ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 26, 2015

==၁ရက်လူ၂၀သန်းကျော်တလာဆွစ်နှင့်  ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း==

>
**၂၄ နာရီအကြာတွင်ကြည့်ရှုသူပေါင်း ၂၀သန်းကျော်ခဲ့တဲ့တေလာဆွစ်၏ သီချင်းသစ် ''Bad Blood" **

 တေလာဆွစ်၏ သီချင်းသစ် ''Bad Blood" ၏ ဗီဒီယိုသည် စတင်ထုတ်လွှင့် ပြီး ၂၄ နာရီအကြာတွင် ကြည့်ရှုသူပေါင်း ၂၀ ဒသမ ၁ သန်းရှိခဲ့ ရာ Vevoမှတ်တမ်းတွင် စံချိန်သစ်ချိုးနိုင်ခဲ့ သည်။

အဆိုပါ ဗီဒီယိုတွင် တေလာ၏ အချစ်ဆုံးသူငယ်ချင်းများနှင့်  ဆယ်လီနာ ဂိုမက်ဇ်၊ ဂျက်ဆီကာအယ်လ်ဘာတို့ အပါအ၀င် လေးစားအားကျရသော အခြားအဆိုတော်များ ပါဝင်သရုပ်ဆောင်ထားကာ မေ ၂၁ ရက်က အင်တာနက်မှတစ်ဆင့်ထုတ်လွှင့် ပြသခဲ့ ခြင်းဖြစ်သည်။ တေလာမတိုင်မီ Vevo မှတ်တမ်းတွင် စံချိန်ချိုးထားနိုင်ခဲ့သော နစ်ကီမင်နက်ရှ်၏ ''Anaconda"သည် ကြည့်ရှုသူပေါင်း ၁၉ ဒသမ ၆ သန်းရှိခဲ့ လေသည်။(ခင်ခင်သက်)

**အဆိုတော်ယူရီ၏အလှတရားနှလျှို့ ဝျက်ချက်**

Girls Generationမှ အဆိုတော်ယူရီသည် ဇွန်လထုတ် Cosmopolitanမဂ္ဂဇင်းတွင် သူ၏ကျ
န်းမာကြံ့ခိုင်သည့်  အလှတရားနှင့် ပတ်သက်ပြီးဖွင့် ဟပြောဆိုသွားခဲ့သည်။ အလှပဂေးယူရီက သူ၏အလှအပလျှို့ ဝှက်ချက်မှာ““အရာရာကိုအမြဲတမ်း အကောင်းဘက်က ပဲတွေးပါတယ်။ တစ်ခါတလေ အမှားလုပ်လိုက်မိတဲ့ အခါမျိုး၊ ဒါမှမဟုတ် ပင်ပန်းပြီးအခက်အခဲတွေနဲ့  ရင်ဆိုင်နေရတဲ့ အခါမျိုးမှာတောင် အကောင်းမြင်စိတ်နဲ့ ပဲ ကြည့် ပါတယ်။ ဒီမကောင်းတဲ့ အရာတွေဆိkတာ အမြဲရှိနေတာမဟုတ်ဘူး။ မကြာခင်ပြီးဆုံးသွားမှာပဲဆိုပြီး တက်တက် ကြွကြွပျော်ပျော်ရွှင်ရွှင်နေတတ်လို့  ပါပဲ”” ဟုဆိုသည်။ ပြီးပြည့် စုံသောအလှတရားပိုင်ရှင်ဖြစ်ရန်မှာရုပ်ကိုသာအလှပြင်နေ၊ုံနှင့်မပြီးဘဲ မိမိ၏အတွင်းစိတ်ကိုလည်းလှပအောင် စိတ်ထားတတ်ဖို့ အရေးကြီးကြောင်းကိုလည်း ယူရီ က အလှအပနဲ့ ပတ်သက်ပြီးပြောပြသွားခဲ့သည်။ အဆိုတော်ယူရီသည် မကြာသေးမီက အိုစန်ဟေးနှင့် လူသိရှင်ကြား လူအများရှေ့တွင် တွဲပြခဲ့ ပြီး လက်ရှိတွင် Girls’ Generationအဖွဲ့ ၏ အယ်လ်ဘမ်သစ်ကိုမေလတွင်ထွက်ရှိနိုင်ရေးအတွက် ပြင်ဆင်နေကြောင်းသိရသည်။ (စန္ဒာဝင်း)

** နောက်နှစ်မှာကစားသမားသစ်များထပ်မံခေါ်ယူကာ ယှဉ်ပြိုင်မှုမြင့် မားသည့်  ပုံစံတည်ဆောက်မည်ဟု မော်ရင်ဟိုဆို**
ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက နောက်နှစ်ဘောလုံးရာသီတွင် လက်ရှိချန်ပီယံအသင်းသားများကိုဖိအားပေးသည့် အနေဖြင့် ကစားသမားသစ်များထပ်မံခေါ်ယူကာ ယှဉ်ပြိုင်မှုမြင့် မားသည့်  ပုံစံဖြင့်  ပိုမိုအားကောင်းသော ကစားသမားအင်အားစာရင်းရရှိအောင် အားဖြည့် သွားမည်ဟုဆိုခဲ့ သည်။ ချယ်လ်ဆီးသည်ယခုနှစ်တွင် ပရီမီယာလိဂ်ဖလားချန်ပီယံဘွဲ့ ကိုကစားချိန် ၂၇၄ ရက်ဖြင့်  စံချိန်တင်ရရှိခဲ့ သော်လည်း နည်းပြမော်ရင်ဟိုက အသင်းမှထွက်ခွာရန်သေချာနေသည့်  တိုက်စစ်မှူးဒရော့ဘာ၊ အသင်းပြောင်းရွှေ့ ရန် နီးစပ်နေသည့် ဂိုးသမားပီတာချက်တို့နေရာတွင် ကစားသမားသစ်များအစားထိုးဖြည့် ဆည်းနိုင်မှသာ လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်မည်ကို သိရှိထားသည်။ ““ကျွန်တော်တို့ ရဲ့ ပြိုင်ဘက်အသင်း သုံး၊ လေးသင်းလောက်က ချန်ပီယံဆုကိုစိန်ခေါ်ဖို့ အတွက် အပြိုင်အဆိုင်ကြိုးပမ်း နေချိန်မှာကိုယ့် အသင်းကိုပိုကောင်းတဲ့ လူစာရင်း၊ တောင့် တင်းတဲ့  နည်းဗျူဟာအခင်းအကျင်း၊ ကျွန်တော်ကိုယ်တိုင်လည်းပိုပြီး တိုးတက်နေအောင်ကြံဆနေရမှာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ဖိအားအောက်ရောက်နေမယ့်  ကျွန်တော့် ကစားသမားတွေကို သွေးသစ်ထပ်လောင်းပေးရမှာပါ။အသင်းသားတွေက ကျွန်တော့် အကြောင်းသေချာသိနေတော့ နောက်နှစ်မှာသူတို့ဒီအနေ အထားအတိုင်းနေရာရချင်မှရမယ်ဆိုလည်းသိနေပါတယ်။ ကျွန်တော်တို့ အသင်းကို အချို့ လူတွေက ကစားကွက်အခင်း အကျင်းမကောင်းဘဲ ရလဒ်ပဲကောင်းအောင်ကစားတတ်တဲ့ အသင်းလို့ ဝေဖန်နေကြပါတယ်။ ဒါကမမှန်ပါဘူး။ ချယ်လ်ဆီးဟာ အခြားအသင်းနဲ့ မတူတဲ့  အင်အားကြီးမားတဲ့  စိတ်ဓာတ်ခွန်အားမျိုးပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်တယ်ဆိုတာ သူတို့ မသိရှိကြလို့ ပြောတာမျိုးလို့  ထင်ပါတယ်”” ဟု မော်ရင်ဟိုက ဆိုခဲ့ သည်။ မော်ရင်ဟိုက ချယ်လ်ဆီးသို့ ပြန်လည်ရောက်ရှိလာခြင်းမှာယင်းအတွက်စိန်ခေါ်မှုအသစ်တစ်ရပ်ဖြစ်ခဲ့ပြီး အသင်းကို သွေးသစ်လောင်းကာ ပြန်လည်တည့်မတ်ပေးနိုင်ခဲ့သည့်အတွက် ချန်ပီယံဆုကို တစ်ကျော့ပြန်ရရှိခဲ့ ခြင်းဖြစ်သည်ဟုလည်းသူ၏ ယုံကြည်မှုကိုထုတ်ဖော်ပြောကြားခဲ့ သည်။(မေလဲ့သင်း) 

**ဂိုးအများဆုံး စံချိန်တင်ပြီးလာလီဂါကိုအဆုံးသတ်သွားတဲ့ စီရော်နယ်ဒို**
ယခုနှစ် စပိန်လာလီဂါကတော့ ပြီးဆုံးသွားခဲ့ ပါပြီ။ ရီးရဲမက်ဒရစ်တို့  ဖလားများနဲ့ လွဲချော်ခဲ့ ပေမယ့်  တိုက်စစ်မှူးစီရော်နယ်ဒိုကတော့ ယခုနှစ် ရာသီမှာဂိုးပေါင်း ၆၁ ဂိုးနဲ့  ဂိုးအများဆုံး စံချိန်တင်သွားခဲ့ပါတယ်။ ရီးရဲမက်ဒရစ်တို့ ရဲ့ နောက်ဆုံးပွဲအဖြစ် ဂီတာဖေးလ်နဲ့  ကစားရာမှာခုနှစ်ဂိုးသုံးဂိုးနဲ့ အနိုင်ရရှိသွားခဲ့ ပါတယ်။ ဒီပွဲမှာစီရော်နယ်ဒိုက ပထမပိုင်းမှာပဲ ဟက်ထရစ်ဂိုးသွင်းယူပေးခဲ့ နိုင်ပါတယ်။ စီရော်နယ်ဒိုဟာ ၂၀၁၁-၂၀၁၂ ရာသီက ဂိုးပေါင်း ၆၀ သွင်း ယူခဲ့ တဲ့နှစ်ကထက် ဒီနှစ်မှာ တစ်ဂိုး ပိုသွင်းနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဂိုးပေါင်း ၆၁ ဂိုးအနက် ၄၈ ဂိုးဟာ လာလီဂါ လိဂ်ဂိုးတွေအဖြစ် သွင်းယူနိုင်ခဲ့ တာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်နဲ့  ခြောက်နှစ်တာအတွင်း အများဆုံးသွင်းယူခဲ့ တဲ့  လိဂ်ဂိုးများ ဖြစ်ပါတယ်။ ပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီထက်လည်း ငါးဂိုးပိုသွင်းနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဒီနှစ်ထဲမှာ ရီးရဲမက်ဒရစ်အတွက် ဟက်ထရစ်ဂိုး ရှစ်ကြိမ်သွင်းယူခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့  ဒီပွဲမှာပဲ စီ၊ိုနယ်ဒိုနေရာမှညာအသက် ၁၆ နှစ်အရွယ်သာရှိတဲ့  နော်ဝေကစားသမား အိုဒီဂတ် လူစားဝင်ကစားခဲ့ ပါတယ်။ သူဟာ ဒီနှစ်စပိန်လာလီဂါရဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်ခဲ့ ပါတယ်။ အသက် ၁၆ နှစ်နှင့် ၁၅၇ ရက်ရှိပါတယ်။(ကောင်းမြတ်သူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)