ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 18, 2015

==သမင်မွေးရင်း-ကျားစားရင်းအာဆင်ဝင်းဂါး==

> (ပရီမီယာလိဂ်မှာ သက်တော်ရှည်နည်းပြတစ်ဦးဖြစ်တဲ့  အာစင်ဝင်းဂါးနဲ့ စွယ်စုံကစားသမားဝီရှိုင်းယား)

ဒီနှစ်ပရီမီယာလိဂ်မှာတော့ လက်ရှိချန်ပီယံဆုဖလားကို မကာကွယ်နိုင်တော့တဲ့  မန်စီးတီးဟာ လာမယ့် ရာသီအတွက် ကစားသမားအသစ်တွေခေါ်ယူဖို့ စာရင်းပြုစုနေပြီဖြစ်ပါတယ်။ ဒီလိုကစားသမားသစ်တွေ ခေါ်ယူဖို့  ပြင်ဆင်တိုင်း မန်စီးတီး တာဝန်ရှိသူတွေဟာ ပြိုင်ဘက်အာဆင်နယ်အသင်းက ခြေစွမ်းပြနေတဲ့ ကစားသမားတွေကိုပဲ ပထမဆုံး စာရင်းတို့ ထားတတ်တာမို့  အာဆင်နယ်အတွက်က တော့ သမင်မွေးရင်းကျားစားရင်းအဖြစ်နဲ့  ကြုံတွေ့ နေရတယ်လို့  ဆိုပါတယ်။ ပရီမီယာလိဂ်ရာသီကုန်တော့မှာမို့  မန်စီးတီးရဲ့  ကစားသမားခေါ်ယူရေးခြေလှမ်းတွေဟာ အာဆင်နယ်ကို ဦးတည်လို့ လာနေပြီဖြစ်ပါတယ်။

မန်စီးတီးကခေါ်ယူဖို့ မျက်စိကျနေတဲ့  ကစားသမားကတော့ အာဆင်နယ်ရဲ့  ကွင်းလယ်ကစားသမား ၀ဲလ်ရှိုင်းယားပဲဖြစ်ပြီး အသက် ၂၃ နှစ်သာရှိသေးတဲ့  ၀ဲလ်ရှိုင်းယားကို ပြောင်းရွှေ့ ကြေး မြင့်မြင့်နဲ့  ခေါ်ယူဖို့  ကြိုးစားနေပြီဖြစ်ပါတယ်။ အာဆင်နယ်က ၀ဲလ်ရှိုင်းယားကို ပြောင်းရွှေ့ ကြေး ပေါင်သန်း ၄၀ သတ်မှတ်ထားပြီး အဲဒီဈေးရရင်ရောင်းချဖို့  ရှိနေတယ်လို့ ဆိုပါတယ်။ ၀ဲလ်၊ှိုင်းယားဟာ တိုက်စစ်ကို ပံ့ ပိုးပေးနိုင်တဲ့ အပြင် ပြိုင်ဘက်တိုက်စစ်မှူးတွေရဲ့  ထိုးဖောက်မှုကို ကွင်းလယ်က ဖြတ်တောက် ဟန့် တားနိုင်သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် တောင်ပံတွေကလည်း တိုက်စစ် ကိုထောက်ပံ့တဲ့နေရာမှာထိရောက်တဲ့ပံ့ ပိုးမှုရှိတာမို့ မန်စီးတီးကခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
တစ်ကယ်တော့ မန်စီးတီးဟာ အာဆင်နယ်အသင်းက ကစားသမား တွေကိုခေါ်ယူတဲ့  ကစားသမားတွေကိုကြည့်ရင် အဒီဘာယော၊ ကိုလိုတိုရေး၊ ကလစ်ချီ၊ နာဆရီနဲ့  ဆက်ဂ်နာတို့ဖြစ်ပြီး ထိုက်တန်တဲ့ ငွေကြေးပေးပြီး ခေါ် ယူခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ အဲဒီကစားသမားတွေကို ၂၀၀၉ခုနှစ်ကစပြီး ငါးနှစ်အတွင်း ခေါ်ယူအသုံးပြုခဲ့ တာဖြစ်လို့  မန်စီးတီးလည်း ဆုဖလားတွေ ရရှိခဲ့ ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၀၉ ခုနှစ်က အာဆင်နယ်တိုက်စစ်မှူး အဒီဘာယောကို ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းနဲ့ ငါးနှစ်စာချုပ် ခေါ်ယူခဲ့ ပြီး အဲဒီနှစ်မှာပဲ ကိုလိုတိုရေးကို ပြောင်းရွှေ့ ကြေးပေါင် ၁၆ သန်းနဲ့  ခေါ်ယူခဲ့ ပြန်ပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ်မှာ ကလစ်ချီကို ပြောင်းရွှေ့ကြေးပေါင်း ၇ သန်းနဲ့ ခေါ်ယူခဲ့ ပြီး အဲဒီနှစ် နွေရာသီမှာပဲ နာဆရီကို ပြောင်းရွှေ့ ကြေးပေါင် ၂၅ သန်းနဲ့  ခေါ်ယူခဲ့ပြန်ပါတယ်။ ဆက်ဂ်နာကိုတော့ ၂၀၁၄ ခုနှစ် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ မှုနဲ့ သုံးနှစ်စာချုပ်ခေါ်ယူခဲ့ တာ ဖြစ်ပါတယ်။

(အာစင်ဝင်းဂါးနဲ့ စွယ်စုံကစားသမားဝီရှိုင်းယား)

အဲဒီလို အာဆင်နယ်အသင်းရဲ့  အကောင်း ဆုံးခြေစွမ်းပြဖြစ်နေတဲ့  ကစားသမားတွေ ကို ခေါ်ယူခဲ့ တာမို့  မန်စီးတီးရဲ့ အောင်မြင်မှု ဟာ အာဆင်နယ်နဲ့  ကင်းကွာလို့ မရဘူးလို့  ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ မန်စီးတီး ဟာအာဆင်နယ်ကစားသမားတွေနဲ့  အောင်မြင် မှု ရရှိနေပေမယ့်  အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ အသင်း ဟန်ချက်မပျက်အောင်ရုန်းကန်နေရတဲ့  အခြေအနေနဲ့  ရင်ဆိုင်နေရပါတယ်။ ပရီမီယာလိဂ်မှာ သက်တော်ရှည်နည်းပြတစ်ဦးဖြစ်တဲ့  အာစင်ဝင်းဂါးဟာ လူငယ်တွေကို ခြေစွမ်းထက်မြက်အောင်၊ နေရာအလိုက်အကောင်းဆုံးခြေစွမ်း ပြနိုင်အောင် ကြိုးစားထူထောင်နေပေမယ့် တကယ်တမ်းအသင်းမှာ အား ထားရချိန်ရောက်ရင် ထုတ်ရောင်းနေရတာနဲ့  ကြုံတွေ့နေရပါတယ်။ ဒါကြောင့်အာစင်ဝင်းဂါးအတွက် သမင်မွေးရင်းကျားစားရင်း ဖြစ်နေတာမို့  လာမယ့်အပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမား ၀ဲလ်ရှိုင်းယား ဟာ မန်စီးတီးကို ရောက်ရှိဦးမယ်ဆိုရင်တော့ ဝေဖန်မှုတွေကျယ်လောင်လာ ဦးမှာ မလွဲမသွေပါပဲ။

+မိုးမြင့်လင်းလက်+

(ပရီမီယာလိဂ်မှာ သက်တော်ရှည်နည်းပြတစ်ဦးဖြစ်တဲ့  အာစင်ဝင်းဂါးနဲ့ စွယ်စုံကစားသမားဝီရှိုင်းယား)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)