိုင်အမာပြောကြားခဲ့သည်။ အေစီမီလန်အသင်းဥက်္ကဋ္ဌ ဘာလူစကိုနီအနေဖြင့် ဘာလော့တယ်လီအား အင်္ဂလန်အသင်းတစ်သင်းသို့ သန်း ပေါင်းများစွာဖြင့် ရောင်းချနေခဲ့ကြောင်း ယခုနှစ်နွေရာသီ အပြောင်းအရွှေ့အစပိုင်းက ပြောကြားခဲ့သည်များရှိခဲ့ခြင်း ကြောင့် တိုက်စစ်မှူးး;ဘာလော့တယ်လီကိုယ်တိုင်ပင် နည်းပြအာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကစားရန် ချိတ်ဆက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ သို့ရာတွင် တိုက်စစ်မှူးးဘာလော့တယ်လီသည် လာမည့်ဘောလုံးရာသီတွင် အေစီမီလန်အသင်း အောင်မြင်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေခြင်းကြောင့် တိုက်စစ်မှူးးဘာလော့တယ်လီအား အင်္ဂလန်မြေသို့ ရောင်း ချမည့် မည်သို့သော အခွင့်အရေးကိုမဆို ပိတ်ပင်သွားမည် ဖြစ်ကြောင်း အေစီမီလန်အသင်းအမှုဆောင်အရာရှိချုပ် ဂယ်လီယာနီက ပြောကြားခဲ့သည်။ ထို့ပြင် တိုက်စစ်မှူး ဘာလော့တယ်လီ အနေဖြင့် ၎င်းကိုရောင်းချရန်တောင်းဆိုမှု မပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ရှေ့ဆက်ဘာဖြစ်မည်ဆိုသည်နှင့်စပ်လျဉ်း၍ မသိနိုင်သော်လည်း အေစီမီလန်အသင်း၌ ဆက်ရှိနေရန်မှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ သေချာနေကြောင်း ဂယ်လီ ယာနီက ဆိုသည်။ [နိုင်လင်းကြည်] 

**ဆောက်သမ်တန် နောက်တန်းလော့ဗရင်အားလီဗာပူးခေါ်ယူမည်**
 ဆောက်သမ်တန် နောက်တန်းကစားသမား ဒေဂျန်လော့ဗရင်အား လီဗာပူးက ပေါင်သန်း ၂၀ ဖြင့်ခေါ်ယူရန် သဘောတူလိုက်သည် ကလပ်နှစ်ခု သဘောတူခဲ့ပြီးနောက် လာမည့်သီတင်းပတ်တွင် ဆေးစစ်မှုပြုလုပ်သွားဖွယ် ရှိသည်။ အသက် ၂၅ နှစ်ရှိ ခရိုအေးရှား နောက်တန်းကစားသမား လော့ဗရင် သည် ကမ်္ဘာ့ဖလားတွင် အဓိကကစားသမားအဖြစ် ပါဝင်ကစားခဲ့သူဖြစ်သည်။ လော့ဗရင်သည် ဆောက်သမ်တန်အသင်း၏ အဓိကကစားသမားတစ်ဦး ဖြစ်သည်။(အာကာကျော်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)