ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 20, 2014

==လူထုကျန်းမာရေး(ရှောက်သီး၏ တန်ဖိုး)==

>

**Public Health**
နေပြည်တော် ၊ ဒီဇင်ဘာ ၁၉)
 ရှောက်သီး (Lemon)သည် အချဉ်ဓါတ် ပါသော အသီးများ အုပ်စု (Citrus Fruit) တွင် ပါဝင်သည်။ Citrus Fruit အုပ်စုတွင် လိမ္မော်၊ သံပရို၊ သံပရာနှင့် ဂရိတ် ဖရုသီး များလည်း ပါဝင်ပါသည်။ ရှောက်သီးသည် ပြည်တွင်းတွင် ဖူလုံစွာ စားသုံး နိုင်ရုံ သာမက ပြည်ပသို့လည်း တင်ပို့နေသော ဈေးကွက်ဝင် အသီး တစ်မျိုးလည်း ဖြစ်ပါသည်။ ရှောက်သီးကို အိန္ဒိယပြည် အနောက် မြောက်ပိုင်း ဒေသတွင် စတင် တွေ့ရှိရပြီး ရှေးနှစ်ပေါင်းများစွာ ကတည်းက အရှေ့တောင် အာရှမှာ စိုက်ပျိုးခဲ့ ပါတယ်။ ၁၂ ရာစု၊ ၁၃ ရာစု လောက်မှာ ဥရောပ နိုင်ငံများသို့ ရောက်ရှိခဲ့ပါသည်။ မြန်မာပြည်တွင် အပူပိုင်းဒေသများ၌ အများဆုံး စိုက်ပျိုးလာကြပြီ ဖြစ်ပါသည်။ လူအများစုသည် ရှောက်သီးနံ့ကို သဘောတူပြီး ဟင်းပွဲများတွင် ထည့်သွင်း အသုံးပြုလာကြ သကဲ့သို့ ဆေးဘက်ဝင် အသီးတစ်မျိုး အဖြစ်လည်း အသုံးပြုကြပြီ ဖြစ်ပါသည်။ ရှောက်ရည်တွင် Citric Acid ၅%ခန့် ပါဝင်ပါသည်။ ဗီတာမင်စီ (Vitamin C)လည်း အလွန် ကြွယ်ဝသည့် အပြင် ဗီတာမင်ဘီ၊ ကယ်လဆီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ် ကဲ့သို့သော သတ္တုများ သာမက ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ် ဓာတ်များလည်း ပါဝင်ကြောင်း သိရပါသည်။ ၄င်းအပြင် ယခုအခါ ဖိုလိတ် (Folate) နှင့် အမျှင်ဓာတ် (Fibre) များလည်း ပါဝင်ကာ ၄င်းအဆီတွင် လီမွန်နင် (Lemonene) ခေါ် ဓာတုဒြဗ်စင် တစ်မျိုးလည်း ပါဝင်ကြောင်း သိလာကြပြီ ဖြစ်သည်။ ရှောက်ရည် ၁၀၀ ဂရမ်တွင် ဗီတာမင်စီ ၆၀ ဂရမ်ပါဝင်သည့် အတွက် အသီးများထဲတွင် ဗီတာမင်စီ အများဆုံး ပါဝင်သော အမျိုးအစား ဖြစ်သည်။ ရှောက်ရည်ကို နံနက်စောစော သောက်သုံးမည် ဆိုပါက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါသည်။ နေ့စဉ် သောက်သုံးပါက ရရှိလာမည့် ကျန်းမာရေး အတွက် အကျိုး ၁၀ ပါးက Commerce ပရိသတ်ကြီး အတွက် ဖော်ပြလိုက်ပါသည်။

 ၁။ အစာအိမ်အတွက်။

 အစာမကြေခြင်းကြောင့် မူးဝေ အော့အန်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်ပါက ရှောက်ရည်ကို ရေနွေးနှင့် ရော၍ သောက်ခြင်းဖြင့် သက်သာ စေနိုင်ပါသည်။ ရှောက်ဖျော်ရည်သည် လေချဉ် တက်ခြင်းကိုလည်း သက်သာ စေနိုင်ပါ သည်။ ရှောက်သီး ဖျော်ရည်ကို မှန်မှန် သောက်ပေးခြင်း အားဖြင့် အူသိမ် အူမများမှ မလိုအပ်သော စွန့်ပစ် ပစ္စည်းများကို ဖယ်ရှားသည့် အခါ များစွာ အထောက်အကူ ဖြစ်စေပါသည်။ ရှောက်ရည်သည် သွေးထဲမှ အညစ်အကြေးများ ကိုလည်း သန့်စင် စေပါသည်။ ဝမ်းချုပ်ခြင်း ကိုလည်း ကုသပေး နိုင်ပါသည်။ ကြို့ထိုးလျှင်လည်း ရှောက်ရေကို သောက်ပေးခြင်းဖြင့် သက်သာ စေပါသည်။ Lemon Juice (ရှောက်ရည်) သည် အသည်း အားဆေးရည် တစ်ခုဖြစ်သော သည်းခြေရည် ပိုမို ထုတ်ပေးပြီး အစာချေခြင်းကို ကူညီပေးနိုင်ပါသည်။ ခန္ဓာကိုယ်မှ ချွဲသလိပ် ထွက်ခြင်း ကိုလည်း လျော့စေပါသည်။ ၎င်းသည် သည်းခြေတွင် တည်သော ကျောက်များ ပျော်ဝင် သွားစေရန် ကူညီနိုင် ပါသည်။

 ၂။ အသား အရေပြားအတွက်။

 ရှောက်သီးသည် သဘာဝ ပိုးသတ်ဆေး တစ်မျိုး ဖြစ်ပြီး အရေပြားနှင့် ပတ်သက်သော ရောဂါ များကို ကုသနိုင်သည်။ ရှောက်သီးသည် ဗီတာမင်စီ ကြွယ်ဝသော Citrus Fruit ဖြစ်ပြီး အရေပြားကို ပွတ်လိမ်း ပေးပါက အစက်အပျောက်များ မှိန်ပြီး အလှတိုး စေပါသည်။ နေ့စဉ် ရှောက်ရည်ကို သောက်ပါက အရေပြားအလှကို သိသာ လာစေမှာ ဖြစ်ပါသည်။ ရှိရင်းအသက် ထက် ပိုမို နုပျိုစေပြီး အရေပြား တွန့်ခြင်းကို ဖယ်ရှားစေပြီး ဆံပင်ကိုလည်း နက်စေပါသည်။ မီးလောင် ထားသော နေရာကို ရှောက်ရည် သုတ်လိမ်းပေးပါက အမာရွတ်များကို မှိန်စေပါသည်။ ရှောက်ရည်သည် အေးသော သတ္တိရှိပြီး မီးလောင်သော အရေပြားကို အပူ လျော့စေပါသည်။

၃။ သွားအတွက်။

 ရှောက်ရည်သည် သွားအတွက်လည်း ကောင်းမွန်ပြီး လတ်ဆတ်သော ရှောက်ရည်ကို သွားကိုက်သော နေရာကို သုတ်လိမ်းပေးပါက နာကျင်မှုကို သက်သာ စေပါသည်။ သွားဖုံး ပြည်ယိုခြင်း၊ သွေးထွက်ခြင်း စသော သွားရောဂါများကို ပျောက်ကင်းစေပြီး ခံတွင်း အနံ့ဆိုး ကိုလည်း ပျောက်စေ ပါသည်။ 

၎။ လည်ချောင်း ရောဂါများအတွက်။

 ရှောက်သီးသည် ရောဂါပိုးများကြောင့် ဖြစ်ပေါ်သော ပါးသီရောင်ခြင်း၊ လည်ချောင်း နာခြင်း စသော လည်ချောင်း အတွင်း ဖြစ်တတ်သော ရောဂါများ အတွက်လည်း ဆေးဘက်ဝင် စေပါသည်။ ရှောက်ရည်နှင့် ရေကို ဆတူရောပြီး မကြာခဏ အာခေါင် ကျင်းပေးခြင်းဖြင့်လည်း ချောင်းနာခြင်းကို လျှော့ချ စေနိုင်ပါသည်။

 ၅။ အဝလွန်သူများအတွက် ။

 ရှောက်ဖျော် ရည်ကို သောက်သုံးခြင်းဖြင့် အဓိက ကျန်းမာရေး အကျိုးကျေးဇူး များအနက် တစ်ခုမှာ ခန္ဓာကိုယ် အလေးချိန်ကို လျင်မြန်စွာ ကျစေခြင်း ဖြစ်သည်။ ရှောက်ရည်တစ်ဆ၊ ရေနွေး (ကြက်သီးနွေး) တစ်ဆကို ပျားရည်နှင့် ရော၍ သောက်ပါက ခန္ဓာကိုယ် အလေးချိန်ကို ကောင်းစွာ ကျစေ နိုင်ပါသည်။ 

BY COMMERCE JOURNAL

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)