ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 28, 2015

== အမျိုးသမီးများနဲ့ စကားပြောခြင်း==

>
"စကားလေး တခွန်းလောက်ပြောဖို့တောင် မနည်း စဉ်းစားရတယ်၊ အမျိုးသမီးများနဲ့ စကားပြောဖို့ တော်တော်ပဲ ခက်တယ်" လို့ ခင်ဝမ်းက ဆိုခဲ့ဖူးပါတယ်။ အမျိုးသမီးများနဲ့ စကားပြောဖို့ တကယ် ခက်ပါသလား။ ကျွန်တော့်မှာ အမျိုးသမီး အပေါင်းအသင်း တော်တော်များပါတယ်။ ကျောင်းတုန်းက ခင်တဲ့သူတွေ၊ အလုပ်ထဲမှာ ခင်တဲ့သူတွေ၊ ခုနောက်ဆုံး ဖိုရမ်မှာ ဘလော့ဂ်မှာ ခင်တဲ့ အွန်လိုင်း သူငယ်ချင်းတွေ မနည်းပါဘူး။ ပြောလို့ ဆိုလို့လည်း အဆင်ပြေပါတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေဆို ယောကျာံးလေး မိန်းကလေး မခွဲပဲ သင်ရတဲ့ ဘာသာလည်းဖြစ်၊ ရင်းကလည်း ရင်းနှီးတော့ သူတို့ မိန်းကလေး ဆိုတာတောင် မေ့နေတတ်တယ်။ ဒါပေမဲ့ အမျိုးသမီးတွေနဲ့ စကားပြောရင် ယောကျာံးလေး သူငယ်ချင်းတွေနဲ့ ပြောတာ ဆိုတာထက်တော့ သတိထား ရပါတယ်။ တခြားသူ မပြောနဲ့ ကျွန်တော့် သမီးနဲ့ ပြောရင်တောင် တခါတခါ ကိုယ်က ဘာပြောမိလို့ သူက ဘာကောက်သွားတယ် မသိဘူး။ အဲဒါနဲ့ အမျိုးသမီးများနဲ့ စကားပြောရင် လိုက်နာရမယ့် "3 Golden Rules" ကို ကိုယ့်ဖာသာ ချမှတ် ထားရတယ်။ ၁။ အလှအပနဲ့ ပတ်သက်လို့ မနောက်ရ။ ၂။ အသက်အရွယ်နဲ့ ပတ်သက်လို့ မနောက်ရ။ ၃။ အပျိုကြီးတွေကို အပျိုကြီး၊ အပျိုကြီး ဆိုပြီး ခဏခဏ မခေါ်ရ။ တခုချင်းရှင်းပါမယ် .. အလှအပနဲ့ ပတ်သက်လို့ ဆိုတာက ဆယ်တန်းတုန်းက ကျွန်တော့်ဓာတုဆရာ ဆုံးမခဲ့တာပါ။ သူ ငယ်ငယ်က အတန်းဖော် ကောင်မလေး တယောက်ကို အလှအပနဲ့ ပတ်သက်ပြီးနောက်မိတာ ကမ္ဘာမကြေ ဖြစ်သွားတယ်တဲ့။ အရပ် ရှည်ရှည်သူငယ်ချင်း တယောက် ဂျာကင်ပွပွကြီးနဲ့ ဘောင်းဘီတို ကျပ်ကျပ် ဝတ်လာတော့ ခွက်ထိုးခွက်လန် ရီခဲ့ဖူးပါတယ်။ အမျိုးသမီး တယောက်ကို အဲဒီလို ရီမိရင် ဘာဖြစ်သွားမယ် ထင်ပါသလဲ .. ။ အလှအပ ဆိုရာမှာ ဝ တာနဲ့ ပတ်သက်လို့လည်း ပါပါတယ်။ ရင်းနှီးတဲ့သူမို့ တခါတလေနောက်တာ ဘာမှ မဖြစ်ပေမယ့်၊ ခဏခဏ မနောက်သင့်ပါ။ "အင်္ကျီတွေ ဒစ်စကောင့်ချနေတာ၊ မတရုပ်မကြီးနဲ့ တော်တာတော့ အင်္ကျီထည့်တဲ့ ဆာလာအိတ်ကြီးပဲ ရှိတယ်" ဆိုရင် စိတ်နာကောင်း နာသွားနိုင်ပါတယ်။ အသက်အရွယ်နဲ့ ပတ်သက်လို့ကတော့ ရှင်းပါတယ်။ နောက်ဖို့ မပြောနဲ့ မေးတောင် မမေးသင့်ပါ။ ငယ်တဲ့သူတွေကို အသက်မေးတာ ပြဿသနာမရှိပေမယ့် ကြီးတဲ့သူတွေကို မေးမိရင် ကိစ္စ ရှိသွားနိုင်ပါတယ်။ တခါတုန်းက ရုံးက အမကြီး တယောက်ကို အမ ဘယ်နှစ်က ကျောင်းပြီးတာလည်း မေးမိလို့ မကြားချင်ယောင် ဆောင်နေတာ ကြုံရဖူးပါတယ်။ေ ကျာင်းပြီးနှစ်မေးတာ အသက်ကို သွယ်ဝှိက် မေးသလို ဖြစ်သွားတာကိုး။ အပျိုကြီးတွေကို မနောက်သင့် ဆိုတာကတော့ သိပ်မရှင်းလှပါ။ တချို့က စန်းစန်းတင့် မဖြစ်ပေမယ့် တချို့က စန်းစန်းတင့် ဖြစ်ပါတယ် (စန်းစန်းတင့် = Sensitive)။ သူငယ်ချင်း တယောက်ကို အပိုကြီး လို့ ခေါ်ခဲ့ဖူးတာတော့ အေးအေးဆေးဆေးပါပဲ။ အမျိုးသမီးများ နှင့် အမျိုးသားများ စဉ်းစားပုံခြင်းကလည်း မတူဘူးလေ။ ဘာမတူ သလဲတော့ သေချာ မပြောပြတတ်။ တလောက ရုံးကန်တင်းမှာ ဆိုင်အသစ် ပြောင်းပါတယ်။ ရုံးက မိန်းကလေး တယောက်နဲ့ စကားစပ်မိတော့ ဆိုင်အသစ်က ဟင်းချက်ပိုကောင်းတယ် လို့ ပြောမိပါတယ်။ သူက နည်းနည်း စဉ်းစားပြီး "ပြောဖို့စောသေးတယ်။ ၁ ပတ် ၂ ပတ်လောက် စောင့်ကြည့်ဦးမယ်။ အခုက စကာစမို့ သေချာချက်တာ ဖြစ်နေဦးမယ်" .. တဲ့။ ကျွန်တော့် နည်းနည်း အံ့ဩသွားတယ်။ ကျွန်တော့်က အလွယ်တကူ ကောက်ချက်ချပေမယ့်၊ သူကတော့ တော်တော်လေးကို စဉ်းစားတာပဲ။ (သူက အပျိုကြီး ဆိုတာကိုတော့ မပြောပြတော့ပါဘူး။ :P ) ကိုယ့်ဖာသာ ကောက်ချက်ချရရင် အမျိုးသမီးများနဲ့ စကားမပြောတတ်သေးပါ။ 

(အမျိုးသမီးများနဲ့ စကားပြောခြင်း ဆိုတာ ခင်ဝမ်းသီချင်း နာမည်ပါ။) (အစက မိန်းကလေးများနဲ့ လို့ ရေးထားတာ ပြန်နားထောင်ကြည့်မှ အမျိုးသမီးများနဲ့ ဖြစ်နေတယ်။) 

 +တင်မင်းထက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)