ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 20, 2014

*တစ်နေ့ တည်းနဲ့ အောင်ပွဲရခဲ့တဲ့မဲဆောက်မြို့ ကငွေ နဲ့  ရွှေ အထည်ချုပ်စက်ရုံလုပ်သား (၁၂၀)ပါလားဟရို့ *

>

== မဲဆောက်မြို့ ငွေနှင့် ရွှေ အထည်ချုပ်စက်ရုံမှာ အလုပ်သမားပြဿသနာဖြစ်ပွား၊ လက်မှတ်သစ်လုပ်ရန် (၂၀၈၀) ဖြတ်တောက်ရာမှ စတင် == 

+(သြဂုတ်လ၂၀ရက်-၂၀၁၄-သောင်ရင်းနဂါး)+

 ထိုင်း- မြန်မာနယ်စပ် တာ့ခ်ပြည်နယ် (တာ့ခ်ခရိုင် )မဲဆောက်မြို့၊ ဟိုဖွိုင်ရပ်ကွက်ရှိ ငွေနှင့် ရွှေ အထည်ချုပ်စက်ရုံ (Sliver & Gold Garment Co, Ltd) မှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၀ ခန့်တို့သည် ယနေ့အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

 (ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင် အလုပ်သမားကာကွယ်ရေးရုံးမှာSliver&Gold Garment Co,ltdပြသနာကိုနှစ်ဘက်သဘောတူစာချုပ်ပြုလုပ်နေကြစဉ်)
အဆိုပါစက်ရုံမှ အလုပ်သမားကိုယ်စားလှယ် (၇) ဦးတို့က မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ၏ ကြီးကြပ်မှုဖြင့် မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားကြီးကြပ် ကာကွယ်စောင့်ရှောက်ရေးရုံး (LPO) သို့ ယနေ့ မွန်းလွှဲပိုင်းတွင် ဆက်သွယ်အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။ အလုပ်ရှင်ဖြစ်သူ ထိုင်းတရုတ်လူမျိုး “မစ္စတာဂျင်ခိုင်”နှင့် စက်ရုံမှ တာဝန်ရှိသူများကို မဲဆောက်မြို့ LPO ရုံး၏ ဦးစီးအရာရှိက ဆင့်ခေါ်ပြီးနောက် မဲဆောက်မြို့ LPO ရုံးမှာပင် အစိုးရရုံး၊ အလုပ်ရှင် အလုပ်သမားနှင့် စီဘီအိုအဖွဲ့လေးပွင့်ဆိုင် ညှိုနှိုင်းဖြေရှင်းခဲ့ကြခြင်း ဖြစ်သည်။

(ဒီနေ့ မဲဆောက်မြို့ ကငွေ နဲ့  ရွှေ အထည်ချုပ်စက်ရုံလုပ်သား (၁၂၀)ရဲ့ တိုက်ပွဲပါ-စက်ရုံဝင်းထဲမှာအမျတ်တရ)

 ငွေနှင့် ရွှေ (Sliver & Gold) အထည်ချုပ်စက်ရုံတွင် သောက်ရေနှင့် သုံးရေရှားပါးမှု၊ ယ္ခုလက်ရှိ ထိုင်းကောင်စီ၏ အစီအစဉ်ဖြင့် အလုပ်သမားလက်မှတ်အသစ်များ ပြုလုပ်ကြရာ ကုန်ကျစရိတ် (၃၀၈၀) ဘတ် အနက် တစ်ခတည်းနှင့်(၂၀၈၀) ဘတ် ဖြတ်တောက်သဖြင့် ပြဿသနာဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း အလုပ်သမားကိုယ်စားလှယ် မသိင်္ဂီက ပြောသည်။ မသိင်္ဂ က “သောက်ရေ၊ သုံးရေ အခက်အခဲဖြစ်တာ ၂ နှစ်ကျော်ပြီ။ ရေချိုးချင်ရင် စက်ရုံကနေ တခြားရွာကိုသွားချိုးကြရတာရှိတယ်။ ရေအခက်အခဲအပြင် လက်မှတ်သစ်လုပ်ဖို့ဆိုပြီး (၂၀၈၀) ဘတ်ကို တစ်ခါတည်း ဖြတ်တောက် ပစ်လိုက်တာက အဆိုးဆုံးပဲ။ သမီးတို့လစာက ၃၀၀၀ ဘတ်နဲ့ ၄၀၀၀ ဘတ်ကြားပဲ ရတာများတော့ ၂၀၈၀ ဘတ်ဖြတ်ရင် ဘာနဲ့ သွားစားကြမှာလဲ” ဟု ရှင်းပြသည်။

(မဲဆောက်မြို့ ကငွေ နဲ့ ရွှေSliver&Gold Garment Co,ltdအထည်ချုပ်စက်ရုံလုပ်သားတွေကိုထိုင်းအလုပ်သမား ၀န်ကြီးဌာနရုံးအပြင်ဘက်မှာသူတို့ ချစ်စနိုးခေါါ်ကြတဲ့*ဆရာမိုး* နဲ့ ဒေါါ်လှသိန်းJACBAအဖွဲ့ ကဥပဒေဘောင်ထဲကပြောဆို တတ်စေရေးသင်ကြားပေးနေပုံ)

ဆက်လက်ပြီး အလုပ်သမားကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မောင်ရဲလင်းအောင်ကလည်း “စက်ရုံမှာ ကျန်းမာရေးမကောင်းလို့ ဆရာဝန်ခေါ်ရင် ဆရာဝန်ကို မောင်းထုတ်တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မကြယ် စင်ဆိုတဲ့ မိန်းကလေး ၁ ဦး အလုပ်လုပ်ရင်းမူးလဲတာကို အလုပ်ရှင်ရှိနေပါရက်နဲ့ ဆေးရုံကို လိုက်မပို့ပေးတဲ့အပြင် မောင်းထုတ်ခဲ့တယ်။ မောင်စိုးပိုင်ဆိုတဲ့ အလုပ်သမားတစ်ဦး အလုပ်ထဲမှာ ဓာတ်လိုက်ပြီး သေဆုံးတာကိုလည်း သူဌေးတွေရှိရက်နဲ့ ဘာမှ တာဝန်မယူလို့ အလုပ်သမားတွေဆီက တစ်ယောက် ၁၀၀ ဘတ်စီစိုက်ထုတ်ပြီး သင်္ဂြိုလ်ခဲ့ရတာရှိတယ်။ အဲဒီလို စိတ်တွေရှိနေတဲ့ကြားထဲမှာ လက်မှတ်အသစ်အတွက် (၂၀၈၀) ဘတ်ကို တစ်ခါတည်း ဖြတ်တောက်လိုက်တော့ မီးပုံပေါ် ဓာတ်ဆီလောင်းချသလို ဖြစ်သွားရတာပါပဲ” ဟု ရင်ဖွင့်ပြောဆိုသည်။

မဲဆောက်မြို့နယ် အလုပ်သမားကာကွယ်ရေးရုံး အရာရှိ နန်းစောင်လတ်ခတ်ကွန်းကလည်း “အလုပ်ရှင်က အလုပ်သမားတွေကို အကြောင်းမဲ့ အလုပ်ဖြုတ်ပိုင်ခွင့် မရှိဘူး။ အပြစ်ရှိလို့ အကြောင်းအကျိုးနဲ့ အလုပ်ဖြုတ်ပစ်မယ်ဆိုရင်တောင် နူတ်နဲ့ စာနဲ့ သတိပေးရမယ်။ ပြီးရင် ၇ ရက်ထက်မပိုတဲ့ အလုပ်မလုပ်ရတဲ့ ပြစ်ဒဏ်ပေးရမယ်။ အဲဒါပြီးမှ အလုပ်ဖြုတ်ပစ်လို့ရတယ်။တဆက်ထဲမှာပဲအလုပ်သမားတွေကလည်းအလုပ်ကို၁ရက်ထက်ပိုပြီးရပ်ဆိုင်းမပစ်
ရဘူး။၃ရက်ပျက်ကွက်ရင်ဘာနစ်နာကြေးမှပေးစရာမလိုပဲအလုပ်ထုတ်ပစ်နိုင်တဲ့အခွင့်အရေးကအလုပ်ရှင်မှာ
ရှိတယ်။ ဒီရုံးကိုရောက်လာရင်၂ဦး၂ဘက်အလျှော့အတင်းနဲ ညှိနိုင်းဆွေးနွေးကြရမယ်။ဘယ်လိုမ ညှိနိုင်းလို့ မရတော့မှတရားရုံးတင်မှာဖြစ်တယ်.. ”အပါအ၀င် ထိုင်းအလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးအက်ဥပဒေ (BE- 2541/ 1998) ပါ အခွင့်အရေးများကို နှစ်ဘက်စလုံးကို ပြောဆိုခဲ့သည်။

(ဒီနေ့ မဲဆောက်မြို့ မှာအလုပ်သမားပြသနာပေါါ်ပေါက်နေတဲ့ငွေနဲ့ ရွှေအထည်ချုပ်စက်ရုံကမြန်မာရွှေ့ ပြောင်း
လုပ်သား(၁၂၀)ကျော်ကိုJACBAကဆရာမိုးနဲ့ ဒေါါ်လှသိန်းတို့ ကထိုင်းဥပဒေအတိုင်းအလုပ်ရှင်နဲ့ မျက်နှာမူပြီး
စောင့်ရှောက်ခဲ့ပြီ။ ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်ရုံးထဲမှာပါ)
ယနေ့ ဆွေးနွေးကြရာတွင် အလုပ်ရှင်ဘက်က ဖြတ်တောက်ကြေး (၂၀၈၀) ဘတ်အနက် (၁၀၀၀) ဘတ်ကို ပြန်ပေးမည်ဖြစ်ပြီး အခြားသော ပြဿသနာအရပ်ရပ်အတွက် အလုပ်ရှင် အလုပ်သမားသဘောတူ စာချုပ်ကို ချုပ်ဆိုပြီး စက်တင်ဘာလ ၁၃ ရက်နေ့၌ လစာထုတ်ပေးရန် သဘောတူညီကြသည်။

**အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ပါအဓိကအချက်များ**

 ၁. နေမကောင်းဖြစ်ရင် အလုပ်ရှင်က တာဝန်ယူပို့ဆောင်ပေးရန်။

၂. လစဉ် ၁၃ ရက်နေ့ရောက်တိုင်း လစာထုတ်ရန်။

၃။ရရက်အတွင်းအလုပ်သမားလက်မှတ်သစ်အတွက်ဖြတ်တောက်ထားသော (၂၀၈၀)ဘတ်အနက်(၁၀၀၀)ဘတ်အား အလုပ်သမားများထံပြန်ပေးရန်။

 ၄။သောက်ရေ၊သုံးရေအဆင်ပြေအောင်ဆောင်ရွက်ပေးရန်(လိုအပ်ပါကအလုပ်ရှင် ၀ယ်ထည့်ပေးရန်)စသည်တို့် ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)၏အကြီးအကဲသည်ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှအလုပ်သမားသံအရာရှိဦးသိမ်းနိုင်ထံ
ဆက်သွယ်ပြီးယနေ့  တစ်ရက်တည်းနှင့်အောင်မြင်မှုကိုအကျိုးအကြောင်းပြောဆိုခဲ့သည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)