ဒီတစ်ပတ်ရဲ့ အောက်တိုဘာ ၁၉ ရက်မှာတော့ ဘွန်ဒက်စ်လီဂါပွဲစဉ်(၈)ကို ယှဉ်ပြိုင်ကစားပါလိမ့် မယ်။ တန်းစီဇယားထိပ်ဆုံးက ဘိုင်ယန်မြူးနစ်တို့ အခုပွဲမှာ အမှတ်ပြည့်ရယူဖို့ သေချာနေပြီး တန်းစီ ဇယားဒုတိယနေရာက ဂလာဘတ်တို့ကတော့ ခြေ ကုန်ထုတ်ရမယ့်အနေအထားဖြစ်နေပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ မထင်မှတ်ဘဲခြေစွာနေတဲ့အသင်း တွေကြောင့် ပြိုင်ပွဲတိုင်း စိတ်လှုပ်ရှားစရာကောင်း နေပါတယ်။
**ဘိုင်ယန်မြူးနစ်နှင့် ၀ါဒါဘရီမင်**
ဒီနှစ်ဘွန်ဒက်စ်လီဂါမှာတော့ ၀ါဒါဘရီမင်တို့ တစ်ပွဲမှ နိုင်ပွဲမရသေးပါဘူး။ အထူးသဖြင့် အဝေး ကွင်းမှာ ရှုံးပွဲတွေများနေတဲ့ ၀ါဒါဘရီမင်ဟာ ဘိုင် ယန်မြူးနစ်တို့အတွက်တော့ အစဉ်အလာအရ ဂိုး ပြတ်နိုင်ပွဲတွေချည်းရယူနိုင်ခဲ့တာမို့ အခုပွဲမှာလည်း သုံးမှတ်ရယူနိုင်ပါလိမ့်မယ်။ အိမ်ကွင်းမှာ နိုင်ပွဲ တွေချည်းဆက်တိုက်ရယူထားတဲ့ ဘိုင်ယန်မြူးနစ် ဟာ တိုက်စစ်ခြေစွမ်းလည်း ကောင်းမွန်နေတာမို့ ၀ါဒါဘရီမင်တို့ အမှတ်ဗလာနဲ့ အိမ်ပြန်ရမယ့်ပွဲ ဖြစ်ပါတယ်။
**ရှော်လ်ကေးနှင့် ဟာသာဘာလင်**
ခြေရည်တူနှစ်သင်းမို့ အကြိတ်အနယ်ရှိပါလိမ့် မယ်။ ဟာသာဘာလင်နဲ့ နောက်ဆုံးငါးပွဲတွေ့ဆုံခဲ့ တဲ့ မှတ်တမ်းကိုကြည့်ရင် ရှော်လ်ကေးတို့ ပွဲတိုင်းနိုင် ပွဲရခဲ့ပါတယ်။ ဒီနှစ်ဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်းရှုံး ပွဲမရှိသေးတဲ့ ရှော်လ်ကေးဟာ ဒီပွဲမှာ လူစုံထုတ်ပြီး အမှတ်ပြည့်ရယူရေးကြိုးစားပါလိမ့်မယ်။
*ဟန်နိုဗာနှင့် ဂလာဘတ်**
ပုံမှန်ခြေစွမ်းရနေတဲ့ ဂလာဘတ်ကြောင့် ဟန် နိုဗာတို့ ပြင်ဆင်မှုကောင်းမှ ရပါလိမ့်မယ်။ ဂလာ ဘတ်ဟာ ခံစစ်ပိုင်းလုံခြုံပြီး တိုက်စစ်ပိုင်းအားနည်း တာမို့ ဟန်နိုဗာတိုက်စစ်မှူးတွေအတွက် အခက် အခဲဖြစ်နိုင်ပါတယ်။ ဂလာဘတ်ပရိသတ်တွေနဲ့အတူ ဒီပွဲမှာ အားပေးတာ မှန်ကန်ပါလိမ့်မယ်။
**စတုဂတ်နှင့် လေဗာကူဆင်**
တန်းဆင်းဇုန်ထဲရောက်နေတဲ့ စတုဂတ်ဟာ ဒီပွဲမှာ ရုန်းထပါလိမ့်မယ်။ ဒါပေမယ့် လေဗာကူဆင် ဟာ အဝေးကွင်းမှာကြိုးစားအားထုတ်မှုကောင်း တာမို့ စတုဂတ်တို့သတိထားရပါလိမ့်မယ်။ စတုဂတ် နဲ့ဆုံတိုင်း လေဗာကူဆင်တို့ အသာစီးရတာများတာ မို့ စတုဂတ်တို့ အားထုတ်မှုဟာ အရာထင်ဖို့ သိပ် တော့မလွယ်ပါဘူး။
**ဖရိုင်းဘတ်နှင့် ၀ုဖ်ဘတ်**
ဒီနှစ်သင်းရဲ့ နောက်ဆုံးငါးပွဲဆုံတွေ့မှုကို ကြည့်ရင် ၀ုဖ်ဘတ်တို့ အသာစီးရထားပါတယ်။ ၀ုဖ်ဘတ်ဟာ အဝေးကွင်းမှာ ပုံမှန်ခြေစွမ်းပျောက် ဆုံးနေတတ်တာမို့ အိမ်ရှင်တို့ အမှတ်ပြည့်ရယူနိုင် ရေး အားထုတ်ပါလိမ့်မယ်။ **ကိုလုံးနှင့် ဒေါ့မွန်** ကိုလုံးရဲ့အိမ်ကွင်းရှုံးပွဲဆက်တိုက်ကြုံတွေ့နေရ မှုကို ရပ်တန့်နိုင်မလားကြည့်ရမှာပါ။ ဒေါ့မွန်တို့ လည်း ကစားအားကျပြီး အဝေးကွင်းရလဒ်တွေ ဆိုးရွားနေလို့ ဒီပွဲမှာ အိမ်ရှင်နိုင်ပွဲလို့ အလှည့်ပေး ရင် မမှားနိုင်ပါဘူး။
+မိုးမြင့်လင်းလက်+
(၇ျာမန်ထိပ်သီးဘီလူးကြီးဘိုင်ယန်မြူးနစ်)

No comments:
Post a Comment