ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 24, 2015

==လူထုကျန်းမာရေး(တညင်းသီးကြောင့် ရုတ်တရက်ကျောက်ကပ် ပျက်စီးခြင်း)==

>
**Public Health**

ယခုလို မိုးရာသီ ကာလမှာ တညင်းသီး လှိုင်လှိုင်ပေါ်တဲ့ အတွက် တညင်းသီး ကြိုက်နှစ်သက်သူတွေ အဖို့ တညင်းသီးကို အတို့အမြှုပ်၊ အုန်းနို့ဆမ်း စသည်ဖြင့် စားသုံးလေ့ ရှိပါတယ်။ ဒါပေမဲ့ တညင်းသီးကို အလွန်အကျွံ စားသုံးရင်တော့ လူကို အန္တရာယ် ရှိနိုင်တာကို သတိထားမိသူ အလွန် နည်းပါတယ်။ အသက်ရှည်ရာ အနာမဲ့ကြောင်းကို လူတိုင်း တောင့်တကြသလို အသက်ရှည်ဖို့နဲ့ အနာရောဂါ မရှိ နေထိုင် နိုင်ဖို့လည်း စားသတိ၊ သွားသတိ၊ နေသတိနဲ့ နေဖို့ အရေးကြီးပါတယ်။ ကြိုတင် ကာကွယ်ခြင်းက ကုသခြင်း ထက် ပိုကောင်းတယ် ဆိုတဲ့ အတိုင်း အာဟာရကို သင့်လျော်ရုံ စားသုံးဖို့ လိုအပ်ပြီး လွန်ကျူးအာင် မစားသင့်ပါဘူး။ သင့်လျော်တဲ့ အာဟာရ ဖြစ်ဖို့၊ အနာရောဂါ ကင်းရှင်းဖို့နဲ့ အာဟာရပြည့်ဝဖို့ စားသောက် ရာမှာ မြန်မာ့ ရိုးရာ တို့စရာနဲ့ ငါးပိရည်ဟာ မပါမဖြစ် ပါဘဲ။ တို့စရာမှာ တညင်းသီးပြုတ်၊ တညင်းသီး ဆားရည်စိမ်၊ တညင်းသီး အုန်းနို့ဆမ်း တို့ဟာ ထမင်းမြိန် ခံတွင်း တွေ့စေပါတယ်။

++ပါဝင်မှု++

တညင်းသီးမှာ ရေငွေ့ဓာတ်၊ အသားဓာတ်၊ ကစီဓာတ်၊ သတ္တုဓာတ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ ဗီတာမင် ဘီဓာတ်နဲ့ ဗီတာမင် ဘီဝမ်း၊ ဘီတူး စတဲ့ သဘာဝ အာဟာရဓာတ် များစွာ ပါဝင် နေပါတယ်။ တညင်းသီးဟာ ကုန်ခန်းသွားတဲ့ အစာတွေ ပြန်လည် ပြည့်ဝစေတဲ့ ရေငွေ့ဓာတ်နဲ့ ခွန်အားကို များများ တိုးတက် ဖြစ်ထွန်း စေနိုင်တဲ့ ကစီဓာတ် များစွာလည်း ပါဝင် ပါတယ်။ မီးစုန်းဓာတ် ပါဝင်မှု ကလည်း တတိယ အများဆုံး ဖြစ်ပါတယ်။ အဲဒီ ဓာတ်တွေက သွားနဲ့ အရိုးတွေကို သန်မာ တောင့်တင်း စေတယ်။ အလုပ်ကြမ်း လုပ်ရတဲ့ အလုပ်သမားတွေ၊ လယ်သမားတွေ အထူး လိုအပ်တဲ့ မီးစုန်းဓာတ်ကိုလည်း တညင်းသီးက ရရှိ ပါတယ်။

++တန်ဆေးလွန်ဘေး++

 လူ့ရဲ့ခန္ဓာကိုယ်ဟာ ဓာတ်အမျိုးမျိုး၊ သတ္တုဓာတ် အမျိုးမျိုး ပါဝင် ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ လူတွေဟာ နေ့စဉ်နဲ့ အမျှ လှုပ်ရှား သွားလာနေရတဲ့ အတွက် ခန္ဓာကိုယ်မှာ သတ္တုဓာတ် ကုန်ခန်း ဆုတ်ယုတ်မှု ဖြစ်ပေါ် လာတယ်။ ပျက်စီးသွားတာတွေ ရှိတယ်။ ပျက်စီးသွားတဲ့ ဓာတ်အမျိုးမျိုး၊ သတ္တုဓာတ် အမျိုးမျိုးကို ပြန်လည် ဖြည့်တင်း ရတယ်။ တညင်းသီးမှာ အဲဒီ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ ပါဝင် နေပေမယ့် အစားများရင် ရုတ်တရက် ကျောက်ကပ် ရောင်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း ဖြစ်ပွား နိုင်ပါတယ်။ တညင်းသီးပြုတ် အလုံး ၂ဝ၊ ၃ဝ လောက်ကို တစ်ထိုင်တည်း စားလိုက်မိသူတွေ ဆီးမသွားနိုင် ဖြစ်တာ၊ ခါးကိုက်လို့ ဆေးခန်း လာပြတာမျိုး ကြုံဖူးပါတယ်။ အဲဒီလို ဖြစ်လာရင် ဆီးရွှင်ဆေး ထိုးပေး၊ စားဆေး ကျွေးရင် အမြန် ပြန်ကောင်း နိုင်ပေမယ့် တချို့ ဆီးမသွားနိုင်၊ ဆီးညှစ်ရင်လည်း သွေးပဲ ထွက်လို့ ကျောက်ကပ် ဆေးရတဲ့အထိ ဖြစ်သွား ခဲ့ကြတယ်။ တညင်းသီးရဲ့ အညှာ၊ အညှောင့်ပိုင်းက ကျောက်ကပ်ကို အန္တရာယ် ဖြစ်စေပါတယ်။ ဆီးမသွားနိုင်ရင် သွေးပေါင်ချိန်တက်၊ စိတ်ဖိစီးမှုများ၊ ဗိုက်အောင့်၊ ခါးကိုက်ပြီး ဆီးမထွက်တဲ့ ဒဏ်ကို ပြင်းထန်စွာ ခံစား ရတတ်တယ်။ သွေးတိုးရောဂါ အခံရှိတဲ့သူဆို ဦးနှောက် သွေးကြော ပြတ်ပြီး လေဖြတ်နိုင်တယ်။ တညင်းသီးရဲ့ အနံ့အသက်ဟာ စားထားတဲ့ သူရဲ့ ခံတွင်းမှာ အနံ့ နံစေသလို ဆီးရော ဝမ်းမှာပါ အနံ့ စွဲကျန်စေပါတယ်။

 ++ကျောက်ကပ်ဆဲလ်တစ်ခု++

တညင်းသီး တစ်လုံး စားရင် ကျောက်ကပ်ဆဲလ်တစ်ခု ပျက်စီးစေတယ် ဆိုတော့ တညင်းသီး များများစားရင် ကျောက်ကပ် ပျက်စီးမှု ပိုမို ဖြစ်ပွားစေလို့ ဂရုပြုသင့် ပါတယ်။ ကျောက်ကပ်ရောဂါ၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်း၊ ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း ရောင်ခြင်း၊ ကျောက်ကပ် အားနည်းခြင်း ရောဂါရှိသူတွေ အနေနဲ့ တညင်းသီး လုံးဝ မစားသင့်ပါကြောင်း ဖော်ပြလိုက်ရ ပါတယ်။

Written by ရွှေတည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)