· **လုပ်သားထုအတွက်အစဉ်သယ်ပိုး
မဲဆောက်မြို့ ကဆရာမိုး
စက်ရုံတကာသူလိုက်ဒိုး
ဒိုးပေမယ့်လို့ ရောက်လေရာ
မသိနားမလည်တာရှင်းပြရှာ
ယခုအခါအစိမ်းရောင်စာအုပ်
အဟုတ်ရှင်းပြတာသူ့ အလုပ်
သူ ရောက်လေရာချစ်ကြတယ်
ဆွေမျိုးတစ်ဦးရောက်သည့်နှယ်
အလုပ်သမားအပေါါ်လူပါးမဝ
အဲဒါကမှခေါင်းဆောင်ဗျ
အဲဒါကမှခေါင်းဆောင်ဗျ
အဲဒါကမှခေါင်းဆောင်ဗျ..။**
(ဆရာမိုး နဲ့ သူ့ ကိုချစ်ကြသောမြန်မာအလုပ်သမများ)
ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ ရဲ့ တနဂံနွေ(စက်ရုံအများစုကမနက်မှညနေ အထိအလုပ်လုပ်ခိုင်းပြီးညနေ၅နာရီကျမှအိုတီမခိုင်းတော့ပဲနားကြရတဲ့) မြန်မာရွှေ့ ပြောင်းအလုပ်သမား
သူမတို့ သူတို့ ရှိရာကိုညနေပိုင်းထမင်းစား နားချိန်မှာသူတို့ ရှိရာအရောက်သွားပြီးယခုအခါ၂နှစ်သက်တမ်းရှိအစိမ်းရောင် စာအုပ်(C of I)ဘယ်သူဘယ်ဝါဖြစ်ကြောင်းအထောက်အထားလက်မှတ်စာအုပ် နဲ့ ၂၇ချက်ပါစာရင်းကောက်ခံမယ့်အချက်အလက်တွေအကြောင်းဆရာမိုးကွင်းဆင်း ရှင်းပြနေပါပြီ။ဟောဒီပုံကတော့သူတို့ ဦးလေးးတစ်ဦးစ်ရုံထဲအလည်လာသလို ရင်းနှီးစွာမေးမြန်းကြတဲ့ပုံရိပ်တွေပါပရိသတ်။
(၂နှစ်သက်တမ်းရှိ အစိမ်းရောင်ယာယီအထောက်အထား လက်မှတ်စာအုပ်နမူနာ'နဲ့ အခြားအထောက်အထားလိုအပ်ချက်တွေကိုဝိုင်းကြည့်ကြ-လက်တွေ့ ပြသ)
>>>>>>>>>>>>>>>>>>>
;>>>>>>>>>>
+ဒီလျှပ်စီး+

No comments:
Post a Comment