ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 19, 2014

=သေနတ်ကျည်ဆံများကြားမှ ငြိမ်းချမ်းရေးအသံများကြားလာရသော မြန်မာ့အရေးအား ကမ္ဘာကြီး က ရင်သပ်ရှုမောဖွယ် စောင့်ကြည့်နေသည်=

>
**ပြဿသနာတောထဲ ရင်လေးနေရသော ကမ္ဘာ့ အရေး ၊ ပထ၀ီ နိုင်ငံရေး**

 စကြာင်္ဝဌာထဲ စောင်းနေသော ကမ္ဘာကြီးသည် ၀န်နှင့်အား မမျှကာ မရပ်မနား အားသွန်ခွန်စိုက် လည်နေရသည် ။ထို့ ကြောင့် ကမ္ဘာ့ဆင့်ကဲဖြစ်စဉ်များသည် တနေရာထဲ၌ ရပ်တန့် မနေပဲ ကူးစက်ပြန့် ပွားလွယ်သော သဘောဖြင့် သူ့ သဘော သူဆောင်ကာ လူ့ ဘောင် လူ့ ၇ွာအား ကောင်းကောင်းဆိုးဆိုး ရိုက်ခတ်ခဲ့ပေသည် ။ ဆိုလိုသည်မှာ မြန်မာပြည်တွင် ( ၈၈၈၈ ) ဒီမိုကရေစီ လူထုအုံကြွမှုကြီးဖြစ်ပြီးနောက်ပိုင်း တရုတ်ပြည်တွင် တီယန်မင်၌ ကျောင်းသားလှုပ်ရှားမှုဖြစ်ကာ ဥရောပနိုင်ငံများဖြစ်သော ပိုလန် ။ဟန်ဂေရီ ၊ချက်ကို စလိုဗက်နိုင်ငံများတွင် ဆိုရှယ်လစ်ဝါဒဆန့် ကျင်ရေးများဖြစ်လျက် နောက်ဆုံး၌ ဂျာမဏီတွင် ဘာလင်တံတိုင်းကြီး ပြိုကျခဲ့ပေသည် ။ မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း အာရပ်နွေဦးအဖြစ် အဖိနှိပ်ခံ လူထုလှုပ်ရှားမှုများ တူနီးရှား ၊အီဂျစ် ၊ဆီးရီးယား စသော အာဏာရှင်နိုင်ငံများ၌ ဖြစ်ပွားခဲ့သည် ။ ကမ္ဘာကြီးတွင် နိုင်ငံရေး ၊ စီးပွားရေး ၊လူမျိုးရေး ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအပြင် လူမှုရေး အပါအ၀င် ယဉ်ကျေးမှု ဓလေ့ထုံးစံ ဘာသာစကားများသည် ပထ၀ီ နိုင်ငံရေးအရ ယခင်တုန်းကလို တစ်နိုင်ငံထဲ အထီးကျန်စွာ သီးခြားရပ်တည်၍ မဖြစ်နိုင်လောက်အောင် ခေတ်မီသော ဆက်သွယ်ရေးနည်းပညာရပ်များမှ တွန်းပို့ နေပေသည် ။ဖေ့ ဘုတ် Face Book အပါအ၀င် လူမှုကွန်ယက်များအား အသုံးပြုကာ လူထု ကျန်မားရေး ပညာရေး လူကုန်ကူးမှုတိုက်ဖျက်ရေး ကလေးအလုပ်သမား အသိပညာပေးမှုများသာမက စီးပွားရေးဆိုင်ရာ အချက်အလက်များနှင့်တကွ လူထု၏ အလုပ်အကိုင်ရှာဖွေရေး၊ပါတီ၏ ရွေးကောက်ပွဲ မဲဆွဲစည်းရုံးရေးအထိ တိုးတက်သောတိုင်းပြည်များတွင် ကျယ်ကျယ်ပြန့် ပြန့် ခေတ်မီဆက်သွယ်ရေးအား အကျိုးရှိစွာ အသုံးချနေကြပေသည် ။ အမေရိကန်နှင့် တရုတ်နိုင်ငံအကြား အပြန်အလှန် စီးပွားရေး ကုန်သွယ်မှုများ တိုးတက်နေရာ မြန်မာပြည်၏ နိုင်ငံရးတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအား နှစ်နိုင်ငံလုံးမှ လိုလားပေသည် ။မြန်မာပြည်မှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံအား တင်ပို့ နေခြင်းသည် တရုတ်ပြည်အကျိုးစီးပွားသာမက တရုတ်ပြည်တွင် ဘီလီယံပေါင်းများစွာ ရင်းနှီးမြုပ်နှံထားသော အမေရိကန်၏ အကျိုးစီးပွားကိုလည်း တနည်းတဖုံ အကျိုးပြုနေပေသည် ။ Globalization ကမ္ဘာ့ရွာအဖြစ် ဖြစ်တည်ခြင်းကို ကောင်းမွန်စွာ အသုံးချတတ်ပါက စီးပွားရေး ဖြစ်ထွန်းမှု၏ ကောင်းကျိုးရလဒ်ကို ကောင်းမွန် သန့် ရှင်းသော အစိုးရများ အုပ်ချုပ်သော တိုင်းပြည်များမှ ခံစားရမည် ဖြစ်သလို နိုင်ငံအချင်းချင်း ကုန်သွယ်မှုသည် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင် ဖြစ်တည်မှုကို ဖော်ဆောင်ရာရောက်ကာ စစ်အေးခေတ်က ကဲ့ သို့ လက်ဝဲ လက်ယာ နိုင်ငံရေး အားပြိုင်မှုမှသည် စစ်ပွဲသို့ ဦးတည်သွားရာလမ်းကြောင်းကို အလျင်အမြန် တွန်းပို့ မည်မဟုတ်သည်မှာ သေချာပေသည်။ မလေးရှား လေယာဉ်အား ယူကရိန်းရှိ ရုရှားလိုလားသော ခွဲထွက်ရေးသမားများမှ ပစ်ချခဲ့မှုအပါအ၀င် ရုရှားမှ ပါဝင်ပါတ်သက်နေသော ယူကရိန်းပြည်နယ် ခွဲထွက်ရေးကိစ္စရပ်များကြောင့် နိုင်ငံတကာမှ ရုရှားကို စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့ မှုများလုပ်ဆောင်ရာ ရုရှားပြည်သူများအပါအ၀င် အစိုးရနှင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် များ အထိနာခဲ့ပေသည် ။ အီရန် ၊ အီရတ် အရှေ့ အလယ်ပိုင်းအရေးမှသည် ယူကရိန်းနှင့် ရုရှားအရေးသည် ကမ္ဘာ့စီးပွားရေးအပါအ၀င် ရေနံ ဈေးကွက်ကို တိုက်ရိုက်ထိခိုက်စေသည်ဟူသော သုံးသပ်ချက်များအပြင် လက်ရှိဖြစ်ပွားနေသော ပါလက်စ္စတိုင်း ၊အစ္စရေးစစ်ပွဲများသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်စေကာ အမေရိကန် အပါအ၀င် အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးအတွက် ခေါင်းချင်းဆိုင် အဖြေရှာ နေကြရပေသည် ။ ထိုနည်းတူစွာ Globalization ကမ္ဘာ့ရွာ ၏ အနာဂတ်အလားအလာသည် ပိုမိုကျယ်ပြန့် လာရာ ဥရောပတွင်ဖြစ်ပွားခဲ့သော ဂရိနိုင်ငံ၏ ကြွေးမြီတင်ရှိမှုသည် ကမ္ဘာ့ဘဏ်ကိုသာမက ဥရောပယူနီယံကို ခေါင်းကိုက်စေသည့်အပြင် ထိုင်းနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှု ၊ အာဖရိကမှ Ebola ရောဂါ ပြန့် ပွားမှု ၊ အမေရိကန် Missouriပြည်နယ်တွင် ဖြစ်ပွားသော လူထုနှင့် ပြည်သူ့  ရဲ အဓိကရုဏ်း ၊တရုတ် နှင့် ဂျပန်နိုင်ငံတို့ ၏ အငြင်းပွားနေရသော ဆန်ကကူကျွန်း ( Senkaku Islands ) ၊ မြန်မာပြည်၏ အာဆီယံဥက္ကဌတာဝန်ယူမှုမှသည် တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးမှသည် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအထိ စသော ကိစ္စအရပ်ရပ်သည် တစ်ခုစီ တကန့် စီ သီးခြားဖြစ်တည်နေခြင်း မဟုတ်တော့ပဲ တနည်းမဟုတ် တနည်း တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပတ်သက်နေပါသည် ။ ISIS ( the Islamic State of Iraq and Syria (ISIS အစ္စလာန်သာသာရေးအစွန်းရောက်များမှ ဆီးရီးယားနိုင်ငံနှင့် အီရတ်နိုင်ငံတွင် နယ်မြေတစ်ချို့ ကိုသိမ်းပိုက်ကာ သီးခြားနိုင်ငံအဖြစ်ထူထောင်လိုမှုတွင် အဆိုပါ အစ္စလာန်သာသာရေးအစွန်းရောက်အဖွဲ့ သည် အဖွဲ့ ဝင်များကို အင်တာနက် Face Book များမှတဆင့် စုဆောင်းခဲ့ရာ အမေရိကန် ၊ အင်္ဂလန် ၊ ကနေဒါ ၊ ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ လူငယ်လူရွယ်များ ၄င်းအဖွဲ့ အား သွားရောက်ပူးပေါင်းကြရာ ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးကို ထိခိုက်မှုရှိရာ ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရများသည် ပူးပေါင်းဆောင်ရွက် ဖြေရှင်းနေရပေသည် ။ 

**လမ်းကြောင်းမှန်ပေါ် တွန်းတင်နေရသော မြန်မာ့နိုင်ငံရေး** 

ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် အာဏာရှင်များ ကျဆုံးခန်းသည်လည်း တောမီးပမာ ကူးစက်ခဲ့ရာ ဖိလစ်ပိုင်မှ မားကို့ စ် ၊ အင်ဒိုနီးရှားမှ ဆူဟတ်တို ၊ အီရတ်မှ ဆာဒမ် ဟူစိန် ၊ လစ်ဗျားမှ ကဒါဖီ တို့ တစ်ယောက်ပြီး တစ်ယောက် ကမ္ဘာ့ မြေပြင်မှ ပျောက်ကွယ်ခဲ့ရာ အချိန်မရွေး မြန်မာအာဏာရှင်တွေ အလှည့်ကျလာနိုင်ပေရာ မြန်မာပြည်သည် ပြုပြင်ပြောင်းလဲရေးမှ တစ်ပါး အခြားနည်းလမ်း မရှိပေပြီ ။ မြန်မာစစ်အာဏာရှင်များ ကျေးဇူးတင်သင့်သည်မှာ လူထုအုံကြွမှုအစား အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့သော မြန်မာ့အတိုက်အခံ ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ ကျောင်းသားခေါင်းဆောင်များအပြင် အီရတ် ၊ အာဖကန်နစ္စတန် ၊ဆီးရီးယားမှာကဲ့သို့  ဆူစိုက်ဗုံးသမားများဖြင့် မြို့ တွင်းတိုက်ပွဲများ မဆင်နွှဲသော တိုင်းရင်းသား လက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ ဖြစ်ကြောင်း ဒီနေရာက အသိပေးပြောကြားလိုပါသည် ။ အတိတ်ဖြစ်စဉ်ဖြစ်သော ၁၉၈၈ မှ ၂၀၁၀ အထိ နှစ်ပေါင်း ၂၀ ကျော်ကာလတွင် မြန်မာပြည်၌ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိပဲ ထင်ရာဆိုင်းအုပ်ချုပ်သော မြန်မာအစိုးရအတွက် အာဆီယံမှ အပြုသဘောဆောင်သော စေ့စပ်ညှိနှိုင်းရေးမူဝါဒ (ASEAN's Constructive Engagement Policy Toward Myanmar (Burma) များချမှတ်ကာ အာဆီယံသည် မြန်မာအစိုးရအား ချော့တကာ ခြောက်တလှည့် ပေါင်းသင်းဆက်ဆံခဲ့ရသည် မှာ မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံများ အနေဖြင့် နိုင်ငံရေးအရ အပမ်းကြီးခဲ့ရပေသည် ။ အာဆီယံသည် မြန်မာနိုင်ငံအား အလှည့်ကျ ဥက္ကဌအဖြစ် ယုံယုံကြည်ကြည်ပေးအပ်သည်ကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ရမည်မှာ လက်ရှိမြန်မာအစိုးရ၏ တာဝန်ဖြစ်သည့် အားလျော်စွာ သတင်းသမားများအားဖမ်းဆီးထောင်ချခြင်း ၊ လယ်ယာမြေများအား အဓမ္မသိမ်းပိုက်ကာ လယ်သမားများအား ထောင်ချခြင်း ၊ လာပ်ပေးလာပ်ယူမှုများဖြင့် ခ၇ိုနီများနှင့် ပလူးပလဲလုပ်နေခြင်း ၊ နယ်မြေပေါင်းစုံတွင် တလ တစ်မျိုးမရိုးရလေအောင် ဖြစ်ပွားနေသော ပဋိပက္ခများသည် မြန်မာပြည်အတွက် ဆိုးကျိုးပုံရိပ်များ ဖြစ်ပေါ်စေပါသည် ။ စစ်ပွဲများနေရာတွင် ငြိမ်းချမ်းရေး တံတားထိုးခြင်းကို စီးပွားရေးအမြင် နိုင်ငံရေးအမြင်ရှိသူတိုင်း ၀မ်းမြောက်ဝမ်းးသာ လက်ခံသည်မှာ သဘာဝကျပေမည့် စစ်ပွဲများကြားတွင် စီးပွားရေးလုပ်ငန်းများ ရင်းနှီးလုပ်ဆောင်ရန် လက်နက်ပွဲစားများမှ လွဲ၍ စီးပွားရေးအမြင်ကျဉ်းသော ရူးသွပ်သော အစိုးရများ ကမ္ဘာပေါ်၌ အနည်းအကျဉ်းသာရှိသည်ကို ဂရုပြုရပေမည် ။ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်သည် ပွင့်လင်းရာသီ ရောက်လျှင် ထိုးစစ်များဆင်ပြီး တိုင်းပြည်၏ နိုင်ငံရေး ပြဿနာကို စစ်ရေးဖြင့် အဖြေရှာရန် ကြိုးစားခဲ့ပေသည် ။တဖက်နှင့် တစ်ဖက် အမြစ်ပြတ် ချေမှုန်းရေးသည် အိမ်မက်တစ်ခုလို သမိုင်းတွင် ချန်ထားသင့်သည့် အချိန်အခါရောက်ပေပြီကို နှစ်ဖက်လုံးမှ သဘောပေါက် နားလည်ကောင်း နားလည်လာနိုင်သည်မှာ အဆိုးထဲမှ အကောင်းဟုဆို၇ပေမည် ။ကမ္ဘာစစ်ကြီးများသည်ပင် နောက်ဆုံးတွင် စားပွဲဝိုင်း၌ အဆုံးသတ်ရကြောင်း ကမ္ဘာ့သမိုင်းတွင် အထင်အရှားပြသလျက် ရှိနေပေသည် ။ စစ်အစိုးရအဆက်ဆက်မှသည် အမွေဆိုးဖြစ်သော စစ်အသုံးစားရိတ်များစွာ သုံးဖြုန်းနေုမှုကို ယနေ့ လက်ရှိဦးသိန်းစိန် အစိုးရမှ အမွေဆက်ခံကာ ပညာရေး ၊ကျန်းမာရေး အသုံးစားရိတ်ထက် စစ်ရေးတွင် အဆမတန် သုံးစွဲ နေစဲဖြစ်သည်ကို စိတ်မကောင်းဖွယ်တွေ့ မြင်နေရသည် ။ မြန်မာစစ်တပ်သည် စစ်ဆင်ရေးလမ်းကြောင်းတစ်လျှောက် တိုင်းရင်းသားပြည်သူများအား မထင်ရင်မထင်သလို ဖမ်းဆီး ပေါ်တာဆွဲ မုဒိမ်းကျင့် သတ်ဖြတ်စသော လူ့ အခွင့်အရေးချိုးဖောက်မှုများဖြင့် မကောင်းသည့်ဖက်မှာ ကမ္ဘာကျော်ခဲ့သဖြင့် ရမ်ဘိုမင်းသား စတားလုံးမှ ဟောလိဝုဒ်၌ ရုပ်ရှင် ရိုက်ကူးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပေသည် ။ မြန်မာစစ်တပ်ကို ဦးဆောင်သူများ၏ စစ်အတွေးအခေါ်ကို ပြောင်းလဲ သည်လား မပြောင်းလဲသည်လား မသေချာပေမည့် နိုင်ငံရေးအတွေးအခေါ် သံတမန်ရေး အပါအ၀င် လူထုစည်းရုံးရေးတွင် အစွမ်းကုန်အားနည်းနေသည်ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်သော ခ၇ီးစဉ်က သက်သေ ပြသခဲ့ပေသည် ။မြန်မာ့ ဒီမိုကရေစီ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံေ၇ီးခရီးစဉ်တွင် ထိုင်ငံသို့ ရောက်ရှိနေသော မြန်မာ အလုပ်သမားများ၊ထိုင်းမြန်မာနယ်စပ်ဒေသရှိ တိုင်းရင်းသား မြန်မာ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များနှင့် တွေ့ ဆုံလျက် လူထုနှလုံးသားကို ဆုပ်ကိုင်ကာ ပြည်သူ့ မေတ္တာကို အရယူနိုင်ခဲ့ပေသည် ။သို့ သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်ငံသို့ ရောက်ရှိနေသောမြန်မာ ပြည်သူလူထုနှင့် တွေ့ ဆုံမှုမရှိပဲ ထိုင်းအာဏာသိမ်းခေါင်းဆောင်များနှင့် တွေ့ ဆုံကာ ထိုင်းစစ်တပ်မှ အာဏာသိမ်းမှုကို ထောက်ခံသလို လေသံပစ်ခဲ့ပေသည် ။ထိုင်းနိုင်ငံသည် စစ်တပ်အာဏာသိမ်းမှုအောက်တွင် တစ်သက်လုံးနေထိုင်မည့် နိုင်ငံမဟုတ်သည့် အားလျော်စွာ တစ်ချိန်ချိန်တွင် ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပကာ အဆိုပါရွေးကောက်ပွဲမှတက်လာသော အစိုးရသည် အာဏာသိမ်း ထိုင်းစစ်တပ်ကို ထောက်ခံခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ်ထားမည့် သဘောထားသည် အနာဂတ်၌ စိတ်ဝင်စားဖွယ်ဖြစ်မည်မှာ အမှန်ပင်ဖြစ်ပါသည် ။ ကနေဒါနိုင်ငံတွင်မူ လစ်ဗရယ်ပါတီ ( Liberal Party )အာဏာရစဉ်က ထိုအချိန်က လစ်ဗရယ်ပါတီ ခေါင်းဆောင် ကနေဒါဝန်ကြီးချုပ် ဂျွန်ခရစ်ရှန်သည် အမေရိကန်နှင့်ရန်ဖက် ဂျူးဘားသမ္မတ ကစ်စရိုကို ကမ္ဘာကြီးမှ ၀ိုင်းပယ်ထားသည့်ကြားမှ သံရေးတမန်ရေးဖြင့် နွေးနွေးထွေးထွေးဆက်ဆံခဲ့ရာ ၄င်း၏ နိုင်ငံရေးပုံရိပ်သည် အထိနာခဲ့သည် ဆိုလျှင်မမှားပါ ။အဘယ်ကြောင့်ဆိုသော် ကနေဒါနိုင်ငံတွင် ယခင်က ရွေးကောက်ပွဲ၌ မဲအများဆုံးရကာ ဖယ်ဒရယ်အစိုးရဖြစ်ခဲ့သော လစ်ဗရယ်ပါတီသည် ပါတိကြီး ( ၄ ) ခုတွင် ယခုအခါ လူကြိုက်အနည်းဆုံးပါတီအဖြစ် ရပ်တည်နေပေသည် ။ မည်သို့ ပင်ဆိုစေကာမူ သမ္မတ ဦးသိန်းစိန် ၊ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းအပါအ၀င် နိုင်ငံတကာရှိသံရုံများမှ သံအမတ်ဆိုသူများသည် ပြည်ပနိုင်ငံများသို့ ရောက်ရှိစဉ် နိုင်ငံတကာရောက် မြန်မာပြည်သူလူထုနှင့် ဆက်ဆံထိစပ်မှုများ အားနည်းနေခြင်းကြောင့် ကိုမောင်မောင်ဝမ်းလို အခမဲ့ပညာသင်ပေးမည့် ကျောင်းဆရာ၏ တိုင်းပြည်အပေါ်ထားသည့် သဘောထားမှန်ကို မသိပဲ ပြည်နှင်ဒဏ်ပေးသလို အဖြစ်များဖြစ်ပေါ်ခဲ့ကာ မြန်မာအစ်ုးရ၏ ပြုပြင်ပြောင်းလဲရေးကို အယုံအကြည်နဲမှုများပြည်ပရှိ မြန်မာပြည်သူလူထုကြားတွင် အမှန်တကယ် ဖြစ်ပေါ်နေရပါသည် ။အစိုးရနှင့် အတိုက်အခံအကြားတွင် ပွင့်လင်းမြင်သာမှုမှသည် ယုံကြည်မှုကို အပြန်အလှန်တည်ဆောက်နိုင်မှသာ အနာဂတ်သည် သာယာလှပကာ မြန်မာလူမျိုးဖြစ်ရမှုကို ကမ္ဘာပေါ်တွင် ဂုဏ်ယူနိုင်ပေမည် ။ ဘုန်းကြီးများကို လူဝတ်လဲပြီး ဖမ်းဆီးထောင်ချတာ ကမ္ဘာမှာ ငါတို့ မြန်မာပြည်တပြည်ထဲရှိသည်ဟုဆိုကာ လူမိုက်လို မည်သူမျှ လက်မ မထောင်လိုပါ။ 

**အတွေးမမှားစေဖို့ ရွေးကောက်ပွဲ သင်ခန်းစာ** 

 ရွေးကောက်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံေ၇းပါတီတိုင်း သည် ရွေးကောက်ပွဲ အောင်နိုင်ရေး အပါအ၀င် ပါတိနိုင်ငံရေးတွင် မူဝါဒများ ထားရှိမှုသည် လွန်စွာမှ အရေးကြီးပေသည် ။ ပါတီတရပ် အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရပါက မည့်သည့် မူဝါဒများဖြင့် တိုင်းပြည် ( သို့ မဟုင်္တ် ) ပြည်နယ်၏ တိုးတက်ရာ တိုးတက်ကြောင်းကို မည်သို့ မည်ပုံလုပ်ဆောင်မည့် မူဝါဒများ ၊ရည်မှန်းချက်များ လုပ်ငန်းစဉ် များ ရှိရမည့် နည်းတူ ရွေးကောက်ပွဲ ရလဒ်တွင် မဲအပြတ်အသတ် မနိုင်ပဲ ညွှန်ပေါင်းအစိုးရ အဖြစ် ဖွဲ့ ခွင့်ရပါက မိမိပါတီနှင့် မူဝါဒခြင်းနီးစပ်သော မည်သည့် ပါတီဖြင့် ပူးပေါင်းကာ အစိုးရ ဖွဲ့ သင့်ကြောင်း သုံးသပ်ချက်များရှိရမည့် နည်းတူေ၇ွးကောက်ပွဲ တွင်ရှုံးနိမ့်ပါကလည်း ပါတီကို မည်သို့ ပြင်ဆင်ဖွဲ့ စည်းရမည့် နည်းလမ်းကောင်းများ ပါတီတွင် ကြိုတင် ဆွေးနွေး သုံးသပ်ကာ မူဝါဒများ ချမှတ်ထားရှိရပေမည် ။ ရွေးကောက်ပွဲအား တိုင်းပြည်တွင် ( ၄ ) နှစ်တစ်ကြိမ် ( သို့ မဟုတ် ) ( ၅) နှစ်တစ်ကြိမ် တိုင်းပြည်၏ ဖက်လိုက်မှုမရှိသော ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းစည်းကမ်းပေါ်မူတည်ပြီး ကျင်းပမြဲဖြစ်ရာ တစ်ကြိမ်ကြိမ်တွင် အနိုင်၇ရေးအတွက် နည်းဗျူဟာ မဟာဗျူဟာများကို တရားနည်းလမ်းကျစွာ ပြင်ဆင်ထားမှုသည် ပါတီတိုင်း၏ အရေးကြီးသော လမ်းစဉ်များ ဖြစ်ပေသည် ။ရွေးကောက်ပွဲ အား အနိုင်၇ရန် အောက်လမ်းနည်းများဖြင့် ကလိမ်ကကျစ်လုပ်မည် ၊ မိမိပါတီ မနိုင်ပါက အာဏာလွှဲမပေးဘူး စသော ကျဉ်းမြောင်းသော အမြင်သဘောထားများသည် တိုင်းပြည်၏နိုင်ငံရေးအား ဆိုးကျိုးများဖြစ်ကာ တိုင်းပြည်အားချောက်ထဲ ကန်ချသလို ဖြစ်တတ်ကြောင်း အတိတ်က သင်ခန်းစာ ယူသင့်ပါသည် ။ ဒီမိုကရေစီကို စနစ်တကျ ကျင့်သုံးသော တိုင်းပြည်များတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ရလဒ်ကို တန်ဘိုးထားကာ ဒီမိုကရေစီ ကျင့်စဉ် အား ပါတီတိုင်းမှ လိုက်နာကျင့်သုံးခြင်းအားဖြင့် ရွေးကောက်ပွဲ ပြီးတိုင်း တည်ငြိမ်သော နိုင်ငံရေး အခင်းအကျဉ်းတွင် အနိုင်ရပါတီမှ တိုင်းပြည်နှင့် လူထု ကောင်းစားရေးကို တင်းပြည့်ကျပ်ပြည့် လုပ်ဆောင်နိုင်ပေသည်။ ကမ္ဘာ့ရွာတွင် နေထိုင်နေသည့် အားလျော်စွာ ပါတီနိုင်ငံရေး ဖြစ်စေကာမူ ပါတီ၏ စီးပွားရေး ၊နိုင်ငံရေး ရည်မှန်းချက်များသည် ကမ္ဘာ့စီးပွားရေး နိုင်ငံရေး အမြင်များထားရှိကာ တိုင်းပြည်နှင့် လူမျိုး ၏တိုးတက်ရာ တိုးတက်ကြောင်းကိုလုပ်ဆောင်ခြင်းအားဖြင့် ပြိုင်ဖက်သည်ေ၇ွးကောက်ပွဲယှဉ်ပြိုင်သော ပါတီများဖြစ်ယုံမက တခြားနိုင်ငံများ လူမျိုးများနှင့်လည်း ယှဉ်ပြိုင်ရန် အဆင့်သင့်ဖြစ်အောင် တည်ဆောက်ထားသလို ဖြစ်နေပေသည် ။ အတိုက်အခံများကို ထောင်ထဲ ထည့်ကာ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးသည် အနာဂတ် မြန်မာ့နိုင်ငံရေးတွင် အဓိက ကျနေဦးမည်ဖြစ်သလို စစ်တပ်ကို အနာဂတ်နိုင်ငံရေးတွင် တဖြည်းဖြည်းဆွဲထုတ်ကာ ရွေးကောက်ပွဲတွင် အနိုင်ရပါက စစ်တပ်ကို စစ်တမ်းလျားပြန်ပို့ ပါမည် ဟူသော စစ်ခေါင်းဆောင်များ မြန်မာ့နိုင်ငံရေး၌ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အထူးလိုအပ်နေပါသည် ။အမေရိကန် သမ္မတ အိုဘားမား၏ ပထမသက်တမ်းရွေးကောက်ပွဲ တွင် အနိုင်ရမှုသည် သူအနိုင်ရပါက အမေရိကန်စစ်တပ်ကို အီရတ်မှ ပြန်ခေါ်မည်ဆို ခြင်းသည် စီးပွားရေးကျဆင်းကာ ငြိမ်းချမ်းရေးလိုလားသော အမေရိကန်လူထုအား အရေးပါသော မက်လုံးတစ်ခု ဖြစ်စေခဲ့သည် ။ အမေရိကန် သမ္မတ အိုဘားမားသည် ရွေးကောက်ပွဲ ကတိစကားအတိုင်း အမေရိကန်စစ်တပ်ကို အီရတ်မှ ပြန်ခေါ်ကာ တိုင်းပြည်စီးပွားရေးကို ဦးစားပေးကာ လူထုအတွက် အလုပ်အကိုင်ဖန်တီးရေးများသည် ဒုတိယသက်တမ်းအရွေး ခံရမှု၏ သော့ချက်များ ဖြစ်ခဲ့ပေသည် ။ မြန်မာပြည်တွင်မူ အစိုးရ ခေါင်းဆောင်ဆိုသူများသည် ကတိတွေပေးကာ လေထဲပျောက်သွားတတ်သောကြောင့် ပြည်သူလူထုသည် သန့် ရှင်းသော အစိုးရကို အမှန်တကယ် မြင်တွေ့ လိုသော်လည်း လာပ်ပေးလာပ်ယူ အမတ်များ ၀န်ကြီးများကို လွှတ်တော်တွင် ခေါင်းပေါင်း တလူလူဖြင့် မြင်တွေ့ နေရစဲ ဖြစ်သည် ။ မြန်မာ့နိုင်ငံရေးတွင် ၂၀၁၄ နှစ်ကုန်ပိုင်း၌ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် နိုင်ငံရေး ပါတီများကြား အားစမ်းသည့် ပွဲဖြစ်မည်သာမက ၂၀၁၅ သည် အရေးပါသည့် နှစ်ဖြစ်ပေသည် ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လစ်လျူရှုသည့် မြန်မာ့ သမိုင်းဆိုးမျိုး ထပ်မံ မဖြစ်ပွားစေရန် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ရလဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊သမ္မတ ဦးသိန်းစိန် ၊ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မှ လေးပွင့်ဆိုင် တွေ့ ဆုံကာ အနာဂတ် မြန်မာ့နိုင်ငံရေးအား အကြေအလည် ညိုနှိုင်းထားသင့်ကြောင်း သမ္မတ အကြံပေးများအပါအ၀င် အားလုံးကို အကြံပေးချင်ပါသည် ။ ဆီးဂိမ်းကို အောင်မြင်စွာ ကျင်းပခဲ့သည့် နည်းတူ ယနေ့ မြန်မာပြည်သည် နိုင်ငံရေးပြဿသနာကို နိုင်ငံရေးနည်းဖြင့်အဖြေရှာကာ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးအား တတိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးမှတဆင့် ဖော်ဆောင်နေမှုသည် အားရစရာကောင်းကြောင်း သေနတ်ကျည်ဆံများ ယမ်းငွေ့ များကြားမှ ငြိမ်းချမ်းရေးအသံများကြားလာရသည် ။ ဒီမိုကရေစီ ရေး ၊လူ့ အခွင့်အရေးများကို လေးစားတန်ဘိုးထားကာ တိုင်းရင်းသားအရေး ကိုယ်ပိုင်ပြဌာန်းခွင့်များအပေါ် လက်ရှိအစိုးရမှ ဆွေးနွေးလက်ခံလာမှုသည် အမှောင်ထဲ အိမ်မောကျနေသောတိုင်းပြည်၏ တာထွက်ကောင်းသော ခြေလှမ်းများဖြစ်နိုင်ချေ ရှိသည်ဟု ကမ္ဘာ့နိုင်ငံများမှ မြန်မာ့အရေးကို ရင်သပ်ရှုမောဖွယ် စောင့်ကြည့်နေပေသည် ။

 +အောင်ခိုင်မြင့်+

 (၁၉ သြဂုတ်လ ၂၀၁၄)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)