ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 2, 2015

==ပကတိ အရှိတရားများ ၊ ဒီမိုကရေစီ အသိတရားများ နှင့် ယမ်းငွေ့ များကြား လမ်း ထပ်မမှားစေလိုသည့် အနာဂတ် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းများ==

>
**မိဘပြည်သူများ ခင်ဗျာ**ဆိုပြီး မိဘမျက်နှာ အိုးမဲသုတ်သည့် လက်ရှိ သမ္မတဦးသိန်းစိန်၏ အမှောင်တွင်း နိုင်ငံရေး အခင်းအကျင်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီး အရေးယူ ထောင်ချသည့် လုပ်ရပ်များကြောင့် မြန်မာနိုင်ငံ ၏ လက်တလော နိုင်ငံရေး ဖြစ်စဉ်များအား မြန်မာပြည်သူ ပြည်သားများသာမက နိုင်ငံတကာမှ စိတ်လက်မချမ်းမသာဖြစ်နေရပေမည့် စိတ်ဝင်စားမှု ရေချိန်သည် တိုးတက်နေဆဲ ဖြစ်ပေသည် ။ အဘယ်ကြောင့်ဆိုသော် လက်ရှီဦးသိန်းစိန် အစိုးရ၏ မီးစတစ်ဖက် ရေမှုတ် တစ်ဖက်လမ်းစဉ်ကြောင့် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို တဖက်က ရဲရဲတောက် ကြွေးကြော်ရင်း တခြားတဖက်တွင် တိုင်းပြည်၌ စစ်သေနတ်သံများ ရံဖန်ရံခါ ကြားနေရစဲ ဖြစ်ခြင်းသည်လည်း ကမ္ဘာ့အရှည်ကြာဆုံး ပြည် တွင်းစစ်ကို ထိမ်းသိမ်းစောင့်ရှောက် ဖန်တီးနေသည့် မြန်မာအစိုးရသည် မကောင်းသည့် ဂုဏ်ပုဒ်ဖြင့် ကမ္ဘာကျော်ခြင်း၏ အကြောင်းအရင်းမှန်လည်း ဖြစ်ပေသည် ။ တနိုင်ငံလုံးတွင် ဘာသာရေး ပြဿသနာနှင့် ပဋိပက္ခများ မီးခိုးကြွက်လျှောက်ဖြစ်ပွားကာ မြို့ တိုင်းနီးပါး ကျီးလန့် စာ စားသကဲ့သို့  ဖြစ်ပွားခဲ့သော ဘာသာရေး မီးများ တောက်လောက်ခဲ့ယုံမက ယခုအခါ တတိုင်းပြည်လုံးနီးပါး ရေဘေးကျ နေသလို ကယ်သူမဲ့ပြည်သူများ ဒုက္ခရောက် ဖြစ်ပျက်နေမှုမှာ ဦးသိန်းစိန်အစိုးရမှ တိုင်းပြည်ကို ရေမီးအစုံနှင့် ထားဖို့ ကြိုးစားနေသည်လားဟု လှောင်ပြောင် ပြက်ရယ်ပြုသံများ နေရာတကာမှ ထွက်ပေါ်နေပေသည် ။ မြန်မာပြည်၌ လာမည့် နိုင်ဝင်ဘာလ ( ၈ ) ရက်၂၀၁၅ တွင် ကျင်းပပြုလုပ် မည့် အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်နိုင် မဖြစ်နိုင် အငြင်းပွားမှုများနှင့်အတူ ပြောင်းလဲရေးဟု ပါးစပ်က တတွတ်တွတ် ပြောနေသော ( ၅ )နှစ်သားနီးပါး ဘောင်းဘီချွတ် လက်ရှိ အစိုးရသည် ၂၀၀၈ နာဂစ် ဖွဲ့ စည်းပုံအား ခံတပ်လို သဘောထားကာ မပြောင်းမလဲ ကာကွယ်နေမှုသည်လည်း လူထု၏ သံသယအား အတိတ် ကလို ကြီးထွားနေစဲ ဖြစ်ပေသည် ။
နိုင်ငံတကာတွင်မူ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနိုင်ရရှိစေရန် အတွက် နိုင်ငံရေးအာဏာရယူထားသော အစိုးရ အဖွဲ့ သည် ပါတီတွင်း ဖောက်ပြန်လာဘ်စား နာမည်ပျက်ရှိသူ ၀န်ကြီးမျာ ၊ အမတ်မင်းများအား လူထု၏ ယုံကြည်မှုရစေရန် ပါတီမှ ထုတ်ပါယ်အရေးယူကာ ပါတီ၏ နိုင်ငံရေး ၊စီးပွားရေး ၊နိုင်ငံခြားရေး ၊ပညာရေး ၊ကျန်းမာရေး မူဝါဒများ ချပြခြင်းဖြင့် ရွေးကောက်ပွဲ မဲဆွယ်ပွဲများ၌ လူထုအား မဲဆွယ် စည်း၇ုံးမှုများ ရှိပေသည် ။ သို့သော် မြန်မာပြည်တွင်မူ ဖောက်ပြန်သည့် လမ်းအား ပြန်ဖောက်မည့် အလား နာမည်ပျက်ရှိသော အာဏာပိုင်များသည် ရွေးကောက်ပွဲကို မျက်နှာပြောင်တိုက်ကာ ၀င်ရောက်ယှဉ်ပြိုင်ရန် တာဆူနေခြင်းက လူထုအား အမှားသံသရာကို ချားရဟတ်လို တပတ် မလည်စေရန် မည်သူ့ ကို ရွေးချယ်ရမည်ကို ပြတ်ပြတ်သားသား ဆုံးဖြတ် ရမည့်နေရာမှာ ရွေးကောက်ပွဲပင် ဖြစ်ပေသည် ။ မည်သို့ ပင်ဆိုစေကာမူ နိုင်ငံရေး ၊ စီးပွားရေး ၊ပညာရေး ၊ကျန်းမာရေး ၊ လူမှုရေး အစစအရာရာတွင် အဖက်ဖက်၌ အောက်ကျနောက်ကျ ဖြစ်ခဲ့မှုများအား မျက်ဝါးထင်ထင် ကြုံတွေ့ ရင်ဆိုင်ခဲ့ရသော မြန်မာ ပြည်သူလူထုသည် အပြောင်းအလဲအား လိုချင်တပ်မက်နေသည်မှာ ထင်ရှားပေသည် ။ ထို့ ကြောင့် လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပါက ခေတ်အဆက်ဆက် အဖိနှိပ်ခံခဲ့ ရသည့် မြန်မာပြည်သူလူထုသည် ယနေ့ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ( NLD ) ပါတီ အပါအ၀င် တိုင်းရင်းသားမဲ ဆန္ဒနယ်မြေများတွင် သက်ဆိုင်ရာ တိုင်းရင်းသားပါတီများကို မဲပေးကြမည်မှာ သေချာပေသည် ။ ထိုအချက်အလက်အပါအ၀င် တိုင်းပြည်၏ အခြေအနေအား ဘက်ပေါင်းစုံမှ ကြည့်ကာ ကောင်းမွန်စွာ သဘောပေါက်သော လက်ရှိအစိုးရသည် လက်ရှိအာဏာကို လက်လွှတ် ဆုံးရှုံးမခံရရေးအတွက် လာမည့်ရွေးကောက်ပွဲရလဒ်အား မဲလိမ် မဲခိုးကာ မသမာမှုများ လုပ်နိုင်သည်ဟုလည်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ များသာမက အတိုက်အခံ လူအများစုမှ ပြောဆို သုံးသပ်နေမှုများ ရှိနေပေသည် ။ အကယ်၍သာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဂတိစကားအတိုင်း ရွေးကောက်ပွဲရလဒ်အားလိုက်နာပါမည်ဆိုပါက ၁၉၉၀ ရွေးကောက်ပွဲအခြေအနေကဲ့သိုံ့နောက်ကြောင်းပြန်စရာ မရှိပေမည့် တပ်မတော်ခေါင်းဆောင်များ၏ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင် ဂတိစကားဖြစ်သော ရွေးကောက်ပွဲ ပြီးပါက တပ်မတော်သည် စစ်တန်းလျားပြန်ပါ့မည်ဟု ဆိုမှုသည် သဲထဲရေသွန်ဖြစ်ခဲ့ခြင်းကြောင့် ထိုဖျောက်ဖျက်၍မရသော သမိုင်း အမဲစက်သည် တိုင်းပြည်အား ယနေ့ အချိန်ထိ ခြိမ်းခြောက်နေစဲ ဖြစ်ပေသည် ။ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ခု၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ ခု၊ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၄၄ ခု နှင့် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၂၉ ခုတို့ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ အကယ်၍သာ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိပါက ရွေးကောက်ပွဲပြီးပါက ပြည်သူ့ လွှတ်တော်တွင်းမှာ NLD နှင့် မဟာမိတ် တိုင်းရင်းသားပါတီများက အမတ်အများဆုံးနေရာ ရယူနိုင်ပြီး အစိုးရဖွဲ့ ကာ အနာဂတ်မှာ လူထုကို အကျိုးပြုမည့် ဥပဒေများလုပ်ဆောင်နိုင်မည်ဟု အပြုသဘောဆောင်ကာ အကောင်းမြင်လျက် သုံးသပ်သူများလည်း ရှိနေပေသည် ။ ထိုသို့ အတိုက်အခံပါတီများက အနာဂတ်တွင် အစိုးရဖွဲ့  ခွင့်ရပါက့ ဒီမိုကရေစီ အတိုက်အခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ စကားကို ကိုးကားကာ သုံးသပ်ရလျှင် လွှတ်တော်တွင်း ၌ ရွေးကောက်ပွဲမှ ရွေးချယ်မတင်မြှောက်သည့် ၂၅ ရာခိုင်နှုန်းသော စစ်တပ် အမတ်များကို တဖြည်းဖြည်းလျှော့ချသွားမည့် နည်းဗျူဟာသည် ပုံပေါ်လာနိုင်စရာ အကြောင်းရှိသော်လည်း လက်တွေ့ တွင် ဖြစ်လာနိုင်မည်လားဟု ကြိုတင်မေးခွန်းထုတ်စရာလည်း ရှိနေပေသည် ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေအရ အစိုးရအဖွဲ့၏ အကြီးအ ကဲဖြစ်သူ နိုင်ငံတော် သမ္မတအား ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက် သည့် စနစ် မဟုတ်ဘဲ ပြည်ထောင်စု လွှတ် တော်တွင်းရှိ လွှတ်တော် ကိုယ် စားလှယ်များက ရွေးချယ်တင် မြှောက်သောစနစ်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်တွင် အရပ်သားနှင့်တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦး ရှိရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး (၂၅ ရာခိုင်နှုန်း) နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ် ၄၉၈ ဦး (၇၅ ရာခိုင်နှုန်း) ရှိသည်။ အစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်း နိုင်ရန်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ် ပေါင်းစည်းထားသော ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က အနည်းဆုံး လွှတ်တော်၏ အမတ်နေရာ ၆၅ ရာခိုင်နှုန်းကျော် အနိုင်ရရှိရန်လို ကြောင်း သတင်းအချက်အလက်များက ဆိုသည် ။ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ အာဏာကို လက်ရှိအစိုးရနဲ့ အတိုက်အခံတွေ ချိန်ခွင် လျှာညီမျှအောင် လုပ်ဆောင်နေသလားစဉ်းစားရပါသည် ။ အဘယ်ကြောင့်ဆိုသော် လွှတ်တော်တွင်းမှာ ၂၅ရာခိုင်နှုန်းသော နေရာကို တပ်မတော်မှ နေရာယူထားသည်မှာ စစ်တပ်မှ တိုင်းပြည်အာဏာအား မသိမ်းချင်၍ ဟု စစ်တပိုင်း ဖားတပိုင်း ငါးတပိုင်း လက်ရှိအစိုးရ ခေါင်းဆောင် ပိုင်းမှ သုံးသပ် ပြောဆိုနေမှုကလည်း ရှိနေပေသည် ။ သို့ ဖြစ်ပါ၍ ၂၀၀၈ ဖွဲ့ စည်းပုံ၌ ၅၉ ( စ )ပုဒ်မကို မပြင်ဆင်ခြင်းသည် အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာပြည်၏ အနာဂတ် သမ္မတ ဖြစ်စေခြင်းမှ ပိတ်ပင်ထားကာ တခြားတဖက်၌ သမ္မတရာထူးကို စစ်တပ်ကျောထောက်နောက်ခံ ရှိသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီက ရယူချင်ပုံမှာ ထင်ရှားနေပေသည် ။ သို့ သော် ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်မှာ အမတ်အများစုကို ယခုလက်ရှိ အတိုက်အခံ NLD ပါတီက ရရှိလာနိုင်ပါသည်။ ယနေ့ မြန်မာပြည်သည် ခေတ်အမှောင်အတွင်းတွင် စနစ်တခုမှ တခြား စနစ်သို့ ပြောင်းလဲသည်သာမက အတွေးအခေါ် တော်လှန်ရေးကိုလည်း အစိုးရကျောထောက် နောက်ခံပါတီတွင်းသာမက အတိုက်အခံပါတီတွင်း တွင်လည်း တည်ဆောက်နေရဆဲဖြစ်ပေသည် ။ ဆိုလိုသည်မှာ ဒီမိုကရေစီ ကျင့်စဉ်၏ သဘောတရားနှင့်အညီ အများစုသည် အသာစီးရစမြဲဖြစ်ပေရာ မကောင်းသည့်သူများ ညီညွတ်ကာ အဆိုးအမှားများသည် အများစု မဖြစ်စေရန် အရေးတကြီးလိုအပ်နေပေသည် ။ယနေ့ အချိန်ကာလတွင် အစိုးရအဖွဲ့ အတွင်း လွှတ်တော်တွင်း နိုင်ငံရေးတွင် မကောင်းမှုများ အားကောင်းမောင်းသန်နေသည်ဟု ထင်ရလောက်အောင် လူထုကို ကာကွယ်စောင့်ရှောက်မည့် ဥပဒေများ အတည်ပြုရန်နှောင့်နှေး ကြန့် ကြာ နေသလောက် လူထုကို ဖိနှိပ်မည့် ဥပဒေများ အထွက်တိုးနေပေသည် ။ ထို့ ကြောင့်တစ်ချို့ သည် လွှတ်တော်တွင်း နိုင်ငံရေးကို စိတ်ကုန်နေသကဲ့သို ခံစားနေရပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးအားစိတ်ဝင်စားနေသည်မှာ သဘာဝကျပါသည် ။အနာဂတ် နိုင်ငံတော်၌ ဒီမိုကရေစီကျင့်စဉ် အားကောင်းပြီး ခရီးရောက်ပါက တိုင်းပြည်၌ တဖန် လွှတ်တော်တွင်း နိုင်ငံရေးအားကောင်းလာမည်ဟု မျှော်လင့်ရပါသည် ။ တခြားတဖက်တွင်လည်း နိုင်ငံရေး ပြဿသနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမှ ရမည်ဟု ယုံကြည်ကာ ဒီမိုကရေစီ၏ ကျင့်စဉ်တခုဖြစ်သော ရွေးကောက်ပွဲကို လက်ခံသူများရှိသလို လက်ရှိအစိုးရ လက်ထက်၌ မတရားမှုများ မှိုလို ပေါက်နေသဖြင့် ရွေးးကောက်ပွဲကို မယုံကြည်မှုများ ၇ှိနေမှုသည် လည်း သဘာဝကျပါသည် ။ ၂၀၁၅ ရွေးကောက်ပွဲသည်လူထုမှ လိုလားထောက်ခံသော ပါတီမှ အနိုင် ရရှိပါက ပြည်တွင်းစစ်အဆုံးသတ်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး၏ လမ်းစဖြစ်နိုင်သလို စစ်မှန်သော ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုလမ်းကြောင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အနာဂတ်မျိုးဆက်သစ်များအတွက် အုတ်မြစ်ချထားကောင်း ချထားနိုင်ပေ လိမ့်မည် ။ မျိုးချစ်စိတ်များ သွေးကြောထဲ အမှန်တကယ် စီးဆင်းနိုင်ခဲ့ လျှင်မူ ရွေးကောက်ပွဲတွင် ပြိုင်ဖက်သည် ပထ၀ီနိုင်ငံရေး အရ အိမ်နီးချင်းနိုင်ငံများ နိုင်ငံတကာမှ ထိပ်သီးတိုင်းပြည်ကြီးများ ဖြစ်လာနိုင်ပြီး အာဏာရယူရေး မိမိကောင်းစားရေး အစား ပြည်တွင်း ပြည်ပ အလုပ်သမား လယ်သမား ကျောင်းသား ရဟန်းရှင်လူပြည်သူလူထု ကောင်းစားရေးအား အစဉ်အမြဲ နှလုံးသွင်းကာ စဉ်းစားနေပေလိမ့်မည် ။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် လမ်းစဉ်ဖြင့် တိုင်းပြည်ချောက်ထဲကျ ခဲ့သည်ကို သင်ခန်းစာမယူဘဲ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီကို သွားမည်ဆိုလျှင်ဖြင့် ခေတ်မီတိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးအား မျက်ကွယ်ပြုကာ တနေရာမှ တနေရာ ၊ တနိုင်ငံမှ တနိုင်ငံ ကို ခရီးသွားလျှင် မော်တော် ကား လေယာဉ်ပျံမစီးပဲ မြန်မာ့နည်းမြန်မာ့ဟန် ဆိုက်ကားစီးမလား ၊ ပူအိုက် လျှင် လေအေးပေး စက် ၊ ပန်ကာမသုံးပဲ မြန်မာ့နည်း မြန်မာ့ဟန် ယပ်ခပ် နေနိုင်မလား ၊ တနေရာမှ တနေရာ ကြားအောင် ဆက်သွယ်ရေးမှာ ကွန်ပြူတာ မသုံး ၊ တယ်လီဖုန်းမသုံးပဲ မြန်မာ့နည်းမြန်မာ့ဟန် ဖင်ကုန်းအော်မလား ဟု ခေတ်နောက်ပြန်ဆွဲသူများ ကိုယ့်ကိုကိုယ် ပြန်လည်မေးခွန်းထုတ်စေလိုပါသည် ။ ဆိုလိုသည် မှာ နည်းပညာများ တိုးတက်နေသော ကမ္ဘာကြီးမှာ အတွေး အခေါ်နောက်ကျကျန်ခဲ့ပါက သီပေါမင်းလို ဒုတိယအကြိမ်ပါတော်မှုမည့် ကိန်းအား သစ်ခုတ်၍ တောပြုန်းနေသော အနာဂတ်တိုင်းပြည်မှာ ညီညွတ်ရေးပြိုကွဲပါက နွားကွဲလျှင် တရုတ်ကျား ဆွဲနိုင်သည်ကို နိုင်ငံရေးခေါင်းဆောင်များ သတိထားသင့်ပေသည် ။ အစိုးရ တရပ်အနေဖြင့် ကိုယ့်နိုင်ငံသားအား ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ကာကွယ် စောင့်ေ၇ှာက်ရမည့် တာဝန်ဝတ္တရား ရှိပေရာ မည်သည့်နိုင်ငံရောက်နေသော တိုင်းသူပြည်သားဖြစ်စေ မျက်နှာလွှဲ ခဲပစ်မနေပဲ သံတမန်နည်းလမ်းအရ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ရမည့် နည်းကို တရုတ်နိုင်ငံမှ ဖိအားပေးလုပ်ဆောင်ခဲ့မှုကြောင့် သစ်ခိုးခုတ်သောတရုတ်နိုင်ငံသားများအား ဦးသိမ်းစိန် အစိုးရမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုအပေါ် ဝေဖန်မှုများ ယခုအခါ ပွက်လော ရိုက်နေပေသည် ။ ကနေဒါနိုင်ငံ့တွင်လည်း အသက်မပြည့်သေးသော ကနေဒါနိုင်ငံသားသည် အာဖဂန်နစ္စတန်တွင် တာလီဘန် အကြမ်းဖက်သမားများအဖွဲ့ ထဲဝင်ကာ အမေရိကန် စစ်သားအားသတ်ဖြတ်မှုဖြင့် အမေရိကန်၌ ထောင်ကျခဲ့ပေသည် ။ထို့ နောက်ကနေဒါ အစိုးရမှ အဆိုပါကနေဒါ နိုင်ငံသားကို အမေရိကန် ထောင်တွင်းမှ ကနေဒါကို လွှဲပြောင်းပေးဖို့ တောင်းဆိုပြီး ယခုအခါ အဆိုပါအကြမ်းဖက်သမား အဖွဲ့ ဝင် ကနေဒါနိုင်ငံသားအား အစိုးရမှ ပြစ်ဒဏ်ကျခံမှု ကုန်ဆုံးပြီ ဖြစ်၍ ထောင်မှလွှတ်ပေးမှုက အမေရိကန် အစိုးရ ကိုကော ကနေဒါအစိုးရကိုပါ အကြပ်ရိုက်ခဲ့ပေသည် ။ ဆိုလိုသည်မှာ ရွေးကောက်ပွဲမှ တက်လာသော မည်သည့် အစိုးရ ပင်ဖြစ်စေကာမူ အစိုးရသည် မိမိနိုင်ငံသားအား ကာကွယ်စောင့်ေ၇ှာက်ရေး အတွက် နိုင်ငံ့ခြားရေးမူဝါဒ အပါအ၀င် သံတမန်ရေးအားကောင်း၇ပေမည် ။ ခေတ်မီတိုးတက်သော ကမ္ဘာကြီးသည် စစ်အသုံးအဆောင် ပစ္စည်းများ အား ပြတိုက်မှာထားကာ ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ကာ တိုင်းပြည်နှင့် လူမျိုး အကျိုး စီးပွားများ တိုးတက်ကောင်းမွန်အောင် အပြိုင်အဆိုင် လုပ်ဆောင်နေပေသည် ။ ထိုအခါ တိုင်းပြည်တိုးတက်ချမ်းသာအောင် လုပ်ဆောင်မည့် အစိုးရ အဖွဲ့ တွင် တတ်သိပညာရှင်များအပါအ၀င် လူမှန် နေရာမှန် ရှိရေးသည် အထူးတလည် လိုအပ်ပေသည် ။ ဆိုလိုသည်မှာ အာဏာပိုင်တို့ သည် လူထု၏ ဘ၀အခြေအနေမှန်ကို သိရှိ နားလည်ကာ စီးပွားရေး အမြင်ရှိပါက ဆိုက်ကားနင်းပြီး ချမ်းသာမည်ဟု မပြောပဲ တိုးတက်နေသည့် နိုင်ငံတကာတွင် မသုံးတော့သော ဆိုက်ကားကို ပြတိုက်ပို့ ကာ ဆိုက်ကားသမားများကို တက္ကစီကားများ ထူထောင်ပေးကာ ကတ္ကစီကားမောင်းပြီး ချမ်းသာရမည် ဟု လူထုအား ချမ်းသာကြီးပွားမည့် နည်းလမ်းကောင်းများ အစိုး၇အဖွဲ့ တွင်းသာမက ပြည်သူကို ချပြပြောဆို သင့်ပေသည် ။ ယင်းအခြေအနေများသည် မြန်မာပြည်၏ အနာဂတ်ကို အကောင်းမြင်ပြီး နိုင်ငံတကာနှင့် ယှဉ်လျှင် အဖက်ဖက်မှ တိုးတက်ပြောင်းလဲဆိုလိုသော အမြင်ဖြင့် သုံးသပ်ထားခြင်းဖြစ်ပေသည် ။သို့ သော် မမြင်ရသော တဖက်တွင် မျှော်လင့်ထား သလို လွတ်လပ်ပြီး တရားမျွတသည့် ရွေးကောက်ပွဲရလဒ်ပေါ်ထွက်မလာလျှင် ဒီမိုကရေစီအတိုက်အခံ အင်အားစုများသည် တိုင်းပြည် ဒီမိုကရေစီ အရေးအတွက် မည့်သို့ မည်ပုံ ဘာဆက်လုပ်မည်လဲဆိုသည့် မဟာဗျူဟာများ နည်းဗျူဟာများ မဖြစ်မနေ ရှိထားရပါလိမ့်မည် ။ မြန်မာပြည်၏ နိုင်ငံရေး ဖြစ်တည် ပြောင်းလဲမှုများအား ဓမ္မဒိဌာန်ကျကျ သုံးသပ်ပါက သေချာသည်မှာ မည်သည့် အစိုးရမင်းများ အာဏာရယူစေကာမူ နှစ်ပေါင်းများစွာ ဆင်းရဲတွင်းနက်နေသော ပြည်သူလူထုကို ဖောက်ပြန်လှည့်ဖျားကာ မတရားမှုများဖြင့် စိန်မခေါ်မိကြစေရန် ( ၈၈၈၈ )လူထုအရေးတော်ပုံသည် အာဏာပိုင်များအား သမိုင်းပေး အသိတရားများ ရယူစေရန် နှစ်စဉ် တိုက်တွန်းနှိုးဆော်နေမည်မှာ ပကတိ အရှိတရားပင် ဖြစ်ပေတော့သည် ။ နိဂုံးချုပ်ရလျှင် လက်ငင်းရင်ဆိုင် ကြုံတွေ့ နေရသော နိုင်ငံရေး အကြပ်အတည်း ဖြစ်စဉ်များကို ပကတိ အရှိတရားများ ဖြင့် သတိရှိပြီး လက်တွေ့ ကျကျသိမြင်ကာ ပြဿနာကို ချဉ်းကပ်အဖြေရှာလျက် တိုင်းပြည်အား လွတ်လပ်မှု တရားမျှ တမှု ငြိမ်းချမ်းမှုများ အာမခံပေးမညိ့ ဒီမိုကရေစီ အသိတရားများဖြင့် တည်ဆောက်ကာ အနာဂတ် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းများအား ယမ်းငွေ့ များကြား လမ်း ထပ်မမှားစေလိုတော့ပါ..။ 

+အောင်ခိုင်မြင့်+ 
၂ သြဂုတ်လ ၂၀၁၅

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)