ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 18, 2014

==လူထုကျန်းမာရေး(ငှက်ဖျားရောဂါ အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်)==

>
**Public Health**

 ငှက်ဖျားရောဂါသည် ငှက်ဖျားရောဂါပိုး (Malaria Parasite)) ကြောင့်ဖြစ်ပွားပြီး ငှက်ဖျား ရောဂါပိုးကို သယ်ဆောင်နိုင်သောခြင် အကိုက်ခံရခြင်းမှ တစ်ဆင့် ကူးစက်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် ငှက်ဖျားရောဂါ ဖြစ်ပွားသူဦးရေ သန်းနှစ်ရာခန့် ရှိပြီး လူဦးရေ ခြောက်သိန်း ခြောက်သောင်းခန့်မှာ ငှက်ဖျားရောဂါကြောင့် သေဆုံးလျက် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရှိရပါသည်။ ငှက်ဖျားရောဂါ ဖြစ်ပွားပါက ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးအလွန်ထွက်ခြင်း၊ ကိုယ်၊ လက်၊ ခြေ နာကျင် ကိုက်ခဲခြင်း၊ မူးဝေခြင်းတို့ ဖြစ်နိုင်ပါသည်။ ရောဂါ ပြင်းထန်လျှင် အဖျားကြီးခြင်း၊ အားအင် ချည့်နဲ့ခြင်း၊ အသားဝါခြင်း၊ ဆီးအရောင် မည်းမည်းသွားခြင်း၊ အသားအရောင် ဖြူဖပ်ဖြူရော် ဖြစ်ခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။ ဦးနှောက်ငှက်ဖျား ရောဂါ အသွင် ဖြစ်ပွားပါက ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ မှိန်းခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊တက်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။ ငှက်ဖျားရောဂါ ဖြစ်ပွားပါက အချိန်မီ ဆေးကုသမှု မခံယူလျှင် ရောဂါပြင်းထန်ပြီး အသက်ဆုံးရှုံး နိုင်ပါသည်။ ငှက်ဖျား ရောဂါသည် တောထဲ၊ တောင်ထဲတွင် အလုပ်လုပ်သူများ၊ ငှက်ဖျား ဖြစ်ပွားတတ်သော ဒေသရှိ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အလုပ်လုပ်သူများ၊ ငှက်ဖျား ဖြစ်ပွားတတ်သော ဒေသရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးငယ် များနှင့် ငှက်ဖျားခြင်ရှိသော ဒေသတွင် ညဘက် ခြင်ထောင်နှင့် မအိပ်သူများတွင် ရောဂါပိုမို ဖြစ်ပွားနိုင်ပါသည်။ ငှက်ဖျားခြင်သည် ညအချိန်တွင် ပိုမို ကိုက်လေ့ရှိပြီး တော၊ တောင်ထဲတွင် အလုပ် လုပ်သူများတွင် နေ့လယ် နေ့ခင်း ဘက်လည်း အကိုက်ခံရ နိုင်ပါသည်။ သို့ဖြစ်ပါ၍ ငှက်ဖျား အန္တရာယ်မှ ကာကွယ်ရန် အတွက် မည်သည့်အချိန်၊ မည်သည့် နေရာမဆို ခြင်ထောင်ထောင်၍ အိပ်ခြင်း၊ အထူးသဖြင့် ဆေးစိမ် ခြင်ထောင်ဖြင့် အိပ်ခြင်း၊ အဝတ်အစား ထူထူရှည်ရှည် ဝတ်ခြင်း၊ ခြင်ကိုက် မခံရစေရန် သတိပြုခြင်း၊ ခြင်မကိုက်စေသည့် ဆေးလိမ်းခြင်း စသည်တို့ဖြင့် ကာကွယ်နိုင်ပြီး ငှက်ဖျားခြင် မပေါက်ပွားစေရန် ရပ်ကွက်၊ ကျေးရွာအနီးရှိ စိမ့်စမ်းချောင်း များကို ရေစီးရေလာ ကောင်းမွန်အောင် လူထုအားဖြင့် စုပေါင်း ဆောင်ရွက်ခြင်း၊ ရေတွင်း၊ ရေကန်များတွင် ပိုးလောက်လမ်းစား ငါးများ ထည့်ခြင်းတို့ဖြင့် ငှက်ဖျားရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ပါသည်။
ငှက်ဖျားရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနသို့ အမြန်ဆုံး (ဖြစ်နိုင်လျှင် ၂၄ နာရီအတွင်း) သွားရောက် ဆေးကုသမှု ခံယူကြပါရန်နှင့် ကျန်းမာရေး ဝန်ကြီး ဌာနမှ သတ်မှတ်ထားသည့် ကုထုံး အတိုင်း ဆေးပတ်လည်အောင် သောက်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

Written by ကေတု

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)