ဥရောပတစ်ခွင် ပြည်တွင်းလိဂ် ပွဲစဉ်တွေရဲ့ ရာသီကုန် နောက်ဆုံး ပွဲစဉ်တွေကို နှုတ်ဆက်ပိတ်သိမ်းချိန် ရောက်လာခဲ့ ပြီဖြစ်ပါတယ်။ လိဂ်ပွဲစဉ် တွေအပြီးမှာအက်ဖ်အေဖလား ဗိုလ်လုပွဲကို မေ ၃၀ ရက်မှာအာဆင်နယ် နဲ့ဗီလာတို့ ယှဉ်ပြိုင်ကစားပါတော့မယ်။ အင်္ဂလန်ရဲ့  သက်တမ်းရင့် ဖလားပွဲစဉ်ဖြစ်တာမို့ ပရိသတ်သန်းပေါင်းများစွာတို့ က စောင့် ကြည့်  အားပေးကြဦးမှာ ဖြစ်ပါတယ်။ ဒီနှစ်အက်ဖ်အေဖလား ဗိုလ်လုပွဲကိုတက်ရောက်လာတဲ့  အာဆင်နယ် နဲ့ဗီလာတို့ ရဲ့  အနေအထားကို ကြည့် ရင်တော့ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား ချန်ပီယံအဖြစ် ၁၁ ကြိမ် ဆွတ်ခူးရရှိခဲ့တဲ့ အတွက် အအောင်မြင်ဆုံးဖြစ်ပြီး နောက်ဆုံးအကြိမ် အက်ဖ်အေဖလားဆွတ်ခူးခဲ့ တာက ၂၀၁၄ ခုနှစ်က ဖြစ်ပါတယ်။ ဒုတိယရရှိခဲ့တာ စုစုပေါင်း ခုနစ် ကြိမ်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်က နောက်ဆုံးအကြိမ် ဒုတိယရရှိခဲ့ခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲရဲ့  နောက်ဆုံး၁၁ နှစ်အတွင်း ယှဉ်ပြိုင်ခဲ့ တဲ့ ရလဒ်တွေကိုကြည့် ရင် ၂၀၀၀-၂၀၀၁ ဗိုလ်လုပွဲမှာ လီဗာပူးကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးပြီး ဖလားလက်လွှတ်ခဲ့ရကာ ၂၀၀၁-၂၀၀၂ ခုနှစ်မှာ ချယ်လ်ဆီး ကို နှစ်ဂိုးပြတ်နဲ့နိုင်ပြီး ဗိုလ်စွဲခဲ့ပါတယ်။ ၂၀၀၂-၂၀၀၃ ခုနှစ်မှာ ဆောက်သမ်တန်ကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးပြီး ဖလားလက်လွှတ်ခဲ့ရပြန်ပါ တယ်။ ၂၀၀၄-၂၀၀၅ ခုနှစ်မှာ မန်ယူနဲ့ ဗိုလ်လုပွဲမှာဆုံခဲ့ ပြီး ဂိုးမရှိ သရေဖြစ်ခဲ့လို့ ပယ်နယ်တီအဆုံး အဖြတ်နဲ့  အာဆင်နယ်တို့ ဗိုလ်စွဲခဲ့ ပါ တယ်။အဲဒီနောက်ပိုင်းမှာ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာတာ့ ဗိုလ်လုပွဲမှာဟားလ်စီးတီးတို့ နဲ့ ဆုံပြီး အာဆင်နယ်တို့ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရကာ အက်ဖ်အေဖလား ရရှိခဲ့ ခြင်းဖြစ်ပါ တယ်။ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား လက်ရှိချန်ပီယံဖြစ် ပြီး သုံးနှစ်ဆက်တိုက် အက်ဖ်အေဖလားချန်ပီယံမဖြစ်ခဲ့ ပေမယ့်  လက်ရှိ ခြေစွမ်းအရ ဒီနှစ်မှာချန်ပီယံအဖြစ်ကာကွယ်နိုင်ဖို့  အကောင်းအဆုံးအနေအထား ဖြစ်နေပါတယ်။ဗီလာအသင်းကတော့အက်ဖ်အေ ဖလားပွဲသမိုင်းတစ်လျှောက်မှာမှတ်တမ်းကောင်းရရှိခဲ့ တဲ့ အသင်း မဟုတ်ပေမယ့် နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်တာကို အကဲခတ်ရင် တော့ သူရဲ့ ခြေစွမ်းဟာ အညံ့စား မဟုတ်ပါဘူး။ ဗီလာအသင်းဟာ လောလောဆယ်မှာ ၀က်စ်ဟမ်းကို တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲရထားပြီး ဆောက် သမ်တန်ကိုရှုံးပွဲကြုံခဲ့ ပါတယ်။ ဗီလာမှာ ဂိုးသွင်းနေသူကတော့ ဘန်တီကီဖြစ်ပြီး ဂိုးဖန်တီးမှု အများ ဆုံး ပြုလုပ်တာကတော့ ဂရီယာလစ် ဖြစ်ပါတယ်။ အာဆင်နယ်နဲ့  ဗီလာတို့ ရဲ နောက်ဆုံးငါးပွဲတွေ့ ဆုံမှုမှတ်တမ်း ကိုကြည့် ရင် ဗီလာတို့  နှစ်ပွဲသာ နိုင် ထားပြီး ကျန်သုံးပွဲကတော့ အာဆင်နယ်တို့  နိုင်ထားပါတယ်။ ဒီနှစ် ပရီမီယာလိဂ်မှာ လည်း အာဆင်နယ်ကို ဗီလာက နှစ်ကျော့စလုံးမှာ ဂိုးပြတ်နဲ့  ရှုံးပွဲကြုံထားလို့  အာဆင်နယ်တို့ ပဲ အသာရနေပါတယ်။
ဥရောပတစ်ခွင် ပြည်တွင်းလိဂ် ပွဲစဉ်တွေရဲ့ ရာသီကုန် နောက်ဆုံး ပွဲစဉ်တွေကို နှုတ်ဆက်ပိတ်သိမ်းချိန် ရောက်လာခဲ့ ပြီဖြစ်ပါတယ်။ လိဂ်ပွဲစဉ် တွေအပြီးမှာအက်ဖ်အေဖလား ဗိုလ်လုပွဲကို
မေ ၃၀ ရက်မှာအာဆင်နယ် နဲ့ဗီလာတို့ ယှဉ်ပြိုင်ကစားပါတော့မယ်။ အင်္ဂလန်ရဲ့  သက်တမ်းရင့် ဖလားပွဲစဉ်ဖြစ်တာမို့ ပရိသတ်သန်းပေါင်းများစွာတို့ က စောင့် ကြည့်  အားပေးကြဦးမှာ ဖြစ်ပါတယ်။ ဒီနှစ်အက်ဖ်အေဖလား ဗိုလ်လုပွဲကိုတက်ရောက်လာတဲ့  အာဆင်နယ် နဲ့ဗီလာတို့ ရဲ့  အနေအထားကို ကြည့် ရင်တော့ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား ချန်ပီယံအဖြစ် ၁၁ ကြိမ် ဆွတ်ခူးရရှိခဲ့တဲ့ အတွက် အအောင်မြင်ဆုံးဖြစ်ပြီး နောက်ဆုံးအကြိမ် အက်ဖ်အေဖလားဆွတ်ခူးခဲ့ တာက ၂၀၁၄ ခုနှစ်က ဖြစ်ပါတယ်။ ဒုတိယရရှိခဲ့တာ စုစုပေါင်း ခုနစ် ကြိမ်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်က နောက်ဆုံးအကြိမ် ဒုတိယရရှိခဲ့ခြင်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲရဲ့  နောက်ဆုံး၁၁ နှစ်အတွင်း ယှဉ်ပြိုင်ခဲ့ တဲ့ ရလဒ်တွေကိုကြည့် ရင် ၂၀၀၀-၂၀၀၁ ဗိုလ်လုပွဲမှာ လီဗာပူးကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးပြီး ဖလားလက်လွှတ်ခဲ့ရကာ ၂၀၀၁-၂၀၀၂ ခုနှစ်မှာ ချယ်လ်ဆီး ကို နှစ်ဂိုးပြတ်နဲ့နိုင်ပြီး ဗိုလ်စွဲခဲ့ပါတယ်။ ၂၀၀၂-၂၀၀၃ ခုနှစ်မှာ ဆောက်သမ်တန်ကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးပြီး ဖလားလက်လွှတ်ခဲ့ရပြန်ပါ တယ်။ ၂၀၀၄-၂၀၀၅ ခုနှစ်မှာ မန်ယူနဲ့ ဗိုလ်လုပွဲမှာဆုံခဲ့ ပြီး ဂိုးမရှိ သရေဖြစ်ခဲ့လို့ ပယ်နယ်တီအဆုံး အဖြတ်နဲ့  အာဆင်နယ်တို့ ဗိုလ်စွဲခဲ့ ပါ တယ်။အဲဒီနောက်ပိုင်းမှာ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာတာ့ ဗိုလ်လုပွဲမှာဟားလ်စီးတီးတို့ နဲ့ ဆုံပြီး အာဆင်နယ်တို့ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရကာ အက်ဖ်အေဖလား ရရှိခဲ့ ခြင်းဖြစ်ပါ တယ်။
အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား လက်ရှိချန်ပီယံဖြစ် ပြီး သုံးနှစ်ဆက်တိုက် အက်ဖ်အေဖလားချန်ပီယံမဖြစ်ခဲ့ ပေမယ့်  လက်ရှိ ခြေစွမ်းအရ ဒီနှစ်မှာချန်ပီယံအဖြစ်ကာကွယ်နိုင်ဖို့  အကောင်းအဆုံးအနေအထား ဖြစ်နေပါတယ်။ဗီလာအသင်းကတော့အက်ဖ်အေ ဖလားပွဲသမိုင်းတစ်လျှောက်မှာမှတ်တမ်းကောင်းရရှိခဲ့ တဲ့ အသင်း မဟုတ်ပေမယ့် နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်တာကို အကဲခတ်ရင် တော့ သူရဲ့ ခြေစွမ်းဟာ အညံ့စား မဟုတ်ပါဘူး။ ဗီလာအသင်းဟာ လောလောဆယ်မှာ ၀က်စ်ဟမ်းကို တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲရထားပြီး ဆောက် သမ်တန်ကိုရှုံးပွဲကြုံခဲ့ ပါတယ်။ ဗီလာမှာ ဂိုးသွင်းနေသူကတော့ ဘန်တီကီဖြစ်ပြီး ဂိုးဖန်တီးမှု အများ ဆုံး ပြုလုပ်တာကတော့ ဂရီယာလစ် ဖြစ်ပါတယ်။ အာဆင်နယ်နဲ့  ဗီလာတို့ ရဲ နောက်ဆုံးငါးပွဲတွေ့ ဆုံမှုမှတ်တမ်း ကိုကြည့် ရင် ဗီလာတို့  နှစ်ပွဲသာ နိုင် ထားပြီး ကျန်သုံးပွဲကတော့ အာဆင်နယ်တို့  နိုင်ထားပါတယ်။ ဒီနှစ် ပရီမီယာလိဂ်မှာ လည်း အာဆင်နယ်ကို ဗီလာက နှစ်ကျော့စလုံးမှာ ဂိုးပြတ်နဲ့  ရှုံးပွဲကြုံထားလို့  အာဆင်နယ်တို့ ပဲ အသာရနေပါတယ်။
No comments:
Post a Comment