ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 16, 2014

==လူထုကျန်းမာရေး (ဆေးဘက်လည်းဝင်ဈေးကွက်တွင်၊။ချဉ်စော် ခါးသီးအစွမ်း-အံ့မခန်း)==

>
**Public Health**

 ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံမြို့၏ အနောက် မြောက်ဘက်ရှိ ဆနင်းတောင်တန်းမှ ကျူလင်းကျေးရွာ၊ ကောင်းငိုကျေးရွာ နှင့် လွိုင်ဆိုင်ကျေးရွာများသည် ချဉ်စော်ခါးသီး အများဆုံးထွက်ရှိရာ ဒေသဖြစ်သည်။ ချဉ်စော်ခါးသီးသည် အေးမြသောရာသီဥတုကို ကြိုက်နှစ် သက်သောကြောင့် မျိုးစေ့ချ စိုက်ပျိုး ၍လည်းကောင်း၊ ကိုင်းစိုက်၍လည်း ကောင်း အလွယ်တကူစိုက်ပျိုးနိုင် သည်။မျိုးစေ့ချစိုက်ပျိုးပါက ငါးနှစ် သားတွင် အသီးစတင်သီးပြီး ကိုင်း စိုက်ပျိုးပါက သုံးနှစ်သားအရွယ် တွင် အသီးသီးသည်။ အဆိုပါကျေးရွာ များ၌ မိမိတို့စိုက်ပျိုးခြံ၏ ဘေး ပတ်ပတ်လည်တွင် စိုက်ပျိုးကြပြီး ဇူလိုင်နှင့် သြဂုတ်လများတွင် အသီး လှိုင်လှိုင်ပေါ်ကြောင်း ပင်လုံမြို့ ရပ်ကွက် ၁ မှ တောင်သူ ဦးစိုင်းမြင့် နိုင်၏ ပြောကြားချက်အရ သိရသည်။

ချဉ်စော်ခါးသီး၏ အစွမ်းသတ်္တိ သည် ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်သည်။ချဉ်စော် ခါးသီးကို ပါးပါးလှီးဖြတ်ပြီး ရေနွေး ပူပူဖြင့်စိမ်၍ (တစ်ရက်လျှင် တစ်ခွက် နှုန်း) သောက်ပါက ကိုယ်တွင်းရှိ အဆီဓာတ်များကို လျော့ကျစေနိုင်ပြီး ညောင်းညာကိုက်ခဲခြင်းကို ပြေလျော့ စေခြင်း၊ သွေးသားလည်ပတ်မှု
 ကောင်းမွန်စေခြင်း၊ ချဉ်စော်ခါးသီးနှင့် ကြက်သားရော၍ ချက်ပြုတ်စားပါက အမျိုးသမီးများအတွက် အမျိုးသမီး ရောဂါများ သက်သာပျောက်ကင်း စေသည်။ ထို့အပြင် လေဖြတ်ခြင်း၊ လေဖြန်းခြင်းရောဂါများကို ကာကွယ် နိုင်ခြင်း၊ လေဖြတ်ရောဂါဝေဒနာရှင် များပင်သက်သာခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိစေနိုင်သည်။ ချဉ်စော်ခါးသီးသည် အခွံမှ အစေ့ အထိ အလုံးစုံအသုံးဝင်သည်။ ချဉ် စော်ခါးသီးကို ပါးပါးလှီးဖြတ်၍ အချောက်လှန်းပြီးပါက ဟင်းရည် အဖြစ်လည်းကောင်း၊ ယိုထိုး၍လည်း ကောင်း၊ ဆေးအဖြစ်ဝိုင်စိမ်၍လည်း ကောင်း အမျိုးမျိုးအသုံးပြုနိုင်သည်။ ချဉ်စော်ခါးသီးယို တစ်ပိဿသာလျှင် ငွေကျပ် ၆၀၀၀ ရောင်းချရကြောင်း နှင့် ချဉ်စော်ခါးသီးကို သုံးဆောင် မှီဝဲပြီးပါက ခြင်ဆေးခွေအနံ့နှင့် မတည့်ကြောင်း၊ ကိုယ်လက်နှင့် မျက်နှာများ ဖောရောင်လာကြောင်း ကိုယ်တွေ့ခံစားရသည့် ပင်လုံမြို့ ရပ်ကွက် (၃)မှ တောင်သူ ဦးလုံးခေး ဆိုင်က ပြောပြသည်။  

(ချဉ်စော်ခါးသီးပင်)

လွိုင်လင်-ပင်လုံနှင့် အနီးအနားရှိ မြို့ရွာများတွင် အလုံးကြီးတစ်လုံး လျှင်ငွေကျပ် ၁၅၀ မှ ၂၀၀အထိ ဈေးရရှိပြီး နယ်စပ်မြို့များတွင် (ဥပမာ-ကျိုင်းတုံ၊ တာချီလိတ်) အနာလွတ်အလုံးကြီး တစ်လုံးလျှင် ငွေကျပ် ၄၀၀အထိ ရောင်းချရ ကြောင်း၊ ယင်းအပြင် ချဉ်စော်ခါးသီး ကို ပါးပါးလှီးဖြတ်ပြီး အခြောက်လှန်း ၍ ရောင်းချပါက တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀မှ ၁၂၀၀၀ အထိ ဈေးရရှိပါကြောင်း၊ အလုံးကြီး၊ ငယ်ရောရာဝယ်ယူ၍အခြောက်လှန်း ရန် တစ်ပိဿသာလျှင် ငွေကျပ် ၁၅၀၀ ပေးဝယ်ရကြောင်း၊ အသီး ခြောက် ပိဿာလျှင် ခွဲခြမ်းအခြောက် တစ်ပိ ဿသာရရှိကြောင်း၊ မိသားစုတစ်ပိုင် တစ်နိုင် ၀င်ငွေရရှိကြောင်း ဦးမြင့်နိုင် က ဆက်လက်ပြောပြသည်။ ထို့ကြောင့် ချဉ်စော်ခါးသီးကို အလုံး လိုက်ဝယ်ယူပြီး ခွဲစိတ်အခြောက် လှန်းပါက အမြတ်ဝင်ငွေများစွာရရှိ မည်ဖြစ်သည်။ မိသားစု တစ်ပိုင် တစ်နိုင်စီးပွားရေးမှ ဈေးကွက်စီးပွား ရေးထိုးဖောက်လာနိုင်မည်ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ပင်လုံ ဒေသခံများသည် နည်းပညာနှင့် အရင်းအနှီးများ လိုအပ်ချက်ကြောင့် ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်နိုင်ရာ လိုအပ်ချက်များအား ကူညီပံ့ပိုးပေး နိုင်ပါက ကုန်ချောအဖြစ် ထုတ်လုပ် နိုင်ကာ ဒေသထွက်ကုန် တစ်မျိုးအဖြစ် ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

+မိုးလွင်ဦး(လွိုင်လင်)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)