နာမည်က မော်ရင်ညို။
ဒါပေမယ့်  သူ့ကိုယ်သူတင်စားတာက စပါရှယ်ဝမ်း။ ဒါကိုအစက လူပြော သူပြောတော့များတယ်။ အကြွားပိုသူ၊ မာနကြီးသူ၊ မိမိကိုယ်မိမိ အထင်ကြီးလွန်းသူ၊ လေးစားမှုမရှိသူ၊ လူကြီးလူကောင်း မပီသသူဆိုတဲ့  စွပ်စွဲချက်တွေနဲ့  သူကိုနှစ်မြို့သူ ရှား တယ်။
သူ့ ရဲ့ ညစ်ကျယ်ကျယ်အမူအရာနဲ့  ပြဿသနာဖြစ်အောင် ဆွတတ်မှုကို မလို လားသူများတယ်။
ဒါပေမယ့်  တဖြည်း ဖြည်းနဲ့  သူက သူကိုယ်တိုင် ကင်ပွန်းတပ် ထားတဲ့ အမည်နာမတစ်ခုကို အလုပ်နဲ့  သက်သေပြလာတဲ့ အခါ သူ့ ရဲ့ အမူအရာ တွေ၊ သူ့ရဲ့စရိုက်လက်္ခဏာတွေကို လျစ်လျူရှုပေးလို့ ရလာကြပြီး သူ့ အရည် အသွေးကိုသာ လက်သင့် ခံလာကြရ တယ်။
ပြောရမယ်ဆိုရင် ပြီးခဲ့ တဲ့  ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သူ့ အသင်းချယ်လ်ဆီးက ဟားလ်ကို ၂-၀ နဲ့  နိုင်တယ်။ အဲဒါဟာ သူ့ အတွက်တော့ ပရီမီယာလိဂ်မှာ နောက်ထပ်သမိုင်းမှတ်တိုင်တစ်ခု စိုက် ထူနိုင်ခြင်းပဲ။ အထူးသဖြင့်  အဲဒီနေ့က ပွဲမှာ ချယ်လ်ဆီးနိုင်လိုက်တဲ့ အတွက် မော်ရင်ညိုရဲ့  ပရီမီယာလိဂ်ပြိုင်ပွဲအတွင်း ရယူနိုင်မှုအမှတ်က ၄၀၁ မှတ်တိတိရှိ သွားတယ်။ ဒါဟာ ပရီမီယာလိဂ်မှာ တော့ စံချိန်တစ်ခုပဲ။ ဘာကြောင့် လဲ ဆိုတော့ ပရီမီယာလိဂ်မှာ ဘယ်မန်နေဂျာ တစ်ဦးတစ်ယောက်ကမှ ဒီပွဲအရေ အတွက်အတွင်း သူ့ လိုရမှတ် ၄၀၀ ကျော် အောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးလို့  ပဲ။
အရှင်းဆုံးပြောရရင် ပရီမီယာလိဂ်မှာ အအောင်မြင်ဆုံးမန်နေဂျာအဖြစ် တံခွန် ထူထားတဲ့ မန်ယူမန်နေဂျာဟောင်း ဖာဂူဆန်တောင် ပရီမီယာလိဂ်ပြိုင်ပွဲ အတွင်း အမှတ် ၄၀၀ ပြည့် ချိန်မှာ ပွဲပေါင်း ၁၉၁ ပွဲကိုင်တွယ်ပြီးတဲ့ အချိန် ဖြစ်နေသလို အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးဆိုရင်လည်း ၂၀၈ ပွဲ ရောက်မှ ပရီမီယာလိဂ်မှာ ရမှတ် ၄၀၀ ပြည့် တယ်။ ဒီတော့ ပရီမီယာလိဂ်ရဲ့ ပြယုဂ် သဘောဆောင်တဲ့  မန်နေဂျာကြီးနှစ်ဦး ထက်တောင်သာအောင် လုပ်ပြလိုက်တဲ့  သူ့စွမ်းဆောင်နိုင်အားကို ဘယ်လိုမှ အသိအမှတ်မပြုလို့ ရမှာ မဟုတ်ဘူး။
ပြောရရင် လီဗာပူး မန်နေဂျာဟောင်း ဘင်နီတက်ဇ်က ၂၀၉ ပွဲရောက်မှ အမှတ် ၄၀၀ ပြည့် ချိန်၊ လီဗာပူးမန်နေဂျာဟောင်း ဟိုလီယေးက ၂၃၅ ပွဲရောက်မှ အမှတ် ၄၀၀ ရချိန်၊ လီဗာပူးမန်နေဂျာဟောင်း ကင်နီဒဲလ်ဂလစ်ရှ်ကလည်း ၂၃၅ ပွဲရောက်မှ အမှတ် ၄၀၀ ပြည့် ချိန်မှာ သူက ၁၇၄ ပွဲသာကိုင်တွယ်ရသေးချိန် မှာတင် ရမှတ် ၄၀၀ ပြည့် သွားတာဆို တော့ သေချာတယ်။ သူ့ ကိုယ်သူ့ ကင်ပွန်း တပ်ထားတဲ့  အမည်နာမတစ်ခုနဲ့  သူ့ ရဲ့  လုပ်ရည်ကိုင်ရည်ဟာ လိုက်ဖက်ညီ သလို တင့် တယ်ပြည့် စုံတဲ့ သဘော ဆောင်တယ်။
အထူးသဖြင့်  သူဟာ သူ့ ရဲ့ အရည် အသွေးနဲ့  လုပ်ဆောင် နိုင်အားကို ရောက်လေ ရာမှာ အစမ်းသပ်ခံခဲ့ပြီးသားသူ။ ပေါ်တူဂီ၊ အင်္ဂလန်၊ အီတလီနဲ့  စပိန်။ ရောက်လေရာဒေသတိုင်းမှာ အဲဒီဒေသ ရဲ့  အမြင့် ဆုံးဖြစ်တဲ့  အမှတ်ပေးချန်ပီယံ ဆုတိုင်းကို ရယူပြနိုင်ခဲ့ တာက သက်သေ။ ပေါ်တိုမှာ နှစ်ရာသီနေခဲ့ တုန်းက ဆုဖလား ခြောက်လုံးရတယ်။ ချယ်လ်ဆီး မှာ ပထမအကြိမ် သုံးရာသီကျော်နေခဲ့  တုန်းက ဆုဖလား ခြောက်လုံးရတယ်။ အင်တာမီလန်မှာ နှစ်ရာသီနေခဲ့ တုန်းက လည်း ဆုဖလား ငါးလုံးရသလို ရီးရဲမှာ သုံးရာသီနေခဲ့ တော့လည်း ဆုဖလား သုံးလုံးရတယ်ဆိုတော့။ သေချာတယ်။ သူဟာ စပါယ်ရှယ်ဝမ်းမှ စပါယ်ရှယ်ဝမ်း စစ်စစ်ပဲ။
;မော်ရင်ညိုဟာ ချယ်လ်ဆီးကို ပထမအကြိမ်အဖြစ် ၂၀၀၄ ခုနှစ် ဇွန် ၂ ရက်ကနေ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ တာဝန်ယူခဲ့ သလို ဒုတိယအကြိမ် အဖြစ် ၂၀၁၃ခုနှစ် ဇွန် ၃ ရက်ကနေ ယနေ့ အထိ တာဝန်ယူနေရာမှာ အဲဒီကာလ တွေအတွင်း ပရီမီယာလိဂ်မှာ မန်ယူနဲ့  ကိုးပွဲဆုံတွေ့ ရာမှာ တစ်ပွဲသာရှုံးတယ်။ လေးပွဲနိုင်ပြီး လေးပွဲသရေကျတယ်။ အာဆင်နယ်နဲ့လည်း ကိုးပွဲဆုံတွေ့ ရမှာ အရှုံးလုံးဝမရှိဘူး။ လီဗာပူးနဲ့ လည်း ၁၀ ပွဲဆုံရာမှာ တစ်ပွဲသာရှုံးတယ်။ မန်စီးတီး နဲ့ လည်း ကိုးပွဲမှာ တစ်ပွဲသာရှုံးသလို စပါးစ်နဲ့ ဆိုရင်လည်း ကိုးပွဲဆုံတွေ့ ရာမှာ တစ်ပွဲသာရှုံးတယ်။
အရှင်းဆုံးပြောရရင် မော်ရင်ညိုဟာ ပရီမီယာလိဂ်ရဲ့  ထိပ်တန်းအသင်းတွေပါလို့  မော်ကြွားနေ တဲ့ အသင်းတိုင်းအပေါ် အသာရယူပြနိုင် တယ်။ အဲဒီအသင်းတွေနဲ့  စုစုပေါင်း ၄၆ ပွဲဆုံရာမှာ လေးပွဲသာရှုံးခဲ့ ဖူးတယ်ဆို တော့ သူ့ ကိုမှ ပရီမီယာလိဂ်မှာ စပါယ်ရှယ်ဝမ်းလို့  မခေါ်ရင် ဘယ်သူ့ ကို ခေါ်မလဲ။အထူးသဖြင့်  သူဟာပရီမီယာလိဂ် ပြိုင်ပွဲအတွင်း အသင်းပေါင်း ၃၂ သင်းနဲ့  ရင်ဆိုင်ခဲ့ ဖူးရာမှာ သူအနိုင် မရဖူးတဲ့ အသင်း မရှိဘူး။ သူ့ ကိုအနိုင် မယူနိုင်သေးတဲ့  အသင်းတွေ သာ ရှိခဲ့ တာ။ အာဆင်နယ်၊ ဘာမင်ဂမ်၊ ဘော်လ်တန်၊ ချာလ်တန်၊ နော့ဝှစ်ခ်ျ၊ ပို့ စ်မောက်၊ ရက်ဒင်း၊ ရှက်ဖီးလ်၊ ဆောက်သမ်တန်၊ ၀က်ဖို့ ဒ်၊ ၀က်စ်ဘရွန်း၊ ၀က်စ်ဟမ်း၊ ၀ီဂန်၊ ဆွမ်ဆီး၊ ဟားလ်၊ ကာဒစ်ဖ်၊ လက်စတာ၊ ဘန်လေ၊ ကျူပီအာတို့  ၁၉ သင်းဆိုရင် အခုအချိန်အထိ ပရီမီယာ လိဂ်မှာ သူ့ ကိုလုံးဝမနိုင်ဖူး သေးဘူး။
အဲဒီလိုအရည် အသွေးတွေကြောင့် လည်း သူဟာ ပရီမီယာလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆု၊ ဖီဖာကမ်္ဘာ့ တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆု၊ ဥရောပ တစ်နှစ်တာအကောင်းဆုံး မန်နေဂျာဆုတွေ အပါ အ၀င် မန်နေဂျာဘ၀မှာ တစ်ဦးချင်း ဆုတံဆိပ် ပေါင်း ၃၅ ခုအထိ ရရှိ ခဲ့ တာ။ ဆုဖလားပေါင်း ၂၀ တိတိ ရယူနိုင်ခဲ့ တာ ဆိုတော့....။ သေချာတယ်၊ သူဟာ ဟန်အမူအရာအားဖြင့် သော်လည်းကောင်း၊ မိမိကိုယ်ကို အထင်ကြီးလွန်းမှုကြောင့် သော်လည်း ကောင်း၊ သူ့ ရဲ့ လူနေမှုပုံစံ၊ နှုတ်ထွက် စကားနဲ့  စရိုက်လက်္ခဏာတွေအရ နှစ်မြို့စရာ သိပ်မကောင်းသော်ငြား သူ့ ရဲ့ အရည်အသွေးကတော့ ဘောလုံး လောကအတွက် တန်ဖိုးဖြတ်ဖို့  သိပ်ကို ခက်ခဲနေမှာ သေချာတယ်လို့ ဆိုရမှာပါ။
+ထက်အောင်+

No comments:
Post a Comment