ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 20, 2014

==အမိုက်မှောင်===

>
အကြောင်းပြချက်တွေ ဖြေရှင်းချက်တွေ ဆင်ခြေတွေ ပေးပါတော့လား။ ဘာဖြစ်လို့ ခေါင်းကြီးငုံ့ပြီး အပြစ်ရှိသူ တစ်ယောက်လို ရေငုံနှုတ်ပိတ်နေသလဲ။ ဘာလဲ ထွက်ပေါက်တွေမရှိတော့ဘူးလား။ အကြောင်းပြချက်တွေ ရှားပါးသွား သလား။ တစ်ကယ်တော့ မပြောင်းလဲနိုင်တဲ့ ရှင့်ကို ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်ချက်တွေ ထားခဲ့မိတဲ့ ကျွန်မက ရှင့်ထက်ပိုမိုက်မဲတယ်။ အစမကောင်းခဲ့တော့ အနှောင်းလဲ မသေချာခဲ့ဘူးပေါ့။ အစကထဲက ရှင်ကကောင်းခဲ့တဲ့သူ တစ်ယောက်မှ မဟုတ်တာ။ ဒါကိုကျွန်မသိတယ်။ မျက်ကန်းတစ်ယောက်လို အချစ်ကို ရူးရူးမူးမူး ချစ်တတ်တဲ့ ကျွန်မက ရှင့်ရဲ့ အယုအယ အပြစ်အချွဲတွေကြားမှာ သူငါ့ကို တစ်ကယ်ချစ်ရှာပါလားလို့ ညဏ်နည်းစွာ ယုံမိတာ ။ ရှင့်မှာ အရည်အချင်းတွေရှိတယ်။ ပြုပြင်ပြောင်းလဲပေး လိုက်မယ်ဆိုရင် ဆိုတဲ့စိတ် အဲဒီစိတ်က ကျွန်မရဲ့ ဘ၀ကြီးတစ်ခုလုံးကို သတ်ပစ်လိုက်တာ အခုချိန်မှ နားလည်ခဲ့တယ်။ နှောင်းသွားပြီ အချိန်တွေနှောင်းခဲ့ပြီ။ ရှင်ကလည်း ချစ်စခင်စ ကြင်နာစတုန်းကတော့ဖြင့် အနေအထိုင်တွေ တယ်ပိရိခဲ့တာကိုး။ အလုပ်ဆိုလည်း ကြိုးစားလိုက်တာ။ ကျွန်မနာမည် (ထားထားမိ) ကို အဖျားစွတ်လို့ မိ ..မိ နဲ့ ပါးစပ်ဖျားကကို မချခဲ့ဘူးမဟုတ်လား။ အခြေကျ ပြီးပြည့်စုံနေတဲ့ ကျွန်မဘ၀မှာ အထီးကျန်မှုတွေ ပြည့်နှက်နေတဲ့ အချိန် ရှင် နဲ့ စတင်ဆုံဆည်းခဲ့ ရတဲ့ ကျွန်မဘ၀ရဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား ညံ့ဖျင်းလွန်းတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလား။ “သမီးရယ် သေချာစဉ်းစားပါအုန်းကွယ်။ ” ဆိုတဲ့ အမေ့ရဲ့ စိုးရိမ် မကင်းနဲ့ တောင်းပန်တိုးလျှိုးတဲ့ စကားသံ တွေကို နားမ၀င်ခဲ့ပဲ ဓါးသွားပေါ်က ပျားရည်စက်တွေကိုသာ တမ်းတမက်မောလွန်းခဲ့တဲ့ ကျွန်မ . အခုတော့ ခြေလှမ်း တွေ ကျွံခဲ့ပြီ။ သမီးပြန်နှုတ်လို့ မရတော့ဘူးအမေ။ မိသားစုတာဝန်ကို ထမ်းထားရတယ်ဆိုတဲ့ ရင့်ကျက်တဲ့ မိန်းမတစ်ယောက် အနေနဲ့ သမီးကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လွန်ကဲ သွားမိတယ်။ ခုတော့ အဲဒီယုံကြည်ချက်တွေ အားလုံး ရိုက်ချိုးခံလိုက်ရပြီ ။ ဗီဇ၀ါသနာဆိုတာ ပြုပြင်လို့မရမှန်း သိလိုက်ရတဲ့ အချိန်မှာ ကျွန်မပိုင်ဆိုင်တဲ့ အိမ်တစ်လုံးဟာ လောင်းကစား ၀ိုင်းထဲ အရည်ပျော်ခဲ့ပြီး ဖြစ်နေပြီ။ ဒါပေမယ့် ဘာမှ လုပ်လို့မရတော့ဘူး။ ကျွန်မရဲ့ ၀မ်းဗိုက်ထဲမှာ သားလား သမီး လား မသိသေးတဲ့ သားသမီးလေး ရှိနေခဲ့ပြီ။ ချစ်တဲ့စိတ်နဲ့ အော် သူ့ခင်ဗျာ အပေါင်းအသင်းတွေဆွယ် လို့ပါသွား ရှာတာ။ ရှင်ကလည်း ပြောခဲ့တယ်လေ ဒီတစ်ခါ နောက်ဆုံးပါတဲ့။ ဟောဒီဗိုက်ထဲက သားသမီးရတနာလေး အတွက် နောက်ဆို ဆင်ခြင်ပါ့မယ်တဲ့။ ကျွန်မတို့ မိန်းမတွေများလေ ချစ်စိတ်နဲ့သာ ကွယ်လိုက် အရာအားလုံးဟာ လင်တော်မောင်အတွက် ပေးဆပ် ဖို့အသင့်ဖြစ်နေတတ်ကြတယ်။ ချစ်ကြတာကိုးရှင့်။ အဲဒါကိုက မိုက်မဲတတ်တဲ့ လင်တော်မောင်တွေ အတွက် အခွင့် အရေး ကြီးတစ်ရပ်ဖြစ်နေတော့တာပဲ။ ပြီးငါ့သားသမီးလေးအတွက်ဟဲ့ အိမိထောင်တစ်ခု တည်ထောင်ပြီးမှ ပဲလေ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ မျှဝေခံစားရမှာပေါ့။ အဲဒီ အတွေးနဲ့ပဲ ကျွန်မက ရေဆန်ကိုစပြီး လှော်ခဲ့ရပြီ။ အေးအတူပူအမျှပေါ့ဆိုတဲ့ စိတ်ကလေးနဲ့ပေါ့။ ရှင်ကလဲ တော်ပါပေတယ်။ အဲဒီလောင်းကစားကလွဲရင် ရှင်ဟာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် သားကိုချစ်တတ်တဲ့ အဖေကောင်းတစ်ယောက် ဆိုတာကို ပါးပါးလှပ်လှပ် ကျွန်မ သိအောင်နေတယ်။ ရှင့်ကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ ကျွန်မရဲ့ ရေဆန်ခရီးကို ဆက်ခဲ့ရတယ်။ ရှင်ကလည်း အေးပါ မိရယ် ဒီတစ်ခါ တည်းပါ။ ကိုယ်အဲလောက်ထိ မိုက်မဲပါ့မလား သားလေးမျက်နှာ ရှိသေးတယ်တဲ့ ။ အိမ်တွင်းလှိုက်ပြီး လောင်နေတဲ့မီးဟာ ကျွန်မရဲ့ အမေဆုံးပါးသွားပြီနောက်တော့ အရှိန်ပိုရလာခဲ့တယ်။ တစ်မြေ့ မြေ့ လှိုက်လောင်နေခဲ့တာကိုး။ လောင်ပြီဆိုမှတော့ ပြိုက်ကနဲ ပြိုက်ကနဲ့ စည်းစိမ်တွေ ပြုန်းလာလိုက်တာ။ ခုနေတဲ့ အိမ်တစ်လုံးရယ် ကျွန်မရဲ့ လက်ငုပ်လက်ရင်း စီးပွားလေးရယ် အဲဒါအကုန်ပဲ။ ရှင်ဘက်ကတော့ အကြောင်းပြ ချက်တွေ ပိုပိုများလာတယ်။ လူလိမ်ခံလိုက်ရတာနဲ့ လှောင်ထားတဲ့ ပဲဈေး ထိုးကျသွားတာနဲ့ လှောင်ထားတဲ့ ဆန် ရေစိုကုန်တာနဲ့ ငွေမျော ငွေနဲ့သာ လိုက်တယ် ငွေတော့ ပြန်ပေါ်မလာခဲ့ဘူး။ ကျွန်မကိုယ်တိုင်ကလည်း ရှင့်အရေးထက် သာလေးအရေးကို ပိုပြီး ဂရုစိုက်လာရပြီ။ မတော်လို့များ သားလေး အရွယ်ရောက်ခါမှ ပညာပြည့်ပြည့်စုံစုံမသင်နိုင် သူများတွေလို တန်းတူ ရည်တူ မစားနိုင် မ၀တ်နိုင် သားလေး မျက်နှာငယ်မယ့် အရေးတွေးလို့ စိုးရိမ်ပူပန်လာရပြီ။ ရှင်က ပါးစပ်ကပဲ သားကိုချစ်တတ်တာ။ ရှင့်ရဲ့ ၀ါသနာ ရှင့်ရဲ့ ဗီဇကိုတော့ မစွန့်လွှတ်နိုင်ဘူး မဟုတ်လား။ ကျွန်မကလဲ နုံလို့ ရှင်လိမ်တာကို ခံနေခဲ့တာမှ မဟုတ်ပဲ ချစ်လွန်းလို့ ရှင့်ကို အလိုလိုက်ခဲ့တာ။ ဒီတော့ ပိုင်ဆိုင်သမျှ အားလုံးကို ကျွန်မနာမည်လွဲ အိမ်မှာတန်ဖိုး၇ှိတဲ့ ဘယ်ပစ္စည်းမှ မထားဘူး ယုတ်စွအဆုံး ခုနေတဲ့ အိမ်ပိုင်ဆိုင်မှုစာချုပ်တွေပါ အိမ်မှာမထားဘူး။ ရှင့်ကိုကြောက်လွန်းလို့။ လမ်းဘေးရောက်ခဲ့ရင် လင်ဆိုးလို့ ကျွန်မက တောင်းစားနိုင်ပေမယ့် အပြစ်မရှိတဲ့ သားလေးတော့ သူတောင်းစားလေး အဖြစ်မခံနိုင်ဘူး။ သားအတွက် ရှင့်ကိုကျွန်မ ပြန်ရင်ဆိုင်လာတယ်။ အရင်လို ခပ်လွယ်လွယ် ပိုက်ဆံမရတော့တဲ့ ရှင်ဟာ အရက်လေးသောက် အရင်က မိ မိ ဆိုတဲ့ နာမည်ဟာ ပျောက်လို့ ကောင်မ ..ကောင်မ ချင်းထပ်လာတယ်။ လင်ဆိုးမယား တစ်ဖားဖားဆိုသလို ဒူးနဲ့ မျက်ရည်သုတ်ရုံကလွဲပြီး ဘာတတ်နိုင်မှာတုန်း။ အိမ်အတွက် စီးပွားရှာရတာက တစ်ဖက် သားကတစ်ဖက် နဲ့ လင်တော်မောင်ကြီး နှိပ်စပ်သမျှ ခါးစည်းခံရတော့တာပဲ။ ပတ်ဝန်းကျင်က တော့ ပြောတာပေါ့ အရင်က မောက်မာခဲ့သမျှ ၀ဋ်လည်တာတဲ့.။ ပင်ပန်းတယ်ဆိုပေမယ့် သားအတွက်လို့ စိတ်က တင်းထားလေတော့ ကြုံသမျှ လောကဓံဆိုပြီး ခါးခါးသီးသီး မြိုချခဲ့ရတာပေါ့။ ဟင်း ဟင်း ဒင်းခုတော့ ဘာတတ်နိုင်သေးတုန်း။ ကျွန်မရဲ့ရှေ့မှာ ခေါင်းငိုက်စိုက်နဲ့ ဘာမှ ပြန်မပြောနိုင်တော့ ဘူး မဟုတ်လား။ ရေငုံနှုတ်ပိတ်နေရပြီ မဟုတ်လား။ အခန်းပြတင်းက နေရောင်ကို မော့ကြည့်လိုက်တယ် ပြီးတော့ ကျေကျေနပ်နပ်ကြီး အားရပါးရ ပြုံးပစ်လိုက်တယ်။ အိုး ..ဒီတစ်ခါ ပြုံးရတာ ကျွန်မအတွက် အကျေနပ်ဆုံးပါပဲ။ ------------- အဲဒီလို ကျေကျေနပ်နပ်ကြီး မော့ပြီး ပြုံးလိုက်တဲ့ မိန်းမဟာ ကျွန်တော့်ရဲ့ အမေပါ။ အခုတော့ သံတိုင်တွေနဲ့ ကွယ်ထားရတဲ့ အခန်းတစ်ခုထဲမှာ သူမ နေနေရတယ်။ ပြီးတော့ သူမရဲ့ ကုတင်ဘေးမှာ အရုပ်ကြီး တစ်ရုပ် ထားပေးရတယ်။ သူမက နေ့တိုင်း အဲဒီအရုပ်ကြီးကို ထိုင်ကြည့်တယ်။ သူမရဲ့ မျက်ဝန်းထဲမှာ ဒေါသတွေ ပီတိတွေ အရယ်အပြုံးတွေ စိုးရိမ် သောကတွေ အမျိုးမျိုး ပြောင်းလဲနေတယ်။ ပြီးရင် သံတိုင်တွေကာထားတဲ့ အခန်းပြတင်းပေါက်က ဖြာကျလာတဲ့ နေရောင်ကို မော့ကြည့်တတ်တယ် ပြီးရင် သူမ အားရပါးရ ပြုံးတတ်တယ်။ ကျွန်တော့်ရဲ့ အဖေလား ဒီလောကကြီးမှာ မရှိတော့ဘူး။ သူဝါသနာပါတဲ့ လောင်းကစားအတွက် သူ့အသက်ကိုသူစတေးသွားတယ်။ ကျွန်တော်ကျောင်းကပြန်လာတော့ လှေကားခြေရင်းမှာ သွေးအိုင်ထဲလဲနေတဲ့ အဖေရယ် လှေကားထိပ်ကနေ ကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ အမေရယ်။ ကျွန်တော့်ကို မြင်တော့ အမေက လှေကားထိပ်ကနေ ခပ်ဖြေးဖြေးဆင်းလာတယ်။ ပြီးကျွန်တော့် ကို ကြင်ကြင်နာနာ ယုယုယယ ဖက်ပြီး ပြောတယ်။ “အမေတို့ လွတ်မြောက်ပြီ သား” တဲ့ .…

 ---- 

Posted by ဆွေလေးမွန်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)