ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 4, 2015

==လူထုကျန်းမာရေး(မိုးကာလကျော်ဖြတ်ခြင်း)==

> **Public Health** 

မိုးရာသီဟာ ရေများအငွေ့ပျံမှုနဲ့ ရေတွင်း၊ ရေကန်၊ အင်းအိုင်များမှာရေများ ပြည့်နေသလို ပိုးမွှား အလွယ်တကူ ပေါက်ပွားနိုင်ပါတယ်။ ပတ်ဝန်းကျင် စိုစွတ်မှုများလေ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် ပိုးတွေပိုပြီး ပေါက်ပွားလေလေ ဖြစ်ပါတယ်။ ဒီရာသီမှာ အဖြစ်လွယ်တဲ့ ရောဂါကတော့ နှာစေး၊ ချောင်းဆိုး၊ အအေးမိရောဂါ၊ အစာမကြေခြင်း၊အူရောင်ငန်းဖျား၊ ဝမ်းလျှောနဲ့ ဝမ်းကိုက်ရောဂါ စသည်တို့ ဖြစ်နိုင်ပါတယ်။ မိုးရွာထဲမှာ ထီး၊ မိုးကာအကျီံ၊ မိုးတွင်းစီးဖိနပ်တွေ ဝတ်ဆင်သွားလာရမယ်။ မိုးရေတွေ စိုတဲ့ အခါ ခြောက်သွေ့တဲ့အဝတ်အထည်နဲ့ လဲဝတ်ရမယ်။ တစ်နေ့လုံး မိုးရေစိုနဲ့ မနေသင့်ဘူး။ ဗီတာမင်စီဟာ အအေးမိလို့ ခုခံအားနိမ့်တဲ့ အချိန်မှာ အကာအကွယ် ပေးနိုင်တယ်။ ဗီတာမင်စီ သောက်ရင် သင့်ရဲ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ အအေးမိလို့ ဝင်လာတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ် ပစ်နိုင်တယ်။ မိုးတွင်းကာလမှာ ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေ ပေါပါတယ်။ ဆေးမသောက်ရင်တောင် အချဉ်ဓာတ် ပါတဲ့ သရက်သီး၊ နာနတ်သီး၊ သံပရာသီးစတဲ့ အသီးတွေကို စားပါ။

ကျန်းမာရေးအတွက် အဓိကက ဆေးလိပ်ဖြတ်ခြင်းပဲ။ ဆေးလိပ်ငွေ့ဟာ အသက်ရှူ လမ်းကြောင်းကို ပိတ်ဆို့နိုင်သလို အခြားနောက်ဆက်တွဲ ဆိုးကျိုးတွေလည်းရှိလို့ ဆေးလိပ်ကို အတတ်နိုင်ဆုံးလျှော့ရပါမယ်။ မိမိသာမက အခြားလူကောင်းများလည်းပဲ ဆေးလိပ် အငွေ့ခံရခြင်းကြောင့် ဖြတ်နိုင်လေ ကောင်းလေဖြစ် တယ်။ ရေမှန်မှန် ချိုးပါဆိုတာက မိုးရေထိတဲ့ ခန္ဓာကိုယ်ကို လန်းသွားအောင် တတ်နိုင်ရင် ရေနွေးနဲ့ ရေချိုးပေး သင့်တယ်။ တချို့က ရေချိုးတိုင်း ခေါင်းလောင်းချိုးတယ်။ အဲဒါ ထိပ်ကပ်နာ ဖြစ်စေတယ်။ ဦးရေခွံဟာ အမြဲအအေးမိနေပြီး နှာစေးတာ မပျောက်တော့ဘူး။ ခန္ဓာကိုယ် အပူချိန် သင့်တင့်မျှတအောင် ပြန်ပေးရမယ့် အခြောက်ခံရမယ့် ကာလကို ပြန်မရောက်ဘဲ ခဏခဏ ပြန်စို ရွှဲပြန်တော့ နှာစေးတာ မပျောက်နိုင်တော့ဘူး။ တစ်ပတ်မှာ တစ်ကြိမ်သာ ခေါင်းလျှော်ပါ။ ချွေးထွက်အောင် လုပ်ပါဆိုတာက နေ့စဉ်ပုံမှန် လမ်းလျှောက် (အားကစား) နာရီဝက်ခန့် လုပ်သင့် တယ်။ ချွေးထွက်အောင် လုပ်ခြင်းဖြင့် ခန္ဓာကိုယ် နုံးခွေသမျှ၊ လေးလံသမျှ ချွေးထွက်သွားတာနဲ့ အအေး မိနှာစေးပါ ပျောက်သွားတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံမှု စွမ်းရည်ကိုလည်း တိုးမြှင့်စေတယ်။

 စွပ်ပြုတ် ပူပူလေး သောက်ပါဆိုတာက အများအားဖြင့် အအေးမိနှာစေး၊ နေမကောင်းရင် ထမင်းမစားတာ ကောင်း တယ်။ ဒါပေမဲ့ စွပ်ပြုတ်လေးတော့ သောက်သင့်တယ်။ စွပ်ပြုတ်ရဲ့ အပူချိန်က အေးမြတဲ့ လေအေးနဲ့ ခန္ဓာကိုယ် နွမ်းလျနေတာကို နွေးထွေးစေပြီး ချွဲသလိပ် ရှင်းထုတ်နိုင်တယ်။ အအေးမိရောဂါ ကိုလည်း တော်ရုံနဲ့ မဝင်စေဘူး။ စွပ်ပြုတ်ဆိုရာမှာ အသားနည်းနည်းနဲ့ ဟင်းသီးဟင်းရွက်စုံ၊ ဂေါ်ဖီ၊ ပန်းမုန်လာ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ကြာဇံ သို့မဟုတ် မြူစွမ်တို့ကို သောက်ကောင်းအောင် ချို၊ ငန်၊ စပ်၊ ပူပူလေး လုပ်သောက်ပါ။ အအေးမိရောဂါ ကူးစက်တယ်ဆိုတာ ညစ်ပတ်နေတဲ့ လက်တွေကြောင့် ဖြစ်တယ်။ လက်တွေက တစ်ဆင့် ဗိုင်းရပ်စ်ပေါင်းစုံ အချိန်မရွေး ပါလာနိုင်တယ်။ လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စင်ကြယ်အောင် ဆေးရမယ်။ 

အစာစားတိုင်းနဲ့ မစားမီ၊ စားပြီးချိန်၊ အိမ်သာသွားပြီးချိန်၊ ညစ်ပေနေတဲ့ ပစ္စည်းတွေနဲ့အလုပ်တစ် ခုခုလုပ်ပြီးတဲ့ အချိန်တိုင်း သေသေချာချာ လက်ဆေးသင့်တယ်။ လူတွေရဲ့စိတ်ဟာ တစ်ခါတစ်ရံမှာ ထင်တာထက် ပိုမိုဆန်းကြယ်တယ်။ စိတ်ထဲကနေ နေမကောင်းဘူး ဆိုရင် ခန္ဓာကိုယ်မှာ ဘာရောဂါမှ မပြဘဲ၊ ဖျားနာသလိုခံစားရတယ်။ စိတ်ဓာတ် ခိုင်မာဖို့ကတော့ စိတ်ခွန်အား တိုးမြင့်တဲ့ စာပေများကို ဖတ်ပေးရမယ်။ ဘာသာရေး လိုက်စားရမယ်။ ယောဂကျင့်စဉ်လည်း ကျင့်လို့ရတယ်။ 

 မိုးရေစိုစဉ် ကူးစက်ရောဂါ အဝင်ရောက်နိုင်ဆုံးက နှာခေါင်းနဲ့ပါးစပ်ပါ။ နှာခေါင်းက တစ်ဆင့် လေထဲက ပိုးမွှားတွေ ဝင်ရောက်နိုင်သလို မသန့်ရှင်းတဲ့လက်နဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ကိုင်တွယ် မိတတ်ကြတယ်။ တတ်နိုင်ရင် နှာခေါင်းစွပ် (မောက်စ်ကာဗာ) စွပ်ထားသင့်တယ်။ ရောဂါဖြစ် ရင်လည်း သေချာတိကျစွာ ကုသပြီးမှ အပြင်ထွက်သင့်တယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဗီတာမင်အေ ပါတဲ့ အသီးအနှံတွေ၊ အခြားသတ္တုဓာတ်နဲ့ ဗီတာမင်ပါတဲ့ အစားအစာတွေ စားရမယ်။ တစ်ကိုယ်ရေ သန့်ရှင်းဖို့ကတော့ မလွဲမသွေ လိုအပ်တဲ့နည်းအရ တစ်နေ့အနည်းဆုံး ထမင်းနှစ်ကြိမ်စား၊ ရေနှစ်ခါချိုး၊ အိမ်သာနှစ်ခါတက်ပါ။ ဆပ်ပြာနဲ့ လက်ဆေးပါ။ မိုးရေစိုထားတဲ့ အကျီံအဝတ် အစားတွေကို သေချာစွာလျှော်ဖွပ်၊ နေလှန်းပါ။ သပ်သပ်ရပ်ရပ် နေပါ။ 

 +မြ၀တီ+

**Public Health** 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)