ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 30, 2014

==လူထုကျန်းမာရေး(နားနေခြင်းနှင့် အောင်မြင်မှု)==

>
**Public Health** 

မကြာသေးမီက မိတ်ဆွေတစ်ဦးနှင့် စကားပြောစဉ် အလုပ်အောင်မြင်မှုနှင့် အားလပ်ချိန်ကိစ္စ ဆွေးနွေး ဖြစ်ခဲ့ကြသည်။ စီးပွားရေး စွမ်းဆောင်ရှင် အချို့သည် အလုပ်ပြီး အလုပ် ချာလည် ပတ်လည် နေကြသဖြင့် နားရကောင်းမှန်း မသိကြတော့။ မည်သည့်နှစ်၊ မည်သည့်အချိန်မဆို အောင်မြင်သော စီးပွားရေး လုပ်ငန်းသို့ သွားရာလမ်းတွင် နားနေခြင်းနှင့် စိတ်ဖြေလျှော့ အပန်းဖြေခြင်း တို့သည် အခြားအရာများနှင့် အတူ ပါဝင်သည် ဆိုသည်ကို သတိရ နေရမည် ဖြစ်၏။ ကျန်းမာရေး ဆိုင်ရာ ပြပွဲ တစ်ခုတွင် ကောင်းစွာ အိပ်ပျော်ရေးသည် မည်မျှ အရေးကြီးကြောင်း ပြသထားသည်။ လုံလောက်စွာ မအိပ်လိုက်ရသည့်အခါ ထိုနေ့တစ်နေ့လုံး အဆင်မပြေ ဖြစ်နေ တတ်သည် ဟုဆိုသည်။

 စီးပွားရေး စွမ်းဆောင်ရှင်များ၊ ထူးချွန် ထင်ရှားသူများတွင် အများစုသည် တစ်ညလျှင် အိပ်ချိန် လေးနာရီ၊ ငါးနာရီမျှသာ ရှိကြောင်း သိရသည်။ စီးပွားရေး စွမ်းဆောင်ရှင် များစွာသည် အလုပ်လုပ်ခြင်းကို တန်ဖိုး ထားကြသလောက် နားနေခြင်းနှင့် စိတ်ဖြေလျှော့ အပန်းဖြေခြင်းတို့၌ တန်ဖိုး မထားတတ်ကြသည် ကို တွေ့ရ ၏။ အောင်မြင်ရေး အတွက် လှုပ်ရှားမှု အရေးကြီးသလို နားနေခြင်းလည်း အရေးကြီးပါသည်။ နားနေခြင်းသည် ကျန်းမာခြင်း၊ စိတ်သက်သာ ပျော်ရွှင်ခြင်း အတွက်သာ မက အောင်မြင်သော စီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးရေး အတွက်ပါ အရေးကြီးလှသည်။ အလုပ်၏ခရီး အဘယ်မျှ ပေါက်မြောက် ခဲ့ပြီးပြီ၊ ရှေ့ရည်မှန်းချက် ဘာတွေထားမည်၊ ရှေ့ခရီး မည်သို့ ဆက်မည် စသည်တို့ကို သုံးသပ်ဆင်ခြင်ခြင်း၊ စစ်ဆေးခြင်း များ ဆောင်ရွက်နိုင်ရန် အတွက် နားနေခြင်းနှင့် စိတ်ဖြေလျှော့ အပန်းဖြေခြင်း လုပ်ဖို့လိုအပ်သည်။

ထို့ပြင် စီးပွားရေး စွမ်းဆောင်ရှင် တစ်ဦးအဖြစ် ပုံမှန် တွန်းထိုး ယှဉ်ပြိုင်လှုပ် ရှား နေရမှုများမှ ခေတ္တခဏ လွတ်မြောက်ရာ တိတ်ဆိတ် ငြိမ်သက်သော နေရာတစ်ခုရှိဖို့ လိုအပ်သည်။ ထိုနေရာတွင် နေထိုင်ခြင်းမှ ရရှိသည့် အကျိုး ရလဒ်လိုအပ်သည်။ လေ့လာမှုများ အရ အိပ်ရေး မဝသည့်အခါ အာရုံ စူးစိုက်နိုင်မှု စွမ်းအား၊ စိတ်အခြေအနေနှင့် ဘက်စုံ ကျန်းမာရေးတို့ ထိခိုက် နိုင်ကြောင်းသိရသည်။ ယင်းအခြေ အနေက မိသားစု အပေါ် သက်ရောက်မှု ဖြစ်သလို မိမိလုပ်ငန်းနှင့် ဆက်နွှယ်သည့် သူများအပေါ်လည်း သက်ရောက်မှု ဖြစ်နိုင်သည်။ အိပ်ရေး မဝခြင်းက ကိုယ်အလေး ချိန် လျော့ကျမှု ကို နှောင့်နှေးစေပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု ဖြစ်စေပါသည်ဟု ဆရာဝန်တစ်ဦးက ပြောသည်။

 ကျောင်းကားမောင်းသူ တစ်ဦး အချက်ပြ မီးပွိုင့်တွင် ကားခဏရပ်စဉ် လက်ကိုင်ဘီးပေါ်၌ ရုတ်တရက် အိပ်ပျော် သွားကြောင်း၊ အချက်ပြမီး အပြောင်းစောင့်နေသည့် အချိန်တို အတွင်း အိပ်ပျော်သွားခြင်း ဖြစ်ကြောင်း သတင်းများ ကြားရသည်။ အန္တရာယ် များလှပါသည်။ ရုပ်ပိုင်းနှင့် စိတ်ပိုင်း လုံလောက်သော အနားရရှိမှု မရှိခြင်းသည် ချီးကျူးစရာ မဟုတ်ပေ။ သင်စိတ်ဖြေလျှော့ အနားယူဖို့ သင့်အလုပ်များက နေ့အချိန်၌ သင့်ကိုခွင့်မပြု ခဲ့လျှင် ညဘက် အိပ်ရေးဝဝ အိပ်လိုက်ပါ။
လူများက မိမိတို့တွင် အနားယူဖို့ အချိန်မရှိကြောင်း ပြောကြသည့်အခါ အိပ်ရေးမဝသော လေယာဉ်မှူး သို့မဟုတ် ခွဲစိတ် လုပ်ငန်း မစတင်မီ အိပ်ချိန်နည်းနည်းသာ ရခဲ့သော ခွဲစိတ် ဆရာဝန်တို့ နေရာမှဝင်၍ စဉ်းစားကြည့်ရန် ပြောလိုပါသည်။ မိမိကိုယ်ကို ဂရုစိုက်ရမည်။ မိသားစုကို ဂရုစိုက်ရမည်။

ထို့ပြင် လုံလောက်သော အနားယူမှု ရရှိနေခြင်းဖြင့် သင်၏ ဘက်စုံ အောင်မြင်ရေး လမ်းကြောင်းကို စတင်ရန်ဖြစ်ပါသည်။ ယင်းသည် သင့်ဘဝတွင် အရာရာ ပိုမိုဟန်ချက်ညီ မျှတမှုရှိသော အောင်မြင်ရေး လမ်းကြောင်း ဆီသို့ ဦးတည်သည့် ကောင်းသော ခရီး စတင် လိုက်ခြင်းပင် မဟုတ်ပါလော။ ။

+စိန်ဝင်းနွယ်+
 Written by မိုးဦး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)