ပြီးခဲ့ တဲ့  ဘောလုံးရာသီက ဂျာမန်စူပါဖလားဗိုလ်လုပွဲမှာဒေါ့မွန်ကို နှစ်ဂိုး ပြတ်နဲ့  ရှုံးပွဲကြုံပြီး ဖလားလက်လွှတ်ခဲ့ ရတဲ့  ဘိုင်ယန်မြူးနစ်ဟာ ဂျာမန် စူပါ ဖလားကို ၁၉၈၇၊ ၁၉၉၀၊ ၂၀၁၀ နဲ့  ၂၀၁၂ ခုနှစ်တွေမှာ ဆွတ်ခူးရရှိထားတဲ့  မှတ်တမ်းရှိပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့ တဲ့ နှစ်က ဖလားသုံးလုံး အိပ်မက် ပျက်ပြယ်ခဲ့ ပြီး အခုလာမယ့်  ရာသီမှာတော့ လက်တွေ့ ကျကျအကောင်အထည် ဖော်နိုင်ဖို့  ဒီပွဲမှာ စတင်ပြီး သက်သေပြရမှာဖြစ်တာကြောင့်  နည်းပြ ဂွာဒီ ယိုလာအတွက် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့  တိုက်စစ်မှူးတွေဖြစ်တဲ့  သောမတ်မူလာ၊ လီဝမ်ဒေါစကီး တို့ ကို ကွင်းလယ်နဲ့  တောင်ပံတိုက်စစ်သန်သူတွေဖြစ်တဲ့  အလွန်ဆို၊ ရော်ဘင်၊ အော်စကာ၊ မာတီနက်၊ ဂေါဇီစတဲ့  ကစားသမားတွေနဲ့  ၀န်းရံလိုက်တဲ့ အခါ ပြိုင်ဘက်တိုင်း ထိတ်လန့် ရတဲ့  တိုက်စစ်ဖြစ်လာပါတယ်။
နည်းပြ ဂွာဒီယိုလာ ကတော့ ကစားသမားတွေဟာ ပြိုင်ပွဲဝင်ဖို့ 
အသင့် ရှိနေပြီလို့ဆိုနေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လောလောဆယ်
မှာအင်တာမီလန်ကို တစ်ဂိုး-ဂိုးမရှိ နဲ့ နိုင်ထားသလို ဗလင်စီယာ
အသင်းကို ခြေစမ်းပွဲမှာ လေးဂိုး-တစ်ဂိုးနဲ့  နိုင်ပွဲရထားပါတယ်။
ဇူလိုင် ၁၂ ရက်က အော့စ်ဘတ်အသင်းနဲ့  ကစားတဲ့ အခါ တစ်ဂိုး-နှစ်ဂိုးနဲ့  ရှုံးခဲ့ ပြီး မွန်ချန်ဂလာဘတ်အသင်းနဲ့ ကစားတဲ့ အခါ ဂိုးမရှိ သရေဖြစ်ခဲ့ 
သလို ပယ်နယ်တီအဆုံးအဖြတ်နဲ့  သုံးဂိုး-လေးဂိုးနဲ့  ၊ှုံးထားပါတယ်။
ဒါကြောင့်  ဘိုင်ယန်မြူးနစ်ရဲ့  ခြေစွမ်းက အားရစရာတော့မရှိပါဘူး။
ဝုဖ်ဘတ်တို့ ကတော့ ပြီးခဲ့တဲ့ နှစ်က ဘွန်ဒက်စ်လီဂါမှာ ဒုတိယရရှိခဲ့ 
တဲ့  အသင်းဖြစ်ပြီး ပွဲပေါင်း ၃၄ ပွဲမှာပွဲ ၂၀ အနိုင်ရရှိကာ
သရေကိုးပွဲဖြစ်ခဲ့ သလို ရှုံးပွဲငါးပွဲဖြစ်ခဲ့ ပါတယ်။။
ဝုဖ်ဘတ်အသင်းမှာအာနိုလ်၊ အီဗန်ပါရစ်ဆစ်၊ ရီကာဒိုရို၊ဒရီဂွတ်၊ အိုလစ်၊ နာလ်ဒို၊ ဆက်ဒေါ့ စတဲ့ ကစားသမားတွေက အားထား ရသလို ဂိုးရအောင်လည်း သွင်းယူနိုင်သူတွေဖြစ်ပါတယ်။ ၀ုဖ်ဘတ်တို့ ဟာ ဒီနှစ်အပြောင်းအရွှေ့ မှာတိုက်စစ်မှူးတွေဖြစ်တဲ့  ဟိုစီနာ၊ မိုဒက်တီနဲ့  ဇိုလာတို့ ကို အသစ်ခေါ်ယူအားဖြည့် ထားပါတယ်။ ဒါ့အပြင် ဟန်နိုဗာအသင်းမှ ကွင်းလယ်ကစားသမား လီယိုနာဒိုဘစ်တင်ကော့၊ ဒေါ့ မွန်အသင်း ကွင်းလယ်ကစားသမား မီလော့စ်ဂျိုဗစ်တို့ ကို ခေါ်ယူအားဖြည့်  ထားတာမို့  အင်အားတောင့် တင်းနေပါတယ်။ ၀ုဖ်ဘတ်တို့ ကတော့ လောလောဆယ်မှာခြေစွမ်းကောင်းမွန်နေပြီး တိုက် စစ်ပိုင်းမှာလည်း ထက်မြက်နေတာမို့  ဘိုင်ယန်မြူးနစ်တို့ ထင်သလောက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါကြောင့်  ဒီနှစ်ဂျာမန်စူပါဖလားကို ဘယ်အသင်း ကိုင်မြှောက်အောင်ပွဲခံသွားနိုင်မလဲဆိုတာ စောင့် ကြည့် ရမှာဖြစ်ပါတယ်။ ။
+မိုးမြင့်လင်းလက်+
ဂျာမနီမြေက ထိပ်တန်းကလပ်တွေယှဉ်ပြိုင်ကြတဲ့  ၂၀၁၅ ဂျာမန်စူပါဖလား ပြိုင်ပွဲကိုတော့ လာမယ့် သြဂုတ် ၂ ရက်မှာ ကျင်းပမှာဖြစ်ပြီး လက်ရှိဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့  လက်ရှိပိုကယ်ဖလားပိုင်ရှင် ၀ုဖ်ဘတ်တို့  ၀ုဖ် ဘတ်မြို့ ဗောခ်စ၀ါဂန်အရီနာကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ရာသီအကြို ပြိုင်ပွဲတစ်ရပ်ဖြစ်ပေမယ့်  ရာသီသစ်ကို ဆုဖလားကိုင်မြှောက်ပြီး ဖြတ်သန်းနိုင်ဖို့အတွက် ခြေကုန်ထုတ်ကြမယ့်  ပွဲကောင်းတစ်ပွဲကို အားပေး ကြရဦးမှာဖြစ်ပါတယ်။
ပြီးခဲ့ တဲ့  ဘောလုံးရာသီက ဂျာမန်စူပါဖလားဗိုလ်လုပွဲမှာဒေါ့မွန်ကို နှစ်ဂိုး ပြတ်နဲ့  ရှုံးပွဲကြုံပြီး ဖလားလက်လွှတ်ခဲ့ ရတဲ့  ဘိုင်ယန်မြူးနစ်ဟာ ဂျာမန် စူပါ ဖလားကို ၁၉၈၇၊ ၁၉၉၀၊ ၂၀၁၀ နဲ့  ၂၀၁၂ ခုနှစ်တွေမှာ ဆွတ်ခူးရရှိထားတဲ့  မှတ်တမ်းရှိပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့ တဲ့ နှစ်က ဖလားသုံးလုံး အိပ်မက် ပျက်ပြယ်ခဲ့ ပြီး အခုလာမယ့်  ရာသီမှာတော့ လက်တွေ့ ကျကျအကောင်အထည် ဖော်နိုင်ဖို့  ဒီပွဲမှာ စတင်ပြီး သက်သေပြရမှာဖြစ်တာကြောင့်  နည်းပြ ဂွာဒီ ယိုလာအတွက် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့  တိုက်စစ်မှူးတွေဖြစ်တဲ့  သောမတ်မူလာ၊ လီဝမ်ဒေါစကီး တို့ ကို ကွင်းလယ်နဲ့  တောင်ပံတိုက်စစ်သန်သူတွေဖြစ်တဲ့  အလွန်ဆို၊ ရော်ဘင်၊ အော်စကာ၊ မာတီနက်၊ ဂေါဇီစတဲ့  ကစားသမားတွေနဲ့  ၀န်းရံလိုက်တဲ့ အခါ ပြိုင်ဘက်တိုင်း ထိတ်လန့် ရတဲ့  တိုက်စစ်ဖြစ်လာပါတယ်။
နည်းပြ ဂွာဒီယိုလာ ကတော့ ကစားသမားတွေဟာ ပြိုင်ပွဲဝင်ဖို့ 
အသင့် ရှိနေပြီလို့ဆိုနေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လောလောဆယ်
မှာအင်တာမီလန်ကို တစ်ဂိုး-ဂိုးမရှိ နဲ့ နိုင်ထားသလို ဗလင်စီယာ
အသင်းကို ခြေစမ်းပွဲမှာ လေးဂိုး-တစ်ဂိုးနဲ့  နိုင်ပွဲရထားပါတယ်။
ဇူလိုင် ၁၂ ရက်က အော့စ်ဘတ်အသင်းနဲ့  ကစားတဲ့ အခါ တစ်ဂိုး-နှစ်ဂိုးနဲ့  ရှုံးခဲ့ ပြီး မွန်ချန်ဂလာဘတ်အသင်းနဲ့ ကစားတဲ့ အခါ ဂိုးမရှိ သရေဖြစ်ခဲ့ 
သလို ပယ်နယ်တီအဆုံးအဖြတ်နဲ့  သုံးဂိုး-လေးဂိုးနဲ့  ၊ှုံးထားပါတယ်။
ဒါကြောင့်  ဘိုင်ယန်မြူးနစ်ရဲ့  ခြေစွမ်းက အားရစရာတော့မရှိပါဘူး။
ဝုဖ်ဘတ်တို့ ကတော့ ပြီးခဲ့တဲ့ နှစ်က ဘွန်ဒက်စ်လီဂါမှာ ဒုတိယရရှိခဲ့ 
တဲ့  အသင်းဖြစ်ပြီး ပွဲပေါင်း ၃၄ ပွဲမှာပွဲ ၂၀ အနိုင်ရရှိကာ
သရေကိုးပွဲဖြစ်ခဲ့ သလို ရှုံးပွဲငါးပွဲဖြစ်ခဲ့ ပါတယ်။။
ဝုဖ်ဘတ်အသင်းမှာအာနိုလ်၊ အီဗန်ပါရစ်ဆစ်၊ ရီကာဒိုရို၊ဒရီဂွတ်၊ အိုလစ်၊ နာလ်ဒို၊ ဆက်ဒေါ့ စတဲ့ ကစားသမားတွေက အားထား ရသလို ဂိုးရအောင်လည်း သွင်းယူနိုင်သူတွေဖြစ်ပါတယ်။ ၀ုဖ်ဘတ်တို့ ဟာ ဒီနှစ်အပြောင်းအရွှေ့ မှာတိုက်စစ်မှူးတွေဖြစ်တဲ့  ဟိုစီနာ၊ မိုဒက်တီနဲ့  ဇိုလာတို့ ကို အသစ်ခေါ်ယူအားဖြည့် ထားပါတယ်။ ဒါ့အပြင် ဟန်နိုဗာအသင်းမှ ကွင်းလယ်ကစားသမား လီယိုနာဒိုဘစ်တင်ကော့၊ ဒေါ့ မွန်အသင်း ကွင်းလယ်ကစားသမား မီလော့စ်ဂျိုဗစ်တို့ ကို ခေါ်ယူအားဖြည့်  ထားတာမို့  အင်အားတောင့် တင်းနေပါတယ်။ ၀ုဖ်ဘတ်တို့ ကတော့ လောလောဆယ်မှာခြေစွမ်းကောင်းမွန်နေပြီး တိုက် စစ်ပိုင်းမှာလည်း ထက်မြက်နေတာမို့  ဘိုင်ယန်မြူးနစ်တို့ ထင်သလောက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါကြောင့်  ဒီနှစ်ဂျာမန်စူပါဖလားကို ဘယ်အသင်း ကိုင်မြှောက်အောင်ပွဲခံသွားနိုင်မလဲဆိုတာ စောင့် ကြည့် ရမှာဖြစ်ပါတယ်။ ။
+မိုးမြင့်လင်းလက်+
No comments:
Post a Comment