ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 1, 2015

==ပြင်သစ်စူပါဖလားကိုပီအက်စ်ဂျီတို့ ကာကွယ်နိုင်ပါ့မလား==

>

၂၀၁၅ ခုနှစ် ပြင်သစ်စူပါဖလား ဘောလုံးပြိုင်ပွဲကို ပြင်သစ်လီဂူး-၁ ထိပ်တန်းကလပ်တွေဖြစ်တဲ့  ပီအက်စ် ဂျီနဲ့  လိုင်ယွန်တို့  ကနေဒါနိုင်ငံ မွန် ထရီရယ်မြို့၊ သြဂုတ် ၂ရက်မှာယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။
 ဒီ ပြိုင်ပွဲမှာတော့ ဖလားရအောင်ကြိုး စားမယ့် ပီအက်စ်ဂျီကိုလိုင်ယွန်တို့  ဘယ်လိုထိန်းချုပ် ဟန့်တားသွားနိုင် မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေသလိုဒီနှစ် ဘောလုံးသမား အ ပြောင်းအရွှေ့ ကာလမှာ ငွေကုန်ကြေးကျများစွာဖြည့်ဆည်းဆောင်ရွက်ထားတဲ့  ပီအက်စ်ဂျီတိုက်စစ်မှူးတွေ ရဲ့ ပြိုင်ပွဲဝင်စွမ်းဆောင်ရည် ဘယ်လောက်အထိ မြင့်မားတယ်ဆိုတာစောင့် ကြည့် ရမှာဖြစ်ပါတယ်။

 ဒီနှစ်မှာဘာလုံးသမား အသစ်ခေါ်ယူမှုကို ငွေကုန်ကျခံပြီး ဖြည့်  ဆည်းနေတဲ့  ပီအက်စ်ဂျီအသင်းဟာ ၂၀၁၅ ကလပ်အသင်းများ နိုင်ငံတကာချန်ပီယံများပြိုင်ပွဲမှာပရီမီယာလိဂ်ချန်ပီယံ ချယ်လ်ဆီးကို ပွဲ ချိန်အတွင်း တစ်ဂိုးစီသရေပွဲကစား နိုင်ခဲ့ ပြီးမှ ပယ်နယ်တီအဆုံးအဖြတ် နဲ့ အနိုင်ရရှိထားပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှာ အော်စတင်၊ အီဘရာမိုဗစ်၊ လူကပ်မော်ရာ၊ ကွင်းလယ်မှာဗာရက်တီ၊ စတမ်ဘူလီ နဲ့  မာထွီဒီတို့  ရှိနေတာမို့  စွမ်း ဆောင်ရည်ကောင်းမွန်တဲ့  စုဖွဲ့မှုရှိနေသလို ခံစစ်မှာလည်း ဗန်ဒါဝီလ်၊ အော်ရီယာ၊ ဒေးဗစ်လုဇ်၊ မက်ဇ် ၀ဲလ်တို့ ရှိနေတာမို့  ခိုင်မာတောင့် တင်း တဲ့  ခံစစ်မှူးတွေဖြစ်တာကြောင့်  လိုင်ယွန်တို့  လွယ်ကူမယ့်ပွဲတော့ မဟုတ် ပါဘူး။ပီအက်စ်ဂျီဟာ ပြီးခဲ့ တဲ့  ၂၀၁၃- ၂၀၁၄ ဘောလုံးရာသီမှာ ကစား သမားသစ်လေးဦးအတွက် ယူရို၁၃၅ ဒသမ ၉ သန်းအထိ အသုံးပြု ခဲ့ပြီး နာပိုလီတိုက်စစ်မှူး ကာဗာနီ တစ်ဦးတည်းကိုပဲ ပြောင်းရွှေ့ ကြေး ယူရိုသန်း ၆၀ အထိ ပေးချေဝယ်ယူ ခဲ့တဲ့ အစဉ်အလာရှိနေပါတယ်။ အခုလည်း မန်ယူကွင်းလယ်ကစား သမား ဒီမာရီယာကို ပြောင်းရွှေ့  ကြေး ယူ၊ို ၄၅ သန်းနဲ့  ခေါ်ယူဖို့  သဘောတူညီမှုတွေ ရရှိခဲ့ပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အခုဆိုရင် စပါးအသင်းကွင်းလယ်ကစားသမား စတမ်ဘူလီကိုလည်း အပြီးသတ်ခေါ်ယူမှု ပြုလုပ်ထားပြီ ဖြစ်လို့ ရာသီအကြိုပွဲစဉ်တွေမှာ ထည့် သုံးဖို့စီစဉ်နေပါတယ်။ 

ပီအက်စ်ဂျီဟာ ပြင်သစ်လီဂူး-၁ မှာ ပြီးခဲ့ တဲ့  ဘောလုံးရာသီက ဗိုလ် စွဲခဲ့ တဲ့ အသင်းဖြစ်ပြီး ဒုတိယနေရာ က လိုင်ယွန်ကိုရှစ်မှတ်အထိ ဖြတ် ခဲ့ ကာ အောင်ပွဲခံခဲ့ တာဖြစ်ပါတယ်။ ပီအက်စ်ဂျီရဲ့ ပြင်သစ်စူပါဖလား ရ ယူနိုင်ခဲ့ တဲ့ မှတ်တမ်းကို ကြည့် ရင် စုစု ပေါင်း ၈ ကြိမ်ကစားခဲ့ ပြီး ၄ ကြိမ် ဗိုလ်စွဲကာ၊ ၄ ကြိမ် ဒုတိယရရှိခဲ့ ပါ တယ်။ လက်ရှိချန်ပီယံကလည်း ပီအက်စ်ဂျီတို့ ပဲဖြစ်ပါတယ်။ ပီအက်စ်ဂျီရဲ့နောက်ဆုံးကစားခဲ့တဲ့  လေးပွဲရလဒ်ကိုကြည့်ရင် သုံးပွဲ နိုင်၊ တစ်ပွဲရှုံးထားပါတယ်။ 
လက်ရှိ အချိန်မှာရလဒ်ကောင်းတွေရရှိနေ တဲ့  ပီအက်စ်ဂျီကို လိုင်ယွန်တို့  အနိုင်ယူပြီး အောင်ပွဲခံဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ပြင်သစ် စူပါဖလားပွဲသမိုင်းမှာအောင်မြင်မှု အရှိဆုံးအသင်းက လိုင်ယွန်တို့ ဖြစ် ပြီး ၈ ကြိမ်ဗိုလ်စွဲကာ နှစ်ကြိမ်ဒုတိယ ရရှိထားပါတယ်။ လိုင်ယွန်တို့ ရဲ့ လက်ရှိခြေစွမ်းကို ကြည့်ရင် အမ်မရိတ်ဖိတ်ခေါ်ဖလား ပြိုင်ပွဲမှာအာဆင်နယ်ကို ခြောက် ဂိုးပြတ်ရှုံးထားသလို ခြေစမ်းပွဲအဖြစ် အေစီမီလန်နဲ့ ဇူလိုင် ၁၉ ရက်က ကစားခဲ့ တဲ့ ပွဲမှာတော့ နှစ်ဂိုး-တစ်ဂိုး နဲ့ နိုင်ပွဲရရှိထားပါတယ်။ 

ဒါပေမယ့်  ဇူလိုင် ၂၆ ရက်က ဗီလာရီးရဲနဲ့  ကစား တဲ့ ပွဲမှာတော့ နှစ်ဂိုးပြတ်ရှုံးထားခဲ့ တာ မို့  လိုင်ယွန်ရဲ့  ခြေစွမ်းကလည်း ယုံ ကြည်လို့ တော့မရတဲ့ အနေအထား ဖြစ်နေပါတယ်။ ပီအက်စ်ဂျီနဲ့  လိုင်ယွန်တို့  နောက် ဆုံးတွေ့ ဆုံခဲ့ တဲ့  ရလဒ်တွေကိုကြည့်  ရင် နှစ်ပွဲသရေဖြစ်ခဲ့ ပြီး ပီအက်စ်ဂျီ က နှစ်ဂိုးနဲ့  နိုင်ပွဲတစ်ပွဲရရှိထားပါ တယ်။ ဒါ့ကြောင့်  လက်ရှိအချိန်မှာ ဒီနှစ်သင်းရဲ့  ဆုံတွေ့ မှုက ဘယ်လောက်အထိပြင်းထန်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ ကစား သမားတစ်ဦးချင်းရော အသင်းလိုက် အားထုတ်မှုအပိုင်းမှာပါ သာလွန်နေ တဲ့  ပီအက်စ်ဂျီကို လိုင်ယွန်တို့  အနိုင် ယူဖို့ဆိုတာ အခွင့်အရေးနည်းပါး လွန်းပါတယ်။ ဒါကြောင့်  ပြီးခဲ့ တဲ့  ဘောလုံးရာသီ မှာ ပြင်သစ်စူပါဖလားကို ပီအက်စ် ဂျီတို့ က ဂူအင်ဂမ့် အသင်းကို နှစ်ဂိုး ပြတ်သွင်းပြီး ဆွတ်ခူးနိုင်ခဲ့ သလိုအခု ပွဲမှာလည်း ပြိုင်ဘက်လိုင်ယွန်ကို ဂိုးတွေဘယ်လောက်သွင်းပြီး ဖလား ဆွတ်ခူးသွားမလဲဆိုတာ အကဲခတ် ရဦးမှာဖြစ်ပါတယ်။ ။ 

+မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)