+မိုးမြင့်လင်းလက်+
ဒီနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဇွန် ၇ ရက်မှာ ဘာစီလိုနာနဲ့  ဂျူဗင်တပ်တို့  ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ အကောင်းဆုံးကလပ်အဖြစ် သက်သေပြဖို့ အကောင်းဆုံးအခွင့် အရေး ဖြစ်တဲ့  ဒီဗိုလ်လုပွဲကိုကမ္ဘာတစ်ဝန်းက ပရိသတ်သန်းပေါင်းများစွာက ရုပ်မြင်သံကြားကတစ်ဆင့်  အားပေးကြည့် ၊ှုကြမှာဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲကို ရောက်ရှိလာတဲ့ အသင်းနှစ်သင်းထဲမှာ နာမည်ကြီး ဘာစီလိုနာရဲ့  ချန်ပီယံလိဂ်ပြိုင်ပွဲ အစဉ်အလာကိုသုံးသပ်ကြည့် ရင် အောင်မြင်မှုတွေ၊ကျရှုံးမှုတွေနဲ့  ပြည့် နှက်နေပေမယ့်  အောင်မြင်မှုတွေကိုရင်ဝယ်ပိုက်ပြီး အောင်ပွဲခံရမှုတွေများနေခဲ့ တာတော့ အမှန်ပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့  သမိုင်းကိုကြည့်ရင် ဘာစီလိုနာတို့  ဗိုလ်လုပွဲအဆင့်ကို စုစုပေါင်း ရှစ်ကြိမ်တက်ရောက်နိုင်ခဲ့တာ တွေ့ ရမှာဖြစ်ပါတယ်။ အခုအကြိမ် ဗိုလ်လုပွဲတက်ရောက်မှုမပါ ကျန်တဲ့ ခုနှစ်ကြိမ်တက်ရောက်ခဲ့ရာမှာ ဘာစီလိုနာတို့  လေးကြိမ်ဗိုလ်စွဲခဲ့ ပြီး သုံးကြိမ်ကတော့ ဒုတိယနဲ့  ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ဗိုလ်စွဲခဲ့ တဲ့ အကြိမ်တိုင်းမှာ ဗို လ်လုပွဲကို အင်္ဂလန်၊ ပြင်သစ်နဲ့အီတလီတို့မှာ ကစားခဲ့တာဖြစ်ပါတယ်။ အခုဗိုလ်လုပွဲကတော့ ဂျာမနီနိုင်ငံဖြစ်နေတာမို့  ငါးကြိမ်မြောက် ဗိုလ်စွဲဖို့  အလားအလာကောင်းတွေလည်း ရှိနေခဲ့ ပါတယ်။ ၁၉၉၁-၁၉၉၂ ဘောလုံးရာသီရဲ့  ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ မှာဆမ်ဒိုးရီးယားအသင်းနဲ့  ကစားတဲ့ အခါ ဘာစီလိုနာတို့ က တစ်ဂိုး ဂိုးမရှိနဲ့  နိုင်ပြီး ချန်ပီယံလိဂ်ဖလားကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့ ပါတယ်။ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီမှာတော့ ပြင်သစ်နိုင်ငံမှာကစားတဲ့ ဗိုလ်လုပွဲမှာ အာဆင်နယ် အသင်းကို နှစ်ဂိုးပြတ်နဲ့နိုင်ပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရရှိခဲ့ ပြန်ပါတယ်။ ဒါ့အပြင် ၂၀၀၈-၂၀၀၉ ဘောလုံးရာသီမှာအီတလီနိုင်ငံမှာကစားခဲ့ တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ယူအသင်းကို နှစ်ဂိုးပြတ်နိုင်ပွဲရခဲ့ပြီး တတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြန်ပါတယ်။ ဆက်လက်ပြီး ၂၀၁၀-၂၀၁၁ ဘောလုံးရာသီမှာတော့ မန်ယူအသင်းကိုပဲ သုံးဂိုး-တစ်ဂိုးနဲ့ နိုင်ပြီး စတုတ္ထအကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ ပြန်ပါတယ်။ ဒါကြောင့် အခု ဂျာမနီမြေမှာကစားမယ့် ဗိုလ်လုပွဲမှာ ဘာစီလိုနာတို့ ပြိုင်ဘက်ဂျူဗင်တပ်ကို နိုင်ပွဲရအောင်ကစားပြီး ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ နှစ်သင်းကိုကြည့်ရင် ယေဘုယျအနေနဲ့ ဘာစီလိုနာတို့က တစ်ဦးချင်းရော အသင်းလိုက်ပါ ခြေစွမ်းပိုင်း မယှဉ်နိုင်အောင်သာလွန်နေပေမယ့်  ဖလားရလိုမှု စိတ်ဓာတ်ပြင်းပျတဲ့  အပိုင်းမှာတော့ ဂျူဗင်တပ်ကို မယှဉ်နိုင်ပါဘူး။ ဒီနှစ်မှာ ဆုဖလားသုံးလုံးရယူဖို့ ကြိုးစားနေတဲ့  ဘာစီလိုနာဟာနည်းပြအင်းနရစ်ကြောင့်  လက်တွေ့အကောင်အထည်ဖော်ဖို့  လက်တစ်ကမ်းအကွာမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ အောင်မြင်မှုတွေနဲ့  ပြည့် လျှံနေတဲ့  ဘာစီလိုနာ ကစားသမားတွေကို နိုင်ပွဲမွတ်သိပ်နေတဲ့ ဂျူဗင်တပ်တို့က စနစ်တကျနဲ့ ပြင်ဆင်ပြီး ခုခံပါလိမ့် မယ်။ ဒါပေမယ့်  မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တို့ ရဲ့  ကမ္ဘာ့ကျော်တိုက်စစ်အတွဲက ဂျူဗင်တပ်ခံစစ်မှူးတွေကို နေရာစုံကထိုးဖောက်ပြီး ဂိုးရအောင်သွင်းယူဖို့ ကြိုးစားမှာမို့  ဒီပွဲဟာ ဘာစီလိုနာပရိသတ်တွေရဲ့  အောင်ပွဲခံတေးသံတွေ လွင့် ပျံနေအုံးမယ့်ပွဲဖြစ်ပါလိမ့် မယ်။
+မိုးမြင့်လင်းလက်+
No comments:
Post a Comment