ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 18, 2014

==လူထုကျန်းမာရေး( ကျန်းမာလို-အိုသည်မရှိ)==

>
**Public Health**

အသက်ကြီးသူ သက်ကြီးရွယ်အိုများသည် နေ့စဉ် မိနစ် ၂၀ မှန်မှန် လမ်းလျှောက်ပေးခြင်းဖြင့် အကူအညီမလိုဘဲ မိမိဘာသာ လမ်းလျှောက် လာနိုင်ပြီး နောင်လာမည့်နှစ်များအတွင်း ကျန်းမာရေးများ ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော အမေရိကန် လေ့လာမှုတစ်ခုက ဆိုပါသည်။ ဤလေ့လာမှုအကြောင်းကို အမေရိကန်ဆေးပညာအစည်းအရုံးဂျာနယ် တွင် ဖော်ပြခဲ့သည်။ သက်ကြီးရွယ်အိုများသည် လမ်းလျှောက်ခြင်းအပါအ၀င် ခြံဝင်းအတွင်း ပန်းအိုးပြုပြင်ခြင်း၊ မြေဆွသစ်ပင်စိုက်ခြင်း၊ အိမ်တွင်း အိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း စသော ကိုယ်လက်လှုပ်ရှားမှု အသင့် အတင့် နေ့စဉ်မှန်မှန်ပြုလုပ်မှုများသည် မပြုလုပ်သူများထက်ပို၍ လှုပ်ရှား နိုင်စွမ်းအားကောင်းကြောင်း၊ သူတစ်ပါးအကူအညီ လက်တွဲလမ်းလျှောက် ပေးရခြင်းမလိုဘဲ မိမိဘာသာ လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်စွမ်းသည် လမ်းမလျှောက်သူ၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းများထက် ၁၈ ရာခိုင်နှုန်း ပိုမြင့်မားကြောင်း လေ့လာမှုတွင် တွေ့ရှိခဲ့သည်။ ဘ၀နေထိုင်မှု ပုံစံပြောင်းလဲခြင်းတွင် သက်ကြီးရွယ်အိုများ အမှီသဟဲ ကင်းစွာ နေထိုင်နိုင်ရေးဟု အမည်ပေးထားသော ဤလေ့လာစမ်းသပ်မှုတွင် အထိုင်များသော ကိုယ်လက်လှုပ်ရှားမှု နည်းပါးသည့် အသက်အရွယ်နှင့် ၈၉ ရာခိုင်နှုန်း အဘိုးအဘွား ၁၆၃၅ ဦးအား လေ့လာခဲ့သည်။ ထိုလေ့လာ မှုတွင် အဘိုးအဘွားများ၏ တစ်မိုင်၏ လေးပုံတစ်ပုံ မီတာ ၄၀၀ (၁၃၁၂ ပေ) လျှောက်နိုင်မှုအပေါ်မူတည်၍ ၄င်းတို့၏ လှုပ်ရှားနိုင်မှုအရ အကျိုး သက်ရောက်ပုံကို လေ့လာခဲ့ပါသည်။

မီတာ ၄၀၀ တစ်မိုင်၏ လေးပုံတစ်ပုံ တစ်နာရီလျှင် နှစ်ဖာလုံသည် ဖလော် ရီဒါတက်္ကသိုလ် အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ခဲ့သော လေ့လာမှု အရ သက်ကြီးရွယ်အိုများအတွက် အရေးပါသော အကွာအဝေးဖြစ်သည်။ ““မီတာ ၄၀၀ ဆိုတာ ပန်းခြံတစ်ပတ်၊ ကန်တစ်ပတ် အကွာအဝေးသာရှိပါ တယ်။ ဒီအကွာအဝေးက သူများတွဲခေါ်မှုမပါဘဲ မိမိဘာသာ လွတ်လပ်စွာ သွားလာနိုင်တဲ့ဘ၀ကို ပိုင်ဆိုင်ဖို့ အရေးပါတဲ့ အကွာအဝေးဖြစ်ပါတယ်”” ဟု အဆိုပါလေ့လာမှုတွင် ပါဝင်သော မေရီလန်းတက်္ကသိုလ်မှ ပါမောက်္ခ ဂျက်ကူရာနစ်က ဆိုပါသည်။ လေ့လာမှုတွင် ပါဝင်သူများသည် အစပိုင်းတွင် တစ်မိုင်၏ လေးပုံ တစ်ပုံကို ၁၅ မိနစ်အတွင်း လျှောက်နိုင်ကြသော်လည်း နောက်ပိုင်းတွင် ယင်းစွမ်းရည်ကျဆင်းမည့် အန်္တရာယ်ရှိနေပါသည်။ အသက်ကြီးသူများတွင် ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်းသည် ဓလေ့ထုံးတမ်းစဉ်လာလို ဖြစ်နေပြီး ယင်းအချက်က သက်ကြီးရွယ်အိုများ နာမကျန်းဖြစ်ရခြင်း၊ ဆေးရုံတက်ရခြင်း၊ မသန်မစွမ်းဖြစ်ရခြင်းနှင့် အချိန်မကျမီသေဆုံးရခြင်း တို့အတွက် ဘေးအန်္တရာယ်ပင်ဖြစ်သည်။
“လူတွေဟာ ကျွန်တော်တို့ နေ့စဉ်မြင်တွေ့နေရတဲ့ လူနာတွေပဲဖြစ်ပါ တယ်။ ကျွန်တော်တို့ လေ့လာချက်က သိပ်ကိုအရေးကြီးပါတယ်။ လေ့လာ မှုကနေ စံနမူနာအဖြစ် လေ့လာမှု နည်းပါးတဲ့ လူဦးရေပါဝင်နေပါတယ်”” ဟု အဖွဲ့မှ အိုမင်းခြင်းဆိုင်ရာဌာန စူးစမ်းထောက်လှမ်းရေးအကြီးအကဲ မာကိုဖော်က ဆိုပါသည်။ ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်း၊ ကိုယ် လက်လှုပ်ရှားခြင်းတို့သည် အသက်ငယ်သူများအတွက်သာမက အသက် ကြီးသူများအတွက် အကျိုးရှိပေရာ ကျန်းမာလိုအိုသည်မရှိဟုဆိုလျှင် မှားမည်မထင်ကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။

+ဒေါက်တာဘီရော်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)