Photo-JACBA
ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်အတွင်းရှိ မဲဆောက်မြို့အနီး ဝှေ့မုရွာတွင်ရှိသော JAGUAR စတီး စက်ရုံရှိ မြန်မာစက်ရုံအလုပ်သမား ၈၀ ဦးက အလုပ်ချိန် အပြည့်အ၀ မရရှိသဖြင့် မဲဆောက် ထိုင်းအလုပ်သမား ရုံး(ဆ၀ါဒီကန်)ရုံးသို့ ယနေ့ သြဂုတ် ၂၉ ရက်နေ့တွင် တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါစတီးပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် ထိုင်းနှင့်မြန်မာအလုပ်သမားပေါင်း ၁၀၀ ခန့်ရှိသည့်အနက် ထိုင်း အလုပ်သမား ၂၀ သာ အလုပ်ချိန်အပြည့် လုပ်ခွင့်ပေးထားသည့်အတွက် မြန်မာအလုပ်သမားများက ထိုသို့ ပြုလုပ်ခြင်းဖြစ်သည်ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ မဲဆောက်အခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားရေး ကော်မတီ(JACBA) ဥက္ကဌဖြစ်သူ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။
“အခု သူတို့က တစ်ပတ်မှာ သုံးရက်ပဲ လုပ်ခွင့်ရတယ်။ တစ်ရက်ကို နေ့စားခ ၃၀၀ ဘတ်တော့ ပေးတယ်။ အလုပ်လုပ်ရင် ပေးတယ်။ ကျန်တဲ့ ၄ ရက်က တပြားမှ မရဘူး။ မြန်မာအလုပ်သမားတွေအတွက် စားဝတ်နေ ရေး ခက်ခဲတယ်။ အဲဒါကြောင့် အခုလို အလုပ်ရှင်အလုပ်သမား ပြေလည်အောင် ညှိနိုင်းပေးနေဆဲဖြစ်တယ်”ဟု ပြောသည်။ JAGUAR စတီး စက်ရုံတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများမှာ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး အလုပ်လုပ်ချိန် အပြည့်အ၀မရသည်မှာ လွန်ခဲ့သည့် ၄ လကပင် ဖြစ်သည်ဟု သိရသည်။
(အလုပ်မဆင်းပဲဆန်္ဒပြကြတဲ့ငွေ နဲ့ ရွှေSliver&Gold Garment Co,ltdအထည်ချုပ်စက်ရုံလုပ်သားတွေကိုအလုပ်ပြန်လုပ်ပြီးထိုင်းဥပဒေဘောင်ထဲကတောင်းဆိုဖို့  JACBAကကွင်းဆင်းဆွေးနွေး)
ထို့အပြင် စက်ရုံပိုင်ရှင်အနေဖြင့် အလုပ်သမားများအား နေစရာအတွက်ပေးထားသော်လည်း ရရှိလာသော အလုပ်သမားများ၏ နေ့စားလုပ်အားခများထဲမှ လစာဖြတ်တောက်ယူထားမှုများရှိသည့်အတွက် အခက်အခဲ ကြုံတွေ့နေရသည်ဟုလည်း ကိုဝင်းလှိုင်က ဆက်ပြောသည်။ ယခုကဲ့သို့ တိုင်ကြားမှုအတွက် မဲဆောက်ရှိ ထိုင်းအလုပ်သမားရုံးမှ အရာရှိဖြစ်သူ နန်းဆောင်လပ်ခတ်ကွန်း ကိုယ်တိုင် ကွင်းဆင်းပြီး အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များနှင့်အတူ လာမည့် စက်တာဘာလ ၂ ရက်နေ့တွင် ညှိနှိုင်းဆောင်ရွက်ပေးရန် ရှိသည်ဟု ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။
(ထိုင်းအလုပ်သမားဝန်ကြီးဌာန
အလုပ်သမားရုံးရှေ့ မှာJACBAဆရာမိုးနဲ့ ဂျဂွါစက်ရုံကိုယ်စား
လှယ်၁ဦး၊Sliver&Gold Garment Co,ltdကိုယ်စားလှယ်၃ဦး)
အလားတူ ယနေ့သြဂုတ် ၂၉ ရက်နေ့၌ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဟိုဖိုင်ရပ်ကွက်ရှိ Silver and Gold Garment အထည် ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား ၇ ဦးသည် အလုပ်ရှင်၏ အလုပ်ထုတ်ပယ်ခံရသည့်အတွက် ရရှိသင့် သော လုပ်အားခများ ပြန်လည်ရရှိရန် ထိုင်းအလုပ်သမားရုံး(ဆ၀ါဒီကန်)တွင် လာရောက်တိုင်ကြားမှုပြုလုပ်ခဲ့ သည်ဟု သိရသည်။
(JACBAယာယီဌာနချုပ်မှာမဲဆော
ပြသနာကိုဆွေးနွေးနေကြစဉ်)
မဲဆောက်ဒေသရှိ JAGUAR စတီး စက်ရုံသည် ၈ နှစ်အတွင်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား တင်းမာမှု (၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားခြင်းအတွက် ထိုင်းအလုပ်သမားရုံးမှ ဖြေရှင်းပေးရသည်မှာ ယခုအကြိမ် အပါအ၀င် ၆ ကြိမ်ရှိပြီ ဖြစ်ကြောင်း ဦးမိုးကြိုးက ပြောဆိုသည်။
+(သြဂုတ် ၂၉ ရက်၊ ၂၀၁၄ ခုနှစ်။ ကရင်သတင်းစဉ်KIC-စဖန်းရှောင်း)+
Photo-JACBA
ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်အတွင်းရှိ မဲဆောက်မြို့အနီး ဝှေ့မုရွာတွင်ရှိသော JAGUAR စတီး စက်ရုံရှိ မြန်မာစက်ရုံအလုပ်သမား ၈၀ ဦးက အလုပ်ချိန် အပြည့်အ၀ မရရှိသဖြင့် မဲဆောက် ထိုင်းအလုပ်သမား ရုံး(ဆ၀ါဒီကန်)ရုံးသို့ ယနေ့ သြဂုတ် ၂၉ ရက်နေ့တွင် တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစတီးပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် ထိုင်းနှင့်မြန်မာအလုပ်သမားပေါင်း ၁၀၀ ခန့်ရှိသည့်အနက် ထိုင်း အလုပ်သမား ၂၀ သာ အလုပ်ချိန်အပြည့် လုပ်ခွင့်ပေးထားသည့်အတွက် မြန်မာအလုပ်သမားများက ထိုသို့ ပြုလုပ်ခြင်းဖြစ်သည်ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ မဲဆောက်အခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားရေး ကော်မတီ(JACBA) ဥက္ကဌဖြစ်သူ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။
“အခု သူတို့က တစ်ပတ်မှာ သုံးရက်ပဲ လုပ်ခွင့်ရတယ်။ တစ်ရက်ကို နေ့စားခ ၃၀၀ ဘတ်တော့ ပေးတယ်။ အလုပ်လုပ်ရင် ပေးတယ်။ ကျန်တဲ့ ၄ ရက်က တပြားမှ မရဘူး။ မြန်မာအလုပ်သမားတွေအတွက် စားဝတ်နေ ရေး ခက်ခဲတယ်။ အဲဒါကြောင့် အခုလို အလုပ်ရှင်အလုပ်သမား ပြေလည်အောင် ညှိနိုင်းပေးနေဆဲဖြစ်တယ်”ဟု ပြောသည်။
JAGUAR စတီး စက်ရုံတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများမှာ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး အလုပ်လုပ်ချိန် အပြည့်အ၀မရသည်မှာ လွန်ခဲ့သည့် ၄ လကပင် ဖြစ်သည်ဟု သိရသည်။
(အလုပ်မဆင်းပဲဆန်္ဒပြကြတဲ့ငွေ နဲ့ ရွှေSliver&Gold Garment Co,ltdအထည်ချုပ်စက်ရုံလုပ်သားတွေကိုအလုပ်ပြန်လုပ်ပြီးထိုင်းဥပဒေဘောင်ထဲကတောင်းဆိုဖို့ 
JACBAကကွင်းဆင်းဆွေးနွေး)
ထို့အပြင် စက်ရုံပိုင်ရှင်အနေဖြင့် အလုပ်သမားများအား နေစရာအတွက်ပေးထားသော်လည်း ရရှိလာသော အလုပ်သမားများ၏ နေ့စားလုပ်အားခများထဲမှ လစာဖြတ်တောက်ယူထားမှုများရှိသည့်အတွက် အခက်အခဲ ကြုံတွေ့နေရသည်ဟုလည်း ကိုဝင်းလှိုင်က ဆက်ပြောသည်။ ယခုကဲ့သို့ တိုင်ကြားမှုအတွက် မဲဆောက်ရှိ ထိုင်းအလုပ်သမားရုံးမှ အရာရှိဖြစ်သူ နန်းဆောင်လပ်ခတ်ကွန်း ကိုယ်တိုင် ကွင်းဆင်းပြီး အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များနှင့်အတူ လာမည့် စက်တာဘာလ ၂ ရက်နေ့တွင် ညှိနှိုင်းဆောင်ရွက်ပေးရန် ရှိသည်ဟု ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။
(ထိုင်းအလုပ်သမားဝန်ကြီးဌာန
အလုပ်သမားရုံးရှေ့ မှာJACBAဆရာမိုးနဲ့ ဂျဂွါစက်ရုံကိုယ်စား
လှယ်၁ဦး၊Sliver&Gold Garment Co,ltdကိုယ်စားလှယ်၃ဦး)
အလားတူ ယနေ့သြဂုတ် ၂၉ ရက်နေ့၌ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဟိုဖိုင်ရပ်ကွက်ရှိ Silver and Gold Garment အထည် ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား ၇ ဦးသည် အလုပ်ရှင်၏ အလုပ်ထုတ်ပယ်ခံရသည့်အတွက် ရရှိသင့် သော လုပ်အားခများ ပြန်လည်ရရှိရန် ထိုင်းအလုပ်သမားရုံး(ဆ၀ါဒီကန်)တွင် လာရောက်တိုင်ကြားမှုပြုလုပ်ခဲ့ သည်ဟု သိရသည်။
(JACBAယာယီဌာနချုပ်မှာမဲဆော
ပြသနာကိုဆွေးနွေးနေကြစဉ်)
မဲဆောက်ဒေသရှိ JAGUAR စတီး စက်ရုံသည် ၈ နှစ်အတွင်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား တင်းမာမှု (၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားခြင်းအတွက် ထိုင်းအလုပ်သမားရုံးမှ ဖြေရှင်းပေးရသည်မှာ ယခုအကြိမ် အပါအ၀င် ၆ ကြိမ်ရှိပြီ ဖြစ်ကြောင်း ဦးမိုးကြိုးက ပြောဆိုသည်။
No comments:
Post a Comment