ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 21, 2014

==ရင်ဝှက်တေး==

>

ကျနော် ခင်ဗျားကို သိပ်ချစ်တယ် မမနွယ်ရီ ဒါပေမဲ့ ခင်ဗျားကို ချစ်တဲ့အကြောင်း ကျနော် ဘယ်တော့မှ ဖွင့်ပြောမှာ မဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော် ခင်ဗျားကို သိပ်ချစ်လို့

8.11.2013 ( သောကြာနေ့ )
 ……………………………………………………………………………

 “ နွယ်ရီ ” ဆိုသော နာမည်လေးတစ်လုံး ကျွန်တော့်ဘဝစာမျက်နှာထဲမှာ မရေးထိုးရသေးခင် အချိန်တွေကသာ ကျွန်တော့်ကို အချစ်ဆိုတာ ဘာလဲဟု မေးလာလျှင် ကျွန်တော် တစ်လုံး တစ်ပါဒမှ ဖြေတတ်လိမ့်မည် မဟုတ်ပါ။ အထက်တန်းကျောင်းတုန်းက တစ်ခါ ၊ တက္ကသိုလ်မှာတုန်းက တစ်ခါ ရည်စားနှစ်ယောက် ထားဖူးခဲ့ပေမဲ့လည်း အချစ်ကို အချစ်ဟု သိထားရုံကလွဲပြီး နှလုံးသားမှာ အချစ်နှင့် ပတ်သက်ပြီး ကိုယ်ပိုင်သီအိုရီ မရှိသေးချေ။ ခပ်လှလှ မိန်းကလေးတွေနှင့် ဆုံစည်းခွင့်ရတိုင်း အချစ်ဆိုတာ ဘာလဲ ဆိုသည့် မေးခွန်းကို မေးလို့ကောင်းနေတုန်း။ ကျွန်တော် ညံ့ဖျင်းသွားသလား မမနွယ်ရီ။ သေချာတာကတော့ ထိုညံ့ဖျင်းမှုက ကျွန်တော်နှင့် မမနွယ်ရီတို့ ဆုံစည်းစေဖို့အတွက် အကောင်းဆုံး အကြောင်းပြချက်ပဲ ဖြစ်ပါလိမ့်မည်။ မမနွယ်ရီ မှတ်မိပါသေးသလား။ ထိုနေ့က မမနွယ်ရီ၏ အကြည့်တစ်ချက် ကျွန်တော့် နှလုံးသားထဲ ခုန်ပေါက်ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကျွန်တော့်နှလုံးသားတစ်ခုလုံးသာမက ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးပါ မမ နွယ်ရီ၏ မျက်လုံးဝိုင်းဝိုင်းလေးထဲ ကျွံဝင်သွားခဲ့တယ်ဆိုတာ … ။ ထိုအကြောင်းတွေကို မမနွယ်ရီအား နည်းနည်းလေးမျှ မသိစေချင်ပါ။ တကယ်ဆို မိန်းကလေးတန်မဲ့ မမနွယ်ရီ ကျွန်တော့်ကို အဲ့သည်လောက် စူးစိုက်ငေးကြည့်ဖို့ မကောင်း။ အလုပ်ထဲမှာ စောစီးစွာ ဝင်ရောက်လုပ်ကိုင်ရလို့ စီနီယာ ဖြစ်နေပါစေ ၊ အခုမှ အလုပ်စ,ဝင်မည့် လူတစ်ယောက်ကို မျက်လုံးတွေ ဝိုင်းစက်သွားရလောက်အောင် ငေးစိုက်မကြည့်သင့်။ အကြည့်တစ်ချက်က ကျွန်တော့်ကို ပညာရပ်တစ်ခု သင်ကြားပေးနိုင်တယ်ဆိုတာ မမနွယ်ရီ မသိလို့များလား။ အခုတော့ ကျွန်တော် ဘာမှ မတတ်နိုင်။ မမနွယ်ရီ၏ မျက်လုံးဝိုင်းဝိုင်းလေးမှာ ဒယဉ့်တိုက် ပါသွားသော ကျွန်တော့်အသက်ရှုသံ ပြင်းပြင်းတွေကို ကျွန်တော် ဘယ်လိုမှ လိုက်မကောက်နိုင်ခဲ့။ ပန်းနုရောင် သန်းနေသော နှုတ်ခမ်းပါးပါးလေးမှာ ကျွန်တော့်အိပ်မက်တွေ ဒူးထောက်ကုန်ပြီ။ မမနွယ်ရီကို လှသည်ဟု ကျွန်တော် မသတ်မှတ်ချင်ပါ။ သို့သော် မမနွယ်ရီ၏ မျက်ခုံးမွှေးထူထူမည်းမည်းလေးမှာတော့ ကျွန်တော် ခတ္တခဏလောက် မှေးစက်အနားယူချင်ပါသည်။ ထို့ထက်ပိုပြီး အခွင့်အရေး ပေးမည်ဆိုပါက မမနွယ်ရီ၏ ဖူးဖူးဖောင်းဖောင်း ပါးပြင်ဝါဝါလေးထက်မှာ ကျွန်တော့်အနမ်းတွေ ထာဝရ စခန်းတည်ရှင်သန်ချင်၏။ အချစ်ဆိုတာ ကိုယ် ဖန်တီးချင်တိုင်း ဖန်တီးလို့ရသည့် အရာ မဟုတ်ကြောင်းတော့ ကျွန်တော် နားလည်သိရှိထားပါသည်။ တစ်ခုတော့ မမနွယ်ရီကို မကျေနပ်ပါ။ မမနွယ်ရီ၏ မျက်လုံးဝိုင်းဝိုင်းလေးက ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် ဖြစ်သော်ငြား ထိုမျက်လုံးဝိုင်းဝိုင်းလေးမှ အရိပ်အချို့ကတော့ ကျိန်စာတစ်ပုဒ်အလား။ မမနွယ်ရီနှင့် ကျွန်တော့်အကြားမှာ ခြားနားထားသော နံရံတွေကို ကျွန်တော် အမုန်းကြီး မုန်းမိသည်။ မမနွယ်ရီရေ … (၁၈)ဆိုသော ကိန်းဂဏန်းက မမနွယ်ရီအတွက် လုံလောက်သော ချစ်ခြင်းတရားတွေ မဖြစ်စေဘူးလား။ ချစ်ခြင်းတရားမှာ ကိန်းဂဏန်း ခြားနားခြင်းက ဘယ်လောက်တောင် အရေးပါနေသလဲ မမနွယ်ရီ။ ကျွန်တော့်ဘက်က သေချာခြင်းကို ချပြရရင် ကျွန်တော် ဆိုသော လူက Baby ဆိုသော အင်္ဂလိပ်စာလုံးကို လွန်ခဲ့သော ရှစ်နှစ် ၊ ကိုးနှစ်လောက်ကတည်းက စာလုံးပေါင်းတတ်ပြီးသားသူ ဖြစ်ကြောင်း အဆိုပြုချင်ပါသည်။ ………………………………………………………………………….

တနင်္ဂနွေက ကျနော့်ကို သတ်တယ် တနင်္လာက ကျနော့်ကို ပြန်အသက်သွင်းတယ် ခင်ဗျား သိလား … မနွယ်ရီ ခင်ဗျား မရှိတဲ့ ကမ္ဘာမှာ ကျနော် နေနိုင်ကောင်း နေနိုင်ပေမဲ့ အတွေးတွေထဲမှာ ခင်ဗျား မရှိဘဲ ဘယ်လိုမှ မနေနိုင်ဘူး
10.12.2013 ( Tuesday )
……………………………………………………………………………
“ နွယ်ရီ ” ဆိုသော နာမည်လေးတစ်လုံးကို ကျွန်တော့်ဘဝစာမျက်နှာထဲမှာ ရေးထိုးလိုက်ချိန်မှ စ၍ ကျွန်တော်သည် ကျွန်တော် မဟုတ်တော့ကြောင်း ကျွန်တော့်ဘာသာ သိရှိလိုက်ရသည်။ ထိုအခိုက် ကျွန်တော်၏ စိတ်အစဉ်တစ်ခုလုံး လေဟာနယ်ထဲ လွင့်စင်သွားရ သလိုပင်။ တစ်ဘို့တည်းသမား မဟုတ်ပေမဲ့လည်း ဦးနှောက်ထဲတွင် “ နွေလ ” ဆိုသော နာမည်တစ်လုံးကလွဲပြီး အခြားသော အမည် နာမတွေကို နေရာမပေးချင်သူ ကျွန်တော် … အခုတော့ ဦးနှောက်က နွယ်ရီ ဆိုသော နာမည်လေးတစ်လုံးကို ကလေး မုန့်ပူဆာသလို ပူဆာတောင့်တနေတတ်ပြီ။ ရင်ခုန်သံတို့ ပူနွေးခဲ့ရပေါ့။ မိန်းကလေးတန်မဲ့ စကားကို အာပေါင်အာရင်းသန်သန် မပြောပါနှင့်လား မမနွယ်ရီ။ ထိုပုံစံကို ကျွန်တော် အရမ်းနှစ်သက်လို့ပါ။ ပါးစပ်ကလေး ပါးလွှာသလောက် ထိုပါးစပ်ပါးလွှာလွှာလေးထဲမှာ အဘယ့်ကြောင့် စကားလုံးတွေ အများကြီး ရှိနေရသလဲ။ နောက်ပြီး ထွက်ကျလာသော စကားလုံးတွေကလည်း ဘယ်ဆီဘယ်ဝယ် မသိ တောင်မရောက် မြောက်မရောက်။ အခြား အခြားသော မိန်းကလေး တစ်ယောက်ကသာ ထိုကဲ့သို့ လားရာမဲ့ စကားလုံးတွေ ရေရွတ်လာမည်ဆိုလျှင် ကျွန်တော် နှာခေါင်းကို ပြတ်ကျလုမတတ် ချုံ့ချပစ်လိုက် ပါမည်။ သို့သော် မမနွယ်ရီ၏ စကားလုံးတွေကတော့ ဘာကြောင့်မှန်းမသိ ကျွန်တော့်ကို ပျော်ရွှင်ကြည်နူးစေတာ အမှန်ပင်။ အချစ်မှာ အကြောင်းပြချက် မရှိဘူး တဲ့။ အချစ်မှာ တကယ်ပဲ အကြောင်းပြချက် မရှိဘူးလား။ ထိုကြောင့် ဖြစ်မည်။ လူလူချင်း အတူတူတောင်မှ မမနွယ်ရီနှင့် တစ်မိုးအောက်မှာ အတူရှိနေရခြင်းကို ရင်ခုန်ပျော်ရွှင်နေမိတာ ဘာကြောင့်မှန်းမသိ။ အဖြေကား ရှာမရ။ မမနွယ်ရီအား ကျွန်တော့်ခံစားချက်တွေ ဖွင့်ဟထုတ်အံ့ပြလိုက်လျှင်တော့ မမနွယ်ရီက ထိုပုစ္ဆာ၏ အဖြေကို ရှာကောင်းရှာနိုင်ပါလိမ့်မည်။ သို့သော် မမနွယ်ရီ ပုစ္ဆာကို အဖြေရှာနိုင်ဖို့ ကျွန်တော့်ရင်ခုန်သံတွေအား ပေးချက် ၊ မေးချက် အဖြစ် မပေးနိုင်ပါ။ ကျွန်တော်သည် မာနကြီးသော ကောင်လေး မဟုတ်ပေမဲ့ ကိုယ့်အတွေးနှင့်ကိုယ် ကမ်ဆမ်ကွေကာ သောက်တတ်သူ ဖြစ်ပါ၏။ ကျွန်တော် အလုပ်လုပ်ရာ အခန်းတွင်းသို့ မမနွယ်ရီ လာလျှင် ကျွန်တော် ပျော်သည်။ မမနွယ်ရီ အလုပ်လုပ်ရာ နေရာလေးသို့ ကျွန်တော် သွားရလျှင်လည်း ကျွန်တော် ပျော်ပါသည်။ သို့သော် ထိုကြည်နူးပျော်ရွှင်ခြင်းတွေအား မမနွယ်ရီ မသိစေရ။ ထိုခံစားချက်တွေ ပေါက်ဖွား လာရသည်က မမနွယ်ရီကြောင့်ဆိုတာ မမနွယ်ရီ စိုးစဉ်းမျှ မသိစေရပါ။ ငယ်ငယ်တုန်းက စာသင်ခန်းထဲမှာ တိတ်တိတ်လေး ခိုးပြီး စားခဲ့ ရသော မုန့်သည် သိပ်ကို အရသာရှိလှကြောင်း မမနွယ်ရီအား တစ်နေ့တော့ ပြောပြချင်ပါသေးသည်။ ကျွန်တော့်အတွက် အချစ်ဆိုတာလည်း ထိုကဲ့သို့ ခိုးပြီး စားမှ အရသာရှိလှသော မုန့်နှင့်များ အလားသဏ္ဍန် တူနေမလား။ မမ နွယ်ရီကို တစ်နေ့လေးမှ မမြင်ရလျှင်တော့ ရင်ဘတ်ပေါ် ကျောက်ပြင် ဖိထားသလို ခံစားနေရတာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ထိုကြောင့် ကျွန်တော် ရုံးပိတ်ရက်တွေကို မုန်းရခြင်းလည်း ဖြစ်ပါလိမ့်သည်။ မမနွယ်ရီ မပါဝင်သော ညနေခင်းသည် ( ဘယ်လောက်ပင် လှလှပပ ) ကျွန်တော့်အတွက်တော့ သိပ်ကို အရုပ်ဆိုးအကျည်းတန်လှကြောင်း မမနွယ်ရီ သိလိမ့်မည် မဟုတ်ပါချေ။ မသိလို့သာ ထိုညနေခင်းထဲမှာ ကျွန်တော့်ကို တစ်ယောက်တည်း ချန်ထားပစ်ရက်ခဲ့ခြင်း မဟုတ်လား။ မမနွယ်ရီအား ကျွန်တော့်မျက်ဝန်းတွေထဲ ခတ္တခဏလောက် အလည်အပတ် လာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။ ထိုအခါ မမနွယ်ရီနှင့် အတူရှိနေရခြင်းကို ကျွန်တော် ဘယ်လောက်တောင် စွဲလမ်းနေမိပြီ ဖြစ်ကြောင်း ကျွန်တော့်မျက်ဝန်းတွေက မမနွယ်ရီအား ပြောပြပေးပါ လိမ့်မည်။ သို့မဟုတ် မမနွယ်ရီ အိမ်ပြန်သောအခါ ညနေခင်း၏အလှကို ငေးကြည့်ရင်း မေးမြန်းကြည့်လိုက်ပါ။ ညနေခင်းက သူ၏ အလှမှ ကင်းကွာလွင့်ပျံ့နေသော ကျွန်တော့်ရင်ခုန်သံနွမ်းနွမ်းတွေ ရှိရာ အရပ်ကို ညွှန်ပြပေးပါလိမ့်မည်။ ထိုအခိုက် မမနွယ်ရီ၏ ဆလင်းဘတ်အိတ်ကလေးထဲမှ မှန်ကို ထုတ်ကြည့်လိုက်ပါ မမနွယ်ရီ။ မှန်ထဲမှာ မမနွယ်ရီ ကိုယ့်ကိုယ်ကို မြင်ရပြီဆိုလျှင် ညနေခင်းက ညွှန်ပြလိုက်သော အရပ်သည် မှန်ကန်ကြောင်း ကျွန်တော် ထောက်ခံပါသည်။ မမနွယ်ရီ သိပါစ။ ကျွန်တော် မြန်မာဘောလုံးအမျိုးသမီးအသင်းမှ ကျောနံပါတ် ခုနှစ် သန်းသန်းထွေးကို မုန်းနေသည်ဆိုတာ။ ရုံးမှ အိမ်သို့ ပြန်သောအခါ မမနွယ်ရီနှင့် စီးရသည့် ကားချင်း မတူပေမဲ့လည်း ကားတစ်မှတ်တိုင်တည်း ကားရပ်စောင့်ရသည်ကို နှစ်သက်မြတ်နိုးလှပါသည်ဆိုမှ ကျွန်တော့်ညနေခင်းထဲမှာ မမနွယ်ရီ ပျောက်ချင်းမလှ ပျောက်ရှသွားခဲ့သည်။ ကျွန်တော့်မှာ အရူးတစ်ပိုင်း မဖြစ်သွားပေမဲ့လည်း ခန္ဓာကိုယ်တစ်ခြမ်း ရူးသွားချင်လောက်အောင် ဖြစ်သွားခဲ့သည်ကိုတော့ ဝန်ခံချင်ပါသည်။ ဘောလုံးပွဲက မမနွယ်ရီ အတွက် အဲ့သည်လောက်တောင် အရေးကြီးနေသလား။ ကျွန်တော် ဘောလုံးအားကစားမယ် သန်းသန်းထွေးကို မုန်းမိပါသည်။ အခြား သူတွေ သန်းသန်းထွေးကို ဘယ်လောက် ချစ်ချစ် ကျွန်တော်ကတော့ သန်းသန်းထွေးကို မုန်းမိသည်။ ကျွန်တော် သန်းသန်းထွေးကို မုန်းရခြင်းမှာ မမနွယ်ရီကြောင့်ဆိုတာ မမနွယ်ရီ သိများသိခဲ့လျှင် ခနဲ့တဲ့တဲ့ ပြုံးကာ ကျွန်တော့်ကို လှောင်ပြောင်ဟားတိုက်လေမလား။ ထိုနေ့က ကျွန်တော် ဘောလုံးပွဲ မကြည့်ခဲ့ပါ။ မြန်မာအသင်းကို အားပေးရမည်ဆိုတာ သိပေမဲ့လည်း ကျွန်တော် တီဗွီကို တစ်ချက်လေးမျှ ဖွင့်မကြည့်ဖြစ်ခဲ့။ နောက်နေ့မှ “ သန်းသန်းထွေးက ဘယ်လို ကန်ပစ်လိုက်တာ ၊ စန်းစန်းမော်က ဘယ်လို ကစ်ပစ်လိုက်တာ ” ဆိုပြီး အာပေါင်အာရင်းသန်သန်နှင့် ပြောလာမည့် မမနွယ်ရီ၏ အသံလေးကို စိတ်ကူးယဉ်ပြီး နားထောင် ကြည့်ရင်း အိပ်ရာဝင်ဖြစ်ခဲ့သည်။ ထိုနေ့ညက အိပ်မက်ထဲတွင် ကျွန်တော်နှင့် သန်းသန်းထွေးတို့ ဘောလုံးအကန်ပြိုင်ခဲ့ကြပါသည်။ ဒိုင်လူကြီးမှာ မမနွယ်ရီ ဖြစ်၏။ ……………………………………………………………………………

 မမနွယ်ရီ … ခင်ဗျားဟာ ကျနော် ခိုးခိုးဖတ်နေရတဲ့ ကဗျာတစ်ပုဒ်ပဲ

 7.12.2013 ( Saturday )
……………………………………………………………………………

“ လူတစ်ယောက်ကို တိတ်တိတ်ကလေး တစ်ဖက်သတ် ချစ်နေရတဲ့ ဒုက္ခကို နင် ခံစားဖူးလား နွေလ ” ထိုမေးခွန်းကို ကြားလိုက်ရသည့် အချိန် ၊ မမနွယ်ရီ၏ မျက်ဝန်းတွေမှာ ဆွေးရီမှိုင်းညှို့ခြင်းတွေသာ ယှက်သန်းမနေခဲ့ဘူးဆိုလျှင် ကျွန်တော့်ရင်ထဲက လျှို့ဝှက်တေးသံကို မမနွယ်ရီ ကြားချင်လည်း ကြားပါစေတော့ ၊ ထိုမေးခွန်းအား ကျွန်တော် ပျော်ပျော်ကြီး ရဲရဲရင့်ရင့် ဖြေဆိုဖြစ်လိမ့်မည် ထင်ပါသည်။ “ ခံစားဖူးတာပေါ့ ၊ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ လူတစ်ယာက်ကို သူ မသိအောင် ခိုးချစ်နေရတာ ဒုက္ခ မဟုတ်ပါဘူး ၊ သုခပါ ” သို့သော် ကျွန်တော် မဖြေဖြစ်ခဲ့ပါပေ။ ဆွေးရိပ်တွေ စွန်းထင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးထဲက ကျွန်တော် သိချင်နေသော အဖြေကိုသာ သဲကြီးမဲကြီး လိုက်ရှာနေမိခဲ့သည်။ ထိုအခိုက် စူးနင့်ရှတမှုတို့ နှလုံးသားဆီသို့ အရှိန်ပြင်းပြင်း ထိုးစိုက်လာ၏။ မမနွယ်ရီ … ကျွန်တော် မသိလို့ မေးစမ်းပါရစေ။ စောစောက မေးခွန်းကို ကြည်ပြာရွှန်းလဲ့နေသော မျက်လုံးကလေးတွေနှင့် ကြည့်ပြီး မေးလို့ မဖြစ်ဘူးလား။ အဘယ့်ကြောင့် မျက်ဝန်းမှာ ဆွေးငွေ့ရိပ်တွေ ခြယ်သထားရသလဲ။ ဖယ်ရှားပစ်လိုက်ပါလား မမနွယ်ရီ … မမနွယ်ရီ၏ မျက်လုံးဝိုင်းဝိုင်းလေးတွေက ထိုအရိပ်တွေနှင့် ဘယ်လိုမှ မလိုက်ဖက်ဘူး ၊ မအပ်စပ်လှဘူးဆိုတာ မမနွယ်ရီ ဘာကြောင့် မသိရသလဲ။ အချစ်သည် သုခမှ ဒုက္ခ ဖြစ်ခဲ့ချေပြီ။
……………………………………………………………………………

ကျနော့်အတွက်တော့ အချစ်ဆိုတာ ရင်ထဲမှာ ရင်နာနာနဲ့ ဝှက်လိုက်တဲ့ တေးတစ်ပုဒ်ပဲ

23.12.2013 ( Monday )
……………………………………………………………………………

တစ်ဖက်သတ် ဆိုသော စကားလုံးကို ရှင်းရှင်းပြတ်ပြတ် စာလုံးမပေါင်းတတ်သေးခင် အချိန်တုန်းက မမနွယ်ရီနှင့် ပတ်သက်ပြီး ကျွန်တော် ရူးနှမ်းစွာ ဆုတစ်ခု တောင်းခဲ့ဖူးပါသည်။ တောင်းဆိုပါ၏။ ကျေးဇူးပြုပြီး မရယ်လိုက်ပါနှင့် မမနွယ်ရီ။ တိုးတိုးညင်းညင်း ထွက်ပေါ်နေသော ရင်ဘတ်ထဲက တေးတစ်ပုဒ် အက်ကွဲကာ ဆူညံဟိန်းထွက်လာမှာ စိုးလို့ပါ။ ဆုတောင်းမှာ ဤသို့ ဖြစ်၏။ “ မမနွယ်ရီသည် ကျွန်တော် ခိုးခိုးဖတ်နေသော ကဗျာတစ်ပုဒ် ဖြစ်သလို ကျွန်တော်သည်လည်း မမနွယ်ရီ ခိုးခိုးကြည့်တတ်သော မှန်လေး တစ်ချပ် ဖြစ်ရပါလို၏ ” သို့သော် မမနွယ်ရီ ခိုခိုးကြည့်တတ်သော မှန်တစ်ချပ်မှာ ကျွန်တော် မဟုတ်ကြောင်း သိရှိနားလည်လိုက်ရသည့် အခါမှာတော့ … ကျွန်တော်သည် တစ်ဖက်သတ် ဆိုသော စကာလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ စာလုံးပေါင်းတတ်သွားပြီ ဖြစ်ကြောင်း … ……………………………………………………………………………

+ နွေလ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)