>
၂၀၁၄ အမ်းမရိတ်ဖလား ပြိုင်
ပွဲကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့
အမ်းမရိတ်ကွင်းမှာ သြဂုတ် ၂ ရက်နဲ့
၃ ရက်တို့မှာ ကျင်းပတော့မှာ ဖြစ်ပါ
တယ်။ (၇)ကြိမ်မြောက် ကျင်းပတဲ့
အမ်းမရိတ်ဖလား ပြိုင်ပွဲကိုတော့
အိမ်ရှင် အာဆင်နယ်၊ ပေါ်တူဂီကလပ်
ဘင်ဖီကာ၊ ပြင်သစ်ကလပ် မိုနာကို
နဲ့ စပိန်ကလပ် ဗလင်စီယာတို့ ပါဝင်
ယှဉ်ပြိုင်နိုင်ကြမှာ ဖြစ်ပါတယ်။
ရာသီအကြို ပြင်ဆင်မှုဖြစ်စေ
မယ့် ဒီပြိုင်ပွဲကတော့ အိမ်ရှင်အဖြစ်
အာဆင်နယ်အသင်း အားသာချက်
ရှိနေတာအမှန်ပါပဲ။ အာဆင်နယ်ဟာ
ကျင်းပပြီးစီးခဲ့တဲ့ အမ်းမရိတ်ဖလား
ခြောက်ကြိမ်မှာ သုံးကြိမ်ဗိုလ်စွဲထားတဲ့
အသင်းဖြစ်ပါတယ်။ အာဆင်နယ်
အသင်းမှာ အသစ်ခေါ်ယူထားတဲ့
ဆန်ချက်ဇ်ရဲ့ခြေစွမ်းက ဘယ်လောက်
အထိ စွမ်းဆောင်ပေးနိုင်မလဲဆို
တာက စိတ်ဝင်စားစရာ ဖြစ်နေပါ
တယ်။ နည်းပြ အာစင်ဝင်းဂါးကတော့
““ကျွန်တော်တို့ သေသေချာချာပြင်ဆင်
ပြီး ကစားမှာဖြစ်ပါတယ်။ ကစား
သမားတွေရဲ့ ခြေစွမ်းပိုင်းကိုလည်း
ကျွန်တော်လေ့လာပြီး ပြင်ဆင်သင့်
တာတွေ ပြင်ဆင်သွားမှာပါ”” လို့
ထုတ်ဖော်ဟြေကြားပါတယ်။
ပေါ်တူဂီကလပ် ဘင်ဖီကာ
အသင်းဟာ အမ်းမရိတ်ဖလားကို
ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်
တဲ့ အသင်းဖြစ်ပါတယ်။
ဘင်ဖီကာအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်
ပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တဲ့အသင်း
ဖြစ်သလို လူသစ်တွေနဲ့ ပေါင်းစပ်
ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်း
ဖြစ်ပါတယ်။
မိုနာကိုအသင်းကတော့ ပြင်သစ်
ကလပ်အသင်းတွေထဲမှာ ခြေစွမ်းပြ
နိုင်တဲ့ အသင်းဖြစ်ပါတယ်။ ပထမ
ဆုံးအကြိမ် ပါဝင်ဆင်နွှဲတာဖြစ်ပြီး
ပြင်သစ်လီဂူးမှာ ပြီးခဲ့တဲ့နှစ်က
ချန်ပီယံဖလားအတွက် ပီအက်စ်ဂျီ
အသင်းနဲ့ အကြိတ်အနယ် ဆင်နွှဲ
ခဲ့တဲ့ အသင်းကောင်း ဖြစ်ပါတယ်။
ကစားသမားကောင်းအချို့ မပါဝင်နိုင်
ပေမယ့် အသင်းလိုက် ကစားအား
ကောင်းတဲ့အသင်းဖြစ်ပါတယ်။ တိုက်
စစ်မှူးဖယ်လ်ကာအို မပါဝင်နိုင်
ပေမယ့် တိုက်စစ်မှူးကောင်းတွေ
ရှိနေတဲ့ မိုနာကိုအသင်း အမ်းမရိတ်
ဖလား ရယူသွားနိုင်မလားကြည့်ရမှာ
ဖြစ်ပါတယ်။
(၂၀၁၃-၁၄ဘောလုံးရာသီမှာအက်ဖ်အေဖလားရရှိလို့ ပျော်မြူးခဲ့ကြတဲ့နည်းပြအာဆင်ဝင်းဂါး နဲ့ ကစားသမားတွေ)
ဗလင်စီယာကတော့ စပိန်ကလပ်
အသင်းဖြစ်ပေမယ့် အာဆင်နယ်၊
ဘင်ဖီကာ၊ မိုနာကိုအသင်းတို့ထက်
ခြေစွမ်းပိုင်းအားနည်းမှု ရှိနေ
တာတော့ အမှန်ပါပဲ။ ဒါပေမယ့်
စိတ်ဓာတ်ကောင်းတဲ့ ဗလင်စီယာ
ကစားသမားတွေဟာ စိတ်ဓာတ်
မြင့်မားကြတာမို့ ပြိုင်ဘက်တွေကို
အခက်အခဲတွေ့စေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အမ်းမရိတ်ဖလားပြိုင်ပွဲ
ကတော့ ရာသီကြိုအဖြစ် ရင်ခုန်စရာ
ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာ သေချာ
ပါတယ်။
+မိုးမြင့်လင်းလက်+
၂၀၁၄ အမ်းမရိတ်ဖလား ပြိုင်
ပွဲကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့
အမ်းမရိတ်ကွင်းမှာ သြဂုတ် ၂ ရက်နဲ့
၃ ရက်တို့မှာ ကျင်းပတော့မှာ ဖြစ်ပါ
တယ်။ (၇)ကြိမ်မြောက် ကျင်းပတဲ့
အမ်းမရိတ်ဖလား ပြိုင်ပွဲကိုတော့
အိမ်ရှင် အာဆင်နယ်၊ ပေါ်တူဂီကလပ်
ဘင်ဖီကာ၊ ပြင်သစ်ကလပ် မိုနာကို
နဲ့ စပိန်ကလပ် ဗလင်စီယာတို့ ပါဝင်
ယှဉ်ပြိုင်နိုင်ကြမှာ ဖြစ်ပါတယ်။
ရာသီအကြို ပြင်ဆင်မှုဖြစ်စေ
မယ့် ဒီပြိုင်ပွဲကတော့ အိမ်ရှင်အဖြစ်
အာဆင်နယ်အသင်း အားသာချက်
ရှိနေတာအမှန်ပါပဲ။ အာဆင်နယ်ဟာ
ကျင်းပပြီးစီးခဲ့တဲ့ အမ်းမရိတ်ဖလား
ခြောက်ကြိမ်မှာ သုံးကြိမ်ဗိုလ်စွဲထားတဲ့
အသင်းဖြစ်ပါတယ်။ အာဆင်နယ်
အသင်းမှာ အသစ်ခေါ်ယူထားတဲ့
ဆန်ချက်ဇ်ရဲ့ခြေစွမ်းက ဘယ်လောက်
အထိ စွမ်းဆောင်ပေးနိုင်မလဲဆို
တာက စိတ်ဝင်စားစရာ ဖြစ်နေပါ
တယ်။ နည်းပြ အာစင်ဝင်းဂါးကတော့
““ကျွန်တော်တို့ သေသေချာချာပြင်ဆင်
ပြီး ကစားမှာဖြစ်ပါတယ်။ ကစား
သမားတွေရဲ့ ခြေစွမ်းပိုင်းကိုလည်း
ကျွန်တော်လေ့လာပြီး ပြင်ဆင်သင့်
တာတွေ ပြင်ဆင်သွားမှာပါ”” လို့
ထုတ်ဖော်ဟြေကြားပါတယ်။
ပေါ်တူဂီကလပ် ဘင်ဖီကာ
အသင်းဟာ အမ်းမရိတ်ဖလားကို
ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်
တဲ့ အသင်းဖြစ်ပါတယ်။
ဘင်ဖီကာအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်
ပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တဲ့အသင်း
ဖြစ်သလို လူသစ်တွေနဲ့ ပေါင်းစပ်
ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်း
ဖြစ်ပါတယ်။
မိုနာကိုအသင်းကတော့ ပြင်သစ်
ကလပ်အသင်းတွေထဲမှာ ခြေစွမ်းပြ
နိုင်တဲ့ အသင်းဖြစ်ပါတယ်။ ပထမ
ဆုံးအကြိမ် ပါဝင်ဆင်နွှဲတာဖြစ်ပြီး
ပြင်သစ်လီဂူးမှာ ပြီးခဲ့တဲ့နှစ်က
ချန်ပီယံဖလားအတွက် ပီအက်စ်ဂျီ
အသင်းနဲ့ အကြိတ်အနယ် ဆင်နွှဲ
ခဲ့တဲ့ အသင်းကောင်း ဖြစ်ပါတယ်။
ကစားသမားကောင်းအချို့ မပါဝင်နိုင်
ပေမယ့် အသင်းလိုက် ကစားအား
ကောင်းတဲ့အသင်းဖြစ်ပါတယ်။ တိုက်
စစ်မှူးဖယ်လ်ကာအို မပါဝင်နိုင်
ပေမယ့် တိုက်စစ်မှူးကောင်းတွေ
ရှိနေတဲ့ မိုနာကိုအသင်း အမ်းမရိတ်
ဖလား ရယူသွားနိုင်မလားကြည့်ရမှာ
ဖြစ်ပါတယ်။
(၂၀၁၃-၁၄ဘောလုံးရာသီမှာအက်ဖ်အေဖလားရရှိလို့ ပျော်မြူးခဲ့ကြတဲ့နည်းပြအာဆင်ဝင်းဂါး နဲ့ ကစားသမားတွေ)
ဗလင်စီယာကတော့ စပိန်ကလပ်
အသင်းဖြစ်ပေမယ့် အာဆင်နယ်၊
ဘင်ဖီကာ၊ မိုနာကိုအသင်းတို့ထက်
ခြေစွမ်းပိုင်းအားနည်းမှု ရှိနေ
တာတော့ အမှန်ပါပဲ။ ဒါပေမယ့်
စိတ်ဓာတ်ကောင်းတဲ့ ဗလင်စီယာ
ကစားသမားတွေဟာ စိတ်ဓာတ်
မြင့်မားကြတာမို့ ပြိုင်ဘက်တွေကို
အခက်အခဲတွေ့စေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အမ်းမရိတ်ဖလားပြိုင်ပွဲ
ကတော့ ရာသီကြိုအဖြစ် ရင်ခုန်စရာ
ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာ သေချာ
ပါတယ်။
+မိုးမြင့်လင်းလက်+
No comments:
Post a Comment