**ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် Bond 2424ဇာတ်ကား၏ အဓိကဇာတ်ဝင်ခန်းများကို အီတလီနိုင်ငံ၌ ရိုက်ကူးသွားမည်**
အက်ရှင်ဇာတ်ကားကြိုက်ပရိသတ်များအတွက် အသစ်ထွက်ရှိလာမည့် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် Bond 24ဇာတ်ကား၏ အဓိကဇာတ်ဝင်ခန်းများကို အီတလီနိုင်ငံ၌ ရိုက်ကူးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်၏ ရိုက်ကူးရေးလုပ်ငန်းများကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်သွားရန် စီစဉ်ထားပြီး ဇာတ်ညွှန်းပိုင်းဆိုင်ရာများအားလုံးမှာ ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
007ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်မည့် မင်းသား ဒယ်နီယယ်ခရေ့ခ်ျအနေဖြင့်လည်း ၂၀၀၆ ခုနှစ်က ဂျိမ်းစ်ဘွန်း ဇာတ်ကားကဲ့သို့ပင် အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် သွားရောက်ရိုက်ကူးမည်ဖြစ်သည့်အတွက် အထူးအဆန်းမဟုတ်တော့ ပေ။ ဒါရိုက်တာ ဆမ်မက်ဒက်စ်ရိုက်ကူးပုံဖော်မည့် ယင်းbond 24 ဇာတ်ကားတွင် ဗြိတိန်မင်းသမီး Naomie Harris နှင့် မင်းသားRalph Fiennes တို့လည်း အားဖြည့်ပါဝင်ကြမည်ဖြစ်ကာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ဖြန့် ချိပြသသွားမည်ဖြစ်ကြောင်းသိရသည်။(မျိုးစန်္ဒာမောင်)
**ဒရာမာဇာတ်ကားသစ်ဖြင့် ဒရာမာလောကသို့ ပြန်လည်ခြေဦး လှည့်မည်ဟု ရိန်းပြောကြား**
တောင်ကိုရီးယား သရုပ်ဆောင် နှင့် ဂီတလောကမှ ငွေကြယ်ပွင့် တစ်ဦးဖြစ်သူ ရိန်းသည် ၂၀၁၀ ခုနှစ်က The Fugitive Plan B ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ခဲ့ပြီးနောက် ဒရာမာဇာတ်ကားများ နှင့် အဆက်အသွယ်ပြတ်ခဲ့ရသော် လည်း ယခုအခါ My Lovable Girl အမည်ရှိ ဒရာမာဇာတ်ကားသစ်ဖြင့် ဒရာမာလောကသို့ ပြန်လည်ခြေဦး လှည့်မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ My Lovable Girl ဇာတ်ကား သည် အချစ်အသားပေး လူငယ်ကြိုက် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီး လူငယ်တစ်ဦးက အချစ်နှင့် ဂီတ အကြားမှ ဘ၀ဒဏ်ရာ၊ ဒဏ်ချက် များ ကျော်လွှားအောင်မြင်ပုံများကို သရုပ်ဖော် တင်ဆက်ထားခြင်း ဖြစ်သည်။
အဆိုပါဇာတ်ကားတွင် ရိန်းသည် အေဂျင်စီတစ်ခု၏ စီအီးအိုတစ်ဦး အဖြစ်အဓိက ခေါင်းဆောင်ပါဝင် ထားကာ ““ဒီဇာတ်ကားဟာ လူငယ် တွေကြားမှာဖြစ်ပေါ်နေတဲ့ အချစ် ဒဏ်ရာတွေကို ဂီတနဲ့ကုသပုံတွေကို ကေပေါ့ပ်ဂီတလောကကို နောက်ခံ ထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်”” ဟု ရိန်းက ပြောကြားခဲ့သည်။ ယင်းဇာတ်ကားကို အစပိုင်းတွင် ဟု အမည်ပေးထားသော်လည်း ရိန်း အနေဖြင့် ဇာတ်ကားကမ်းလှမ်းမှုကို လက်ခံပြီးမှ My Lovable Girl ဟု တရားဝင် အမည်ပြောင်းခဲ့ခြင်းဖြစ် ကြောင်း၊ ရိန်းနှင့်အတူပါဝင်သရုပ် ဆောင်မည့် အခြားသရုပ်ဆောင်များ ကိုလည်း များစွာသော အေဂျင်စီ များမှ စိတ်ကြိုက်ရွေးချယ်ထားခြင်း ဖြစ်ပြီး မျိုးဆက်သစ် လူငယ်များ အတွက် ဒရာမာဇာတ်ကားတွင် ပါဝင် ခွင့်ရရှိမည့် အခွင့်အရေးသစ် ရရှိကြ မည်ဖြစ်ကြောင်း၊ ယင်းဇာတ်ကားကို စက်တင်ဘာ ၁၇ ရက်တွင် ထုတ်လွှင့် ပြသသွားရန်စီစဉ်ထားပြီး ရိုက်ကူးမှု များကို သြဂုတ်လအတွင်း စတင်သွား မည်ဖြစ်ကြောင်း သိရသည်။(မျိုးစန်္ဒာမောင်)
**လီဗာပူးခံစစ်မှူးးဖြစ်လာတဲ့ခရိုအေးရှား နောက်တန်းကစား သမားဒီဂျန်းလော်ဗရင်**
ပြီးခဲ့တဲ့ရာသီက ဖလားနဲ့ကပ်ပြီး လွဲချော်ခဲ့တဲ့ လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ အကောင်းဆုံးပွဲ ထွက်လာဖို့ ကစားသမားကောင်းတွေ ဆက်လက်ရှာဖွေနေဆဲပါ။ ဒီအထဲမှာ ခရိုအေးရှား နောက်တန်းကစား သမားတစ်ဦးဖြစ်တဲ့ဒီဂျန်းလော်ဗ ရင် လည်း အပါအ၀င်ဖြစ်ပါတယ်။ သူဟာ ကမ်္ဘာ့ဖလားမှာလည်း နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရာမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတဲ့ ခရိုအေးရှားကစားသမား ဒီဂျန်း လော်ဗရင်ဟာ ပရီမီယာလိဂ်ကလပ် ဆောက်သမ်တန်မှာ ကစားနေသူ လည်းဖြစ်ပါတယ်။ သူ့ကို လီဗာပူးက ပေါင်သန်း ၂၀ နဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ သူဟာ လီဗာပူးက ဒီနှစ်နွေရာသီမှာ ခေါ်ယူ တဲ့ ကစားသမားတွေထဲမှာ ပဉ်္စမ မြောက် ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်လာပါတယ်။
>

No comments:
Post a Comment