**အဲလ်ချီ-အီဘား နံနက်၁း၃၀နာရီ(၂၀-၉-၂၀၁၄)**
အဲလ်ချီရဲ့ကစားအားမဆိုးဘူး။ နှစ်ပွဲဆက်တိုက်ရလဒ် ကောင်းခဲ့တာတွေ့ရတယ်။ အထူးသဖြင့် တိုက်စစ်က ဂိုးသွင်းခြေရလာတယ်။ ပြီးတော့ အိမ်ကွင်းဖြစ်တယ်။ ဒါပေမယ့် သတိပြုရမှာက အဲလ်ချီရဲ့ခံစစ်ကြောင်းမတည် ငြိမ်မှုပဲ။ သုံးပွဲမှာ ခြောက်ဂိုးအထိပေးထားရတော့ အီဘား သရေတစ်မှတ်ခွဲယူနိုင်မလားဆိုတာ စဉ်းစားဖို့လိုတယ်။
**ဒီပို့တီပို့-ရီးယဲလ်မက်ဒရစ် ညဂး၃၀နာရီ (၂၀-၉-၂၀၁၄)**
လက်ရှိဒီပို့တီပို့ရဲ့ခြေကသာမန်ထက်မပိုဘူး။ အထူး သဖြင့် ခံစစ်ပိုင်းကအားနည်းမှုတွေများတယ်။ ရီးယဲလ်က ချန်ပီယံလိဂ်ကြောင့် ပွဲပန်းနိုင်တယ်ဆိုပေမယ့် သတိပြုရ မှာက လာလီဂါမှာရီးယဲလ်ဟာထပ်ပြီးရှုံးပွဲကြုံလို့မရတော့ တဲ့ အခြေအနေ ရောက်နေပြီဆိုတာပဲ။ အဲဒါကြောင့် ရီးယဲလ် အားကုန်သုံးမှာကိုသတိပြုရမယ်။
**ဘီလ်ဘို-ဂရန်နာဒါ ည၁၀း၃၀နာရီ (၂၀-၉-၂၀၁၄)**
သုံးပွဲကစားပြီးချိန်မှာ ဘီလ်ဘိုကတစ်ပွဲနိုင်နှစ်ပွဲရှုံး။ တိုက်စစ်ပိုင်းဂိုးသွင်းခြေမတည်ငြိမ်မှုက အဓိကပြဿသနာ ဖြစ်နေတယ်။ ဒီပွဲအပြီးမှာ ကြားပွဲရှိတာချင်းတူပေမယ့် ဘီလ်ဘိုက ချန်ပီယံလိဂ်ကစားခဲ့ရလို့ ပွဲပန်းနိုင်တယ်။ ဒါကြောင့် ဘီလ်ဘိုနိုင်ပွဲလိုပြီး အိမ်ကွင်းမှာအားစိုက်မှာ ဖြစ်ပေမယ့် ပြတ်သားတဲ့ရလဒ်ဖြစ်ဖို့ခက်မယ်။
**အက်သလက်တီကို- ဆယ်တာဗီဂို နံနက်၀၁း၃၀နာရီ(၂၁-၉-၂၀၁၄)**
အက်သလက်တီကိုရဲ့ခြေကတစ်ဖြည်းဖြည်းပြန်ငြိမ် လာတယ်။ အထူးသဖြင့် တိုက်စစ်ကဂိုးသွင်းခြေရနေတယ်။ ဒီပွဲမတိုင်ခင်မှာ ချန်ပီယံလိဂ်ကစားခဲ့ရမှာဖြစ်လို့ ပွဲပန်းနိုင် ပေမယ့် အိမ်ကွင်းဖြစ်တယ်။ သတိပြုရမှာက ဆယ်တာဗီဂို ရဲ့ပွဲတိုင်းဂိုးပေးခဲ့ရတဲ့ ခံစစ်အားပျော့မှုပဲ။ အဲဒါနဲ့ ချင့်ချိန် ဖို့လိုတယ်။
**အက်စ်ပန်ညို-မာလာဂါ နံနက်၂း၃၀နာရီ (၂၁-၉-၂၀၁၄)**
အက်စ်ပန်ညိုက သုံးပွဲမှာနိုင်ပွဲမရှိသေးဘူး။ နှစ်ပွဲ ရှုံးပြီး တစ်ပွဲသရေကျတယ်။ ပွဲတိုင်းဂိုးပေးနေရတဲ့ ခံစစ် အားပျော့မှုက ရလဒ်တွေကို ဆိုးရွားစေတာဖြစ်တယ်။ မာလာဂါက အဝေးကွင်းအားပျော့တတ်ပေမယ့် လက်ရှိ ခြေမဆိုးဘူး။ အက်စ်ပန်ညို ရလဒ်ဆိုးတွေရပ်တန့်ဖို့ ကြိုးစားမှာဖြစ်ပေမယ့် သရေထက်ပိုမလားစဉ်းစားရမယ်။
**ဆိုစီဒက်-အယ်မာရီယာ ညနေ၄း၃၀နာရီ (၂၁-၉-၂၀၁၄)**
တိုက်စစ်ကစားပုံကောင်းပေမယ့် ဆိုစီဒက်ခံစစ်က စိတ်မချရဘူး။ နောက်ဆုံးနှစ်ပွဲမှာ နှစ်ဂိုးစီပေးခဲ့ရတယ်။ ဒါပေမယ့် သတိပြုရမှာက ဆိုစီဒက်ရဲ့အိမ်ကွင်းကစားပုံ အားကောင်းမှုပဲ ပြီးတော့ အယ်မာရီယာက အခုအထိ နိုင်ပွဲမရသေးဘူး။ သုံးပွဲမှာ တိုက်စစ်က စုစုပေါင်းနှစ်ဂိုးသာ သွင်းထားနိုင်တာနဲ့ ချင့်ချိန်ရမယ်။
**ဗီလာရီးယဲလ်-ဗယ်လီကာနို ည၉း၃၀နာရီ (၂၁-၉-၂၀၁၄)**
ဗယ်လီကာနိုက သုံးပွဲကစားအပြီးမှာ နိုင်ပွဲမရှိဘဲ နှစ်ပွဲသရေကျခဲ့တယ်။ နောက်ဆုံးနှစ်ပွဲမှာ ခံစစ်က ငါးဂိုး အထိ ပေးရတယ်။ ဗီလာရီးယဲလ်က ဒီပွဲမတိုင်ခင်မှာ ယူရိုပါ လိဂ် အဝေးကွင်းပွဲကစားခဲ့ရလို့ပွဲပန်းလာနိုင်တယ်။ ဒါပေ မယ့် အိမ်ကွင်းဖြစ်တယ်။ အမှတ်တွေဆုံးရှုံးထားလို့လည်း အမှားခံမှာ မဟုတ်တဲ့အချက်ကို သတိပြုရမယ်။
**ကော်ဒိုဘာ-ဆီဗီးလာ ည၁၁း၃၀နာရီ (၂၁-၉-၂၀၁၄)**
ကော်ဒိုဘာကလည်းသုံးပွဲပြီးချိန်မှာ နိုင်ပွဲမရှိ။ နှစ်ပွဲ သရေကျခဲ့ရတယ်။ အထူးသဖြင့် တစ်ပွဲတစ်ဂိုးရဖို့တောင် ရုန်းနေရတဲ့ တိုက်စစ်က အားရစရာမကောင်းဘူး။ ဆီဗီးလာ က ယူရိုပါလိဂ်ကစားခဲ့ရလို့ ပွဲပန်းနိုင်တာမှန်ပေမယ့် လက်ရှိကစားပုံကောင်းတယ်။ တိုက်စစ်ပိုင်းက ဂိုးသွင်းခြေ ရနေတာနဲ့ပါ ချင့်ချိန်ဖို့လိုတယ်။
**လီဗန်တေး-ဘာစီလိုနာ နံနက်၁း၃၀နာရီ(၂၂-၉-၂၀၁၄)**
ဘာစီလိုနာနဲ့တွေ့တိုင်း လီဗန်တေးရလဒ်မကောင်း တတ်တာကို သတိပြုရမယ်။ အခုလည်း လီဗန်တေးဟာ သုံးပွဲကစား နိုင်ပွဲမရှိ နှစ်ပွဲရှုံးတယ်။ အဆိုးဆုံးကတော့ တစ်ဂိုးမှ မသွင်းနိုင်သေးတဲ့ တိုက်စစ်ပိုင်းပဲ။ ဘာစီလိုနာချန်ပီယံလိဂ်ရှိပေမယ့် အမှားခံမှာ မဟုတ်ဘူး။
** ဂီတာဖေး-ဗလင်စီယာ နံနက်၁း၁၅နာရီ(၂၃-၉-၂၀၁၄)**
ဗလင်စီယာရဲ့ခြေကောင်းနေတယ်။ အရှုံးမရှိဘူး။ အထူးသဖြင့် နောက်ဆုံးသုံးပွဲမှာ ခုနစ်ဂိုးအထိ ရထားတဲ့ တိုက်စစ်က အားကောင်းနေတယ်။ ပြီးတော့ ဥရောပပွဲ လည်း မရှိဘူး။ ဂီတာဖေးကတော့ အိမ်ကွင်းအားတစ်ခုပဲ ရှိပြီး လက်ရှိခြေက အားနည်းမှုတွေရှိနေတယ်။ အထူး သဖြင့် ခံစစ်က အားနည်းမှုရှိနေတာနဲ့ချင့်ချိန်ရမယ်။
+ရှိုင်းမင်းမင်း+

No comments:
Post a Comment