ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ ပြောင်းအလုပ်သမားကွန်ယက် (MMNT) ၏ (၇) ကြိမ်မြောက် အစည်းအဝေး ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တနေရာတွင် ယနေ့ ကျင်းပသည်။ အစည်းအဝေးတွင် ကွန်ရက်၏အထွေထွေအတွင်း ရေးမှူး ဦးမိုးကြိုးမှ ယခုတာဝန်ကျနေတဲ့  တတိယမြောက် အလုပ်သမားသံအရာရှိနှစ်ဦး ဦးလှထွန်း၊ ဦးစိုးနိုင် တို့ နှင့် ဆက်စပ်လုပ်ကိုင်ကြရမယ့်အကြောင်း လိုအပ်တဲ့ စေ့ဆော်တိုက်တွန်းမှုမျိုးနှင့်မူဝါဒသစ် သတင်းအချက် အလက် တွေကို ထိုင်းနှင့်မြန်မာ ၂ နိုင်ငံအစိုးရ သိရှိအောင် စေ့ဆော်တိုက်တွန်းကြ စေလိုကြောင်း အဖွင့် အမှာ စကားပြောကြာသည်။
ထို့ နောက်တက်ရောက် လာကြသော ထိုင်းနိုင်ငံမြောက်ပိုင်းဒေသကြီး (ချင်းမိုင်) ၊ ထိုင်းနိုင်ငံ အနောက်ပိုင်း ဒေသကြီး(မဲဆောက်၊ တာ့ ခ်)၊ ထိုင်းနိုင်ငံအလယ်ပိုင်းဒေသကြီး(ဘန်ကောက်)တို့ မှ အလုပ်သမား ပြဿသနာနှင့် လတ်တလော သတင်းအချက်အလက်များကို ဖလှယ်ကြသည်။ အရံအလုပ်အမှုဆောင်ဒေါါ်သက်သက်ဦး၏မြန်မာရွှေ့ ပြောင်းအလုပ်သမား ပန်းရောင်ကဒ်ကိုင်ဆောင်ကြသူများအတွက်သာမာန်နိုင်ငံကူးလက်မှတ် စာအုပ်ဲပြုလုပ်ရေးအခက်အခဲများနှင့်အခြားအကြောင်းအရာများကိုမြန်မာ နိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့်ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့ ထံ အစီရင်ခံတင်ပြရန်တို့ ကိုအလျင်အမြန်ဆောင်ရွက်ရန်၊ထိုင်းရေဒီယို (အမ်တီအက်ဖ်)တွင်အမ်အမ်အမ်တီကွန်ရက်မှမြန်မာရွှေ့ ပြောင်း အလုပ်သမားပညာပေးအစီအစဉ်ထုတ်လွှင့်ရန်တို့ ကိုရှေ့ လုပ်ငန်းစဉ် များကို ဆွေးနွေးအဖြေရှာကြပြီး နောက်တစ်ကြိမ်နှစ်ပတ်လည်ညီလာခံနှင့် တိုက်ဆိုင်သော၈ကြိမ်မြောက်အစည်း အဝေးကို လာမည့် စက်တင်ဘာလ၂၆ရက်တွင် ပြုလုပ်ရန်သဘောတူကြသည်။
+(ဇွန်လ ၂၈ ၊ ၂၀၁၅= သောင်ရင်းနဂါး)+

No comments:
Post a Comment