**သူတို့ လည်းလေ-ကလေးချစ်တတ်ကြသူတွေမို့ ၊လူမျိုးမခွဲ။ဘာသာမခွဲ ဆင်းရဲချမ်းသာအဆင့်အတန်းမခွဲဒီလိုကျွေးမွေးဖို့ ဖြစ်လာတာပေါ့ကွယ်** ဆရာမဒေါါ်ယုဇနသည်ကျောင်းဆရာ၊ဆရာမများအကြားတွင်ရပ်ကြည့်နေရင်းက အနှီမှတ်ချက်စကားကိုထုတ်ဖော်ပြောကြားလိုက်ဖြင်းဖြစ်သည်။ ကြည့်....၊ကျောင်းသားကျောင်းသူတွေကို၊ဒီလိုရေခဲမုန့် ဒါနအလှူပေးရုံမျှမက ရံဖန်ရံခါဆိုသလိုနို့ ဗူးများ၊သစ်သီးများလာလာပေးတတ်သည်ကထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ထဆိုင်လွတ်တိုက်နယ်စည်ပင်သာယာရေးရုံးမှဝန်ထမ်းများ၏အလှူပါ ဟုပြောလျှင်ရပါသည်။
(ဆွဲသလားမမေးနဲ့ ..ရေခဲမုန့် တွေ)
(ဆရာမဒေါါ်ယုဇန ကျောင်းသားများကိုတန်းစီယူရန် အော်ပြောနေစဉ်)
ဒီနေ့ အဖို့ မဲဆောက်မြို့ နေ့ သစ်အလကကျောင်းကကလေးတွေမှာ မနက်ပိုင်းကပုံပြင်နားထောင်လိုက်ရသည်။ဟော...ညနေပိုင်းကျတော့ဘေးခြံဝင်းချင်းကပ်လျက်မဲဆောက်မြို့  ထဆိုင်လွတ်တိုက်နယ်စည်ပင်သာယာရေးရုံးမှဝန်ထမ်း အမျိုးသမီး၂ဦးကရေခဲမုန့် အ၀လာကျွေးသည်။(အမေလေးလေး) **ဒီလိုနေ့ မျိုး...ထောင်သောင်းမကတွေ့ ပါရစေ..**
သဟာကဆရာဇော်ရဲ့ အသံပါဗျ။
**ဒီလို..၀ါးတီး....ခပ်များများတီးပါရစေ..** ဆရာခင်မောင်ဝင်းကလည်းဆရာဇော်ရှေ့ ကသီဆိုသွားသော*ငယ်ကျွမ်းဆွေ*သီချင်း
အလိုက်အတိုင်းပင်အလိုက်အထိုက်နောက်ကလိုက်ဆိုတာ
ကြားကြရသည်။
(ဒီလို..၀ါးတီး....ခပ်များများတီးပါရစေ.)
ဘာပဲဖြစ်ဖြစ်မဲဆောက်မြို့ နေ့ သစ်အလကကျောင်းကကလေးတွေမှာဒီနေ့ အဖို့  အပြုံးတွေဝေစီကာကျောင်းလွှတ်ခါနီးညနေအချိန်မှာယခုလိုဝမ်းဟာနေမှုကို ဖြည့်ဆည်းပေးသူတွေ
ကျန်းမာစေကြောင်းဆုတောင်းနေကြမှာကမုချပါဗျာ။
(ဒီလို..၀ါးတီး....ခပ်များများတီးပါရစေ.)
ဆရာမဒေါါ်ယုဇနကတော့သူမဘေးနားမှာအမြဲလိုလိုရှိနေသောဆရာမခင်ချိုလင်း ဘက်သို့ တစ်ချက်လှည့်ကြည့်ကာအပြုံးဖြင့်ထပ်မံပြောဆိုလိုက်တာကြားရသည်။
**သူတို့ လည်းလေ-ကလေးချစ်တတ်ကြသူတွေမို့ ဒီလိုကျွေးမွေးဖို့ ဖြစ်လာတာပေါ့ကွယ်**...တဲ့။ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+သောင်ရင်းနဂါး+
(မဲဆောက်မြို့ ထဆိုင်လွတ်တိုက်နယ်စည်ပင်သာယာရေးရုံးမှ
ဝန်ထမ်းအမျိုးသမီး၂ဦးကရေခဲမုန့် အ၀လာကျွေးသည်)

No comments:
Post a Comment