(မဲဆောက်မြို့ ရဲ့ မိုးထဲလေထဲမှာဆိုင်ကယ်နဲ့  ဒီနေ့ ကွင်းဆင်းအလှူခံ့နေကြတာပါ။)
ဒီနေ့ အလှူခံရရှိငွေစုစုပေါင်းမှာထိုင်းငွေ(၅၀၂၁)ဘတ်၊မြန်မာငွေ(၆၄၆၅၀) ကျပ်ဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းစက်ရုံအလုပ်ရုံတွေ၊ဆောက် လုပ်ရေးတန်းလျားတွေ၊အထွေထွေလုပ်သားတန်းလျားတွေကို ဖုန်းကတဆင့်ဆော်သြထားပြီးပါပြီ။
(မဲဆောက်မြို့ လောစုရပ်ကွက်မသူဇာစက်ရုံ
အမျိုးသမီးဆောင်ထဲအထိ)
နောက်နေ့ တွေမှာလည်းစက်ရုံအလုပ်ရုံနဲ့ အထွေထွေလုပ်သား ကိုယ်စားလှယ်တွေဆီက တဆင့်မိမိတို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဆီကို ဆက်လက်အပ်နှံကြမှာဖြစ်ပါတယ်။ မကြာမီသောရက်အတွင်းမှာဒီအလှူငွေတွေကိုမြန်မာနိုင်ငံက ပရဟိတအသင်းတစ်သင်း ဆီကိုလွှဲပြောင်းမှာဖြစ်ပြီးအဲဒီလိုလွှဲပြောင်းခဲ့တဲ့ဘောင်ချာအပါအ၀င်၊ ဓာတ်ပုံမှတ်တမ်း အစုစုကိုကော်ပီများဆွဲကာကာယကံမြောက်အလှူရှင်တွေဖြစ်ကြတဲ့ မြန်မာရွှေ့ ပြောင်းလုပ်သားတွေရှိရာစက်ရုံ့အသီးသီး၊အထွေထွေ တန်းလျား၊စိုက်ခင်းတွေအထိ တရားဝင်ကြော်ငြာကပ်ပေးထားမှာဖြစ်ပါကြောင်း၊ဖေ့စ်ဘွတ်၊ ဘလော့အင်တာနက်စာမျက်နှာများ၊မိမိတို့ JACBAအဖွဲ့ ပိုင် *မြန်မာပြည်သား*လစဉ်ထုတ်စာစောင်မှလည်း မချွင်းမချန်အသိပေးဖော်ပြသွားမှာဖြစ်ပါကြောင်း ပွင့်လင်းမြင်သာစွာအသိပေးအပ်ပါတယ်။
( မဲဆောက်မြို့ ဝှေ့ မုရွာရှိJack Tak(အရပ်အခေါါ်-အမိုးပြာ)
စက်ရုံ့ကမော်ဒယ်တွေအလားရွှေဖ
ရွက်ပါလို့ )
သတင်းဓာတ်ပုံ-မင်းသူ-ခင်ရတနာကြူ
(မဲဆောက်မြို့ ဝှေ့ မုရွာရှိJack Tak(အရပ်အခေါါ်-အမိုးပြာ)
စက်ရုံ့ထဲမှာအခုလိုတပျော်တပါး)

No comments:
Post a Comment