ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 17, 2014

==လူထုကျန်းမာရေး(ဆေးဘက်ဝင်နဂါးမောက်သီးအကြောင်း-သိကောင်းစရာ)==

>

**Public Health**

နဂါးမောက်သီးပင်များကို ၂၀၀၀ ပြည့်နှစ်တွင် ထိုင်း နိုင်ငံမှ ပျိုးပင်များတင်သွင်းခြင်းဖြစ်သည်။ စိုက်ပျိုးရေးဦးစီး ဌာနလက်အောက်ရှိ ဥယျာဉ်ခြံများဖြစ်သော ပုပ်္ပားနှင့် ရန်ကုန်ဥယျာဉ်ခြံတွင် စတင်စမ်းသပ် စိုက်ပျိုးအောင်မြင်ခဲ့ သည်။ မြေအမျိုးအစားမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ တွယ်ကပ်ပင်နှင့် မြေပေါ်တွား ၍ပေါက်သော ရေငတ်ခံနိုင်သည့် ရှားစောင်းမျိုးနွယ် ပင်ဖြစ်သည်။
သို့သော် စီးပွားဖြစ်စိုက်ပျိုးပါက လိုအပ်သော အချိန်တွင် ရေပေးသွင်းရန်လိုအပ်သည်။ ပြုစုစောင့်ရှောက် မှုကောင်းမှသာ သီးထွက်ရရှိမှုကောင်းမွန်သည်။ နဂါး မောက်ပင်၏အမြစ်သည် မြေအနက် ၈ လက်မခန့်သာ အမြစ်ဝင်သဖြင့် ပေါင်းမြက်ကြောက်သော သီးနှံပင်တစ်မျိုး ဖြစ်သည်။ ထို့ကြောင့် စီးပွားဖြစ်စိုက်ပျိုးပါက ပေါင်းမြက် ရှင်းရန် အထူးလိုအပ်သည်။ အပင်ကြီးအရွယ်တွင် ပင်လုံး ဖြန့် ပေါင်းသတ်ဆေးအသုံးပြု၍ ရှင်းလင်းရမည်။ ပေါက် ပြားအသုံးပြုပါက အမြစ်များထိခိုက်နိုင်သည်။

 ယနေ့ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသော နဂါးမောက် သီးပင် (Dragon Fruit)မျိုးမှာ အတွင်းသားအနီရောင်မျိုး (red fl esh variety)Hylocereus umdatus နှင့် အတွင်း သားအဖြူရောင် (white fl esh variety) Hylocereus တို့ကို အများဆုံးစိုက်ပျိုးသည်။ အသီးခွံအ၀ါရောင်ရှိပြီး အတွင်းသားအဖြူရောင်ရှိမျိုးမှာ အနည်းအကျဉ်းသာ တွေ့ရသည်။ နဂါးမောက်သီးကို ယခင်ကပုပ်္ပားတွင်သာ တွေ့ရသည်။ ၂၀၀၄ ခုနှစ်တွင် တောင်ကြီး၊ မန်္တလေး၊ မိတ်္ထီလာ၊ ရန်ကုန်မြို့များတွင် စိုက်ပျိုးရောင်းချခဲ့ကြောင်း သိရသည်။ ယနေ့တွင် မြန်မာပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရ သည်။ စိုက်ပျိုးကြသောနည်းစနစ်မှားမှာ တီပုံသဏ္ဌာန်၊ တိုင်စနစ်၊ စင်စနစ်၊ တန်းစနစ်များကို အများဆုံးစိုက်ပျိုး ကြသည်။ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များတွင်လည်း နဂါး မောက်သီးပင်များ စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း သိရသည်။

နဂါးမောက်ပင်စိုက်ပျိုးရာတွင် ရှေးဦးစွာ အမြင့် ၅ ပေ၊ အကျယ် ၄ လက်မရှိ ကွန်ကရစ်တိုင် (သို့မဟုတ်) သစ်သားတိုင်များကို ပင်ခြား ၆ ပေ၊ တန်းခြား ၉ ပေအကွာ စိုက်ပါ။ တိုင်ခြေပတ်လည်တွင် ၂ ပေပတ်လည် ၂ ပေအနက် ကျင်းများတူးပြီး မြေဆွေးများထည့်ရပါမည်။ မြေတွင်းပိုး များကာကွယ်နိုင်သော အော်ဒင်းကဲ့သို့ ခြသတ်နိုင်သော ဆေး ဇွန်းတစ်ဇွန်းစာထည့်ပြီး ၅ ရက်ခန့် မြေနှပ်ထားရ ပါမည်။ ထိုကျင်းများတွင် နဂါးမောက်ပင် တစ်ပေခွဲအရွယ် ရှိသော အပင်များကို ကွန်ကရစ်တိုင် တစ်တိုင်ပတ်လည် တွင် တွယ်ကပ်နိုင်ရန် နဂါးမောက်ပင်ကို ကြိုးချည်ထားပါ။ ကျောက်တိုင်ထိပ်တွင် သစ်သားတန်းများ ထည့်ပေးရပါ မည်။ နွေရာသီတွင် ရေမှန်မှန်လောင်းပါ။ အပင်မှ အတက် များထွက်လာသောအခါ မြေသြဇာအဖြစ် တစ်တိုင်လျှင် တီဆူပါ နို့ဆီဘူးနှစ်ဘူး၊ နွားချေး၊ ၀က်ချေးတစ်ပြည်၊ ပုလဲ နို့ဆီဘူးတစ်ဘူး ရောမွှေပြီး နှစ်လတစ်ကြိမ်ကျွေးရမည်။ အသီးသီးနေသောကာလတွင် တစ်ပတ်တစ်ကြိမ်ကျွေး လျှင် ပို၍သီးပါသည်။ မည်သည့်စနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စတင်စိုက်ပျိုး ချိန်တွင် အထူးသတိထားရမည်မှာ ပုရွက်ဆိတ်ဖြစ်သည်။ ထွက်လာသောအညွန့်သစ်၏ ထိပ်ပိုင်းကို ပုရွက်ဆိတ်အနီ ကလေးများက အုပ်စုဖွဲ့ဖျက်ဆီးလေ့ရှိသည်။ ၎င်းကို ပိုးသတ်ဆေးတစ်မျိုးမျိုးနှင့် နှိမ်နင်းရန်ဖြစ်သည်။

 ရောဂါ အနေဖြင့် ဗက်တီးရီးယား ပျော့ပုပ်ရောဂါ (Enterobacter
ciaace)
ကျရောက်တတ်၍ ကိုဘိုဒ်၊ ကျုပရိုမက် စသည့် ကော့ပါးပါသောဆေးများဖြင့် ပက်ဖျန်းကာကွယ်နိုင်သည်။ မှိုပြောက်စွန်းရောဂါကို အင်ဗန်တိုဟက်ဖက်ဂွန်းမန်ကို ရှက်၊ ဒိုင်သိမ်း စသည့်မှိုသတ်ဆေးများ အလှည့်ကျပက်ဖျန်း ၍ ကာကွယ်နိုင်သည်။

တစ်နှစ်သားအရွယ်ရောက်သောအခါ အဖူးအပွင့်များ ထွက်ကာ သီးကင်းဝင်စပြုပါသည်။ များသောအားဖြင့် ဧပြီ လကုန်နှင့် မေလဆန်းပိုင်းတွင် စတင်သီးကင်းဝင်သည်။ တစ်နှစ်သားအရွယ်တွင် သီးကင်းနည်းပြီး တစ်ပတ်လျှင် ၁၀ လုံးခန့်သီးသည်။ နှစ်ကြာလာသည်နှင့်အမျှ အသီးပိုသီး၍ အသီးလည်းကြီးလာသည်။ အသီးများ ဆက်တိုက်ထွက် ပေါ်နေပြီး ၎င်းင်းကာလတွင် နဂါးမောက်သီးကောင်းမွန် စေရန် အပင်မှဖြာထွက်သော အချို့အကိုင်းအခက်များကို ဖယ်ရှားပေးရမည်။ နဂါးမောက်ပင်များသည် မျိုးကိုတစ်ခါ ၀ယ်ရပြီး ဆက်လက်စိုက်ပျိုးရန်အတွက် မျိုးကို မိမိပင်မှ တစ်လက်မခွဲကိုင်းများဖြတ်၍ စိုက်ပျိုးနိုင်သောကြောင့် အလွယ်တကူ စိုက်ပျိုးနိုင်သည်။ နဂါးမောက်ပင်များ စိုက် ပျိုးခြင်းဖြင့် ခြံစိုက်တောင်သူများ ၀င်ငွေကောင်းလျက်ရှိပြီး ခြံကြီးများတွင် နဂါးမောက်ပင်များကို ကွန်ကရစ်တိုင် ၃၀၀ မှ ၁၀၀၀ အထိ တစ်တိုင်လျှင်လေးပင်နှုန်း စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော နဂါးမောက်သီးများကို တစ်ကီလိုလျှင် ၂၀၀၀ ကျပ်နှုန်းနှင့် ဆိုဒ်မမီသော နဂါးမောက်သီးများကို တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းရ ကြောင်း သိရသည်။ နဂါးမောက်သီးသည် အဖြူ၊ အနီ၊ အ၀ါ သုံးမျိုးရှိရာ အနီသီးကို ပို၍နှစ်သက်ကြသည်။ အတွင်းသားအဖြူရောင်မျိုးမှာ စက်တင်ဘာလ ဒုတိယ ပတ်တွင် နောက်ဆုံးအဖူးထွက်ပြီး အတွင်းသားအနီရောင် မျိုးမှာ အောက်တိုဘာလ ပထမပတ်တွင် နောက်ဆုံးအဖူး ထွက်သည်။

သို့ဖြစ်၍ အတွင်းသားအနီရောင်မျိုးသည် အတွင်းသားအဖြူရောင်မျိုးထက် ဖူးပွင့်သည့်ကာလ တစ်လခန့်ပိုမိုသည်ကို တွေ့ရသည်။ နဂါးမောက်သီးပင်သည် ဗီတာမင်စီနှင့် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သည့်အပြင် လိုင်ကိုပိန်းဓာတ် များစွာပါဝင် သောကြောင့် သဘာဝအရွယ်တင်နုပျိုစေပြီး အသီးတွင်Antioxidant  အများဆုံးပါဝင်သဖြင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ ဆီးလွန်ရောဂါများ၊ လေသင်တုန်းနှင့် လေဖြတ်ခြင်းရောဂါများ ပျောက်ကင်းစေ သည်။ ထို့ပြင် အဆိပ်အတောက်ဖြစ်စေတတ်သောံနလေပာနညအေူ များ ချေဖျက်ပေးသဖြင့် ကိုလက်စထရာကို လျော့ကျ စေသည့်ပြင် ချောင်းဆိုး၊ ရင်ကျပ်ရောဂါကိုလည်း သက်သာ ပျောက်ကင်းစေသည်။ အစာအိမ်အတွင်းရှိ အဆိပ် အတောက်များကို ချေဖျက်နိုင်စွမ်းရှိခြင်း၊ အဆီဓာတ်များ ကို လျော့ကျနိုင်စွမ်းရှိခြင်း၊ မှတ်ဉဏ်ကောင်းခြင်း၊ မျက်လုံး အားကောင်းခြင်း၊ သွားနှင့်အရိုးများ ခိုင်မာစေခြင်းတို့ ကြောင့် လူတိုင်းစားသုံးသင့်သည်။ အထူးသဖြင့် နာလန်ထ လူမမာများအတွက် အထူးသင့်လျော်သည်။

နဂါးမောက်သီးတွင် Antioxidantအစွမ်းအာနိသင်ထက်မြက်စေသည့် ဓာတ် ပြည့်ဝစွာပါဝင်သည့်အတွက် စိတ်ဖိစီးမှုနှင့် ဆက်နွှယ်နေသောရောဂါများကို ပျောက်ကင်းစေနိုင် သဖြင့် အမေရိကတိုက် အလယ်ပိုင်းဒေသများတွင် နဂါးမောက်သီးမှာ ဆေးစွမ်းထက်သည့်အသီးအဖြစ် နာမည်ကြီးလှသည်။ ယခုဈေးကွက်တွင် လူကြိုက်များသည့် နဂါးမောက် သီးပင်ကို မြန်မာပြည်အရပ်ရပ်တွင် စိုက်ပျိုးအောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။

+ထွန်းလိှုင် (မြိုင်)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)