ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 1, 2015

==ဂျပန်ပရိသတ်တွေလာအားပေးခဲ့တဲ့ဘေရောင် ဂျွန်းနဲ့ ပက်ဆိုးဂျင်တို့ ရဲ့ မင်္ဂလာဧည့်ခံပွဲ အပါအ၀င်ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း==

>
**ဂျပန်ပရိသတ်တွေလာအားပေးခဲ့တဲ့ဘေရောင် ဂျွန်းနဲ့ ပက်ဆိုးဂျင်တို့ ရဲ့ မင်္ဂလာဧည့်ခံပွဲ**

 ၂၀၀၀ ခုနှစ်ခန့်က ထုတ်လွှင့်ပြသခဲ့တဲ့ “Winter Sonata ” (ဟေမန်ဆောင်းရဲ့ 
 ချစ်သံစဉ် )ရုပ်သံဇာတ်လမ်းတွဲနဲ့  အာရှပရိသတ်တွေအထူးသဖြင့်  ဂျပန်ပရိသတ်တွေနှစ်ခြိုက်စွဲလမ်းခဲ့ တဲ့  မင်းသားဘေရောင် ဂျွန်းနဲ့  မင်းသမီး ပက်ဆိုးဂျင်တို့ ရဲ့ မင်္ဂလာဧည့် ခံပွဲကိုဇူလိုင် ၂၇ ရက် ညနေက ဆိုးလ်မြို့ရှိ ရှီရာတွန်ဟိုတယ်မှာ ကျင်းပခဲ့ ပါတယ်။ အဆိုပါ မင်္ဂလာပွဲသို့  ဘေရောင်ဂျွန်းကို ချစ်မြတ်နိုးတဲ့  ပရိသတ် များလည်း လာရောက်အားပေးခဲ့ ပြီး အားပေးခဲ့တဲ့  လူအုပ်ကြီးထဲမှာဂျပန် ပရိသတ်တစ်ရာကျော်လောက်ပါဝင်ကာ အများစုကသက်လတ်ပိုင်း အရွယ်တွေဖြစ်ကြောင်း ယဟူးဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
လာရောက်အားပေးခဲ့တဲ့  ဂျပန်ပရိသတ်တစ်ဦးဖြစ်တဲ့အသက် (၃၉)နှစ်အရွယ် အိမ်ရှင်မတစ်ဦးဖြစ်တဲ့ယူကရိအန်ဒိုက ““ကျွန်မက ဘေကို အားပေးလာခဲ့ တာ(၁၂)နှစ်လောက်ရှိပါပြီ။ ခုဒီကိုလည်း ကျွန်မကလေး သုံးယောက်နဲ့အတူလာခဲ့တာ””လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံက သူငယ်ချင်း နှစ်ဦးဖြစ်တဲ့  အသက် (၆၀)အရွယ် မီကိုဂါတာနာဘီနဲ့ (၅၉)နှစ်အရွယ် ဆူဂယူမီကိုတို့ကလည်း မင်္ဂလာပွဲကိုလာရောက်ခဲ့ကြပြီး ဆူဂက ဟေမာန်ဆောင်းရဲ့ ချစ် သံစဉ်ဇာတ်ကားမှာဘေသ၊ုပ်ဆောင်ခဲ့တဲ့  ပုံစံအတိုင်း ထီးကိုဟန်ပါပါဆောင်းထားခဲ့ကာ ““ဒီနေ့ကတော့ ကျွန်မတို့အတွက် အရေးပါတဲ့နေ့တစ်နေ့ပဲလေ””လို့ ဆိုခဲ့ပါတယ်။ (အေးပြည့်)

**အမျိုးသားတစ်ဦးလိုသရုပ်ဆောင်ဦးမယ့်ပတ်ရှင်ဟေး**

 တောင်ကိုရီးယား သ၊ုပ်ဆောင် မင်းသမီးပတ်ရှင်ဟေးသည် နောင်ထွက်ရှိမည့်ရုပ်ရှင်သစ်တွင် အမျိုး သားတစ်ဦးကဲ့သို့ သရုပ်ဆောင် ထားကြောင်း သိရသည်။ အဆိုပါရုပ်ရှင်ကို “The Beauty Inside””ဟု အမည်ပေးထားပြီး ၂၀၁၂ခုနှစ်က ထုတ်လွှင့် ပြသခဲ့ သော အမေ ရိကန်ရုပ်ရှင် ““ွှ့ The Beauty Inside””ကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်တွင် အသက်(၂၅)နှစ်ရှိပြီဖြစ်သောမင်းသမီးသည် ယောကျာံးပီသခန့် ညားသည့်အမျိုးသားတစ်ဦး၏စိတ်ကိုပုံပေါ်အောင်သရုပ်ဆောင်ထားသည်။ပတ်ရှင်ဟေးသည် ၂၀၀၉ခုနှစ်တွင် SBSရုပ်သံလိုင်းက ထုတ်လွှင့် ပြသခဲ့ သော ““ You're Beautiful””ရုပ်ရှင်တွင် လည်း ယောကျာံးလေးတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ဖူးသည်။ ယခုရိုက်ကူးလျက်ရှိသော၇ုပ်ရှင်တွင် ပတ်ရှင်ဟေးအပြင်အခြားသောသရုပ်ဆောင်များဖြစ်ကြသည့် ဟန်ဟိုဂျိုး၊ လီဘွန်စိုးနှင့်  ချန်ဝူဟီးတို့လည်း ပါဝင်အားဖြည့်ထားပြီး သြဂုတ် ၂၀ ရက်တွင် စတင်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။(အေးပြည့်) 

**အာဆင်နယ်ဂိုးသမားဆက်ဇက်စနီအားရိုးမားခေါါ်ယူ** 

အီတလီထိပ်သီးကလပ်ရိုးမားအသင်းသည်လာမည့် ဘောလုံးရာသီအတွက်အကြိုအားဖြည့်မှုတစ်ရပ်အနေဖြင့်အာဆင်နယ်အသင်း၏ ပိုလန်ဂိုးသမား ဝေါ့ဆစ်ခ်ျဆက်ဇက်စနီအား တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်းသိရသည်။ အာဆင်နယ်အသင်းမှာပြီးခဲ့ သည့်ရက်သတပတ်က ချယ်လ်ဆီးဂိုးသမား ပီတာဆက်ခ်ျအားအပြီးသတ်ခေါ်ယူထားခဲ့ပြီးနောက် ဆက်ဇက်စနီမှာ အသင်း၊ပုံမှန်ပွဲကစားခွင့်ရရန် မသေချာတော့သည့်အတွက် ယခုကဲ့ သို့ အသင်းပြောင်းရွှေ့ ရန်ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ ဆက်ဇက်စနီအနေဖြင့်၂၀၀၉ ခုနှစ်မှစတင်ကာ အာဆင်နယ်အသင်း၏ ဦးစားပေးဂိုးသမားတစ်ဦးအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီက ကိုလံဘီယာဂိုးသမား အော့စ်ပင်နာ ရောက်ရှိလာချိန်တွင် အရန်အဖြစ်သာကစားခွင့်ရရှိခဲ့သည်။ ရိုးမားအသင်းမှာယင်းအတွက် ဇူလိုင်လဆန်းပိုင်းမှစတင်ပြီး အာဆင်နယ်အသင်း၏ တာဝန်ရှိသူများနှင့်  တွေ့ဆုံကာ ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန် နှစ်ဦးနှစ်ဘက်သဘောတူညီမှုရရှိခဲ့ ခြင်းဖြစ်သည်။(ကိုရဲ) 

**ဘိုလော့နာကိုပြောင်းရွှေ့ ရဖွယ်ရှိတဲ့ဘာလော့တယ်လီ**

 ပြီးခဲ့တဲ့ရာသီက အေစီမီလန်မှ ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့ လာတဲ့ တိုက်စစ်မှူးးဘာလော့တယ်လီဟာလီဗာပူးမှထွက်ခွာရဖွယ်ရှိနေပါတယ်။ သူ့ကို စီးရီးအေကလပ် ဘိုလော့နာက ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ ဆိုပါတယ်။ ဘိုလော့နာ က တိုက်စစ်မှူးဘာလော့တယ်လီ ကိုစာချုပ်ဖို့ စိတ်ဝင်စားနေတယ် လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာလော့တယ်လီဟာ ပြီးခဲ့ တဲ့ ရာသီကလီဗာပူးမှာခြစွမ်းပြ ကစားနိုင်ခြင်းမရှိတဲ့အတွက် နည်းပြ ရော်ဂျာကလည်း အလိုမရှိဖြစ်နေပါတယ်။ ပြီးတော့ သူနဲ့ အပြိုင်အက်စ်တွန်ဗီလာတိုက်စစ်မှူးဘင်တီကီကိုခေါ်ယူလိုက်တဲ့အတွက်ကြောင့်  လည်းဘာလော့တယ်လီဟာဘိုလော့နာကိုပြောင်းဖို့သေချာနေပါ တယ်။ လာမယ့်ရာသီလီဗာပူး တိုက်စစ်အတွက် ရော်ဂျာက ဘင်တီကီအပြင်နာမည်ကြီးကစားသမား တွေဖြစ်တဲ့  ဖာမီနိုနဲ့ ဒန်နီအင်းတို့  ကိုလည်း ခေါ်ယူထားပြီဖြစ်ပါတယ်။ လီဗာပူးကတော့ ဘာလော့တယ် လီကိုပေါင် ၇ သန်းနဲ့ ရောင်းချလိမ့်မယ်လို့ သတင်းတွေထွက်ပေါါ်နေပါတယ်။(ကောင်းမြတ်သူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)