ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 2, 2015

== ထိုင်းက ရွှေ့ပြောင်းအလုပ်သမားများကို ဈေးရောင်းခွင့် တားမြစ်သည့်အပေါ် မြန်မာများ စိုးရိမ်နေ==

>
+(အောက်တိုဘာ ၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း-KIC ကရင်သတင်းစဉ်)+

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်နှင့် ကူရဘူရိခရိုင် အတွင်းရှိ မြို့များအနှံ့၌ နိုင်ငံခြားသားများ အပါအဝင် မြန်မာရွှေ့ပြောင်းအ လုပ်သမားများကို ဈေးရောင်းချခွင့်မပြုကြောင်း အသိပေးဆိုင်းပုဒ်များကို ထိုင်းစည်ပင်ဌာနမှ စက်တင်ဘာလ ၂၉ရက်နေ့က စိုက်ထူခဲ့ပြီးနောက်ပိုင်း မဲဆောက်တွင် ဈေးရောင်းနေသည့် မြန်မာများကလည်း ဈေးမရောင်းရတော့မည်ကို စိုးရိမ်နေကြသည်။

“အဲဒီလိုကြားတော့ စိုးရိမ်မှု ရှိတယ်။ ကျနော်တို့ ဆိုင်ဖွင့်ထားတာက နားလည်မှုတွေနဲ့ စာရွက်စာတမ်း အထောက်အထားတွေ အပါအ၀င် သူတို့သတ်မှတ်ကောက်ခံတဲ့ အခွန်ကြေး ပေးရတဲ့အပြင် အရင်းအနှီးလည်း အများကြီးရှိပါတယ်။ တကယ်လို့ ရောင်းခွင့်မရှိဘူးဆို ကျနော်တို့ လုံးဝ အဆင်မပြေဘူး”ဟု တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် လက်ဖက်ရည်ဆိုင်ဖွင့်ထားသည့် ကိုအောင်နိုင်က ကေအိုင်စီသို့ ယနေ့ ပြောသည်။ ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ မြန်မာလူဦးရေ ၇၅ရာခိုင်နှုန်းခန့် ရှိသည့် မဲဆောက်မြို့တွင် မြန်မာများ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်များ အပါအ၀င် ခေါင်း ရွက်ဗျတ်ထိုး ဈေးသည်များလည်းရှိနေပြီး ထိုင်းနိုင်ငံသားတဦးဦးက အမည်ခံလုပ်ကိုင်နေခြင်းဖြစ်ကာ လုပ်ငန်းအလိုက် အခွန် နှင့် ငွေကြေးများကိုလည်း နားလည်မှုဖြင့် ပေးဆောင်ရသည့်များရှိသည်ဟု ဆိုင်ဖွင့်ထားသူများက ပြောဆိုသည်။ မဲဆောက်ဈေးထဲရှိ ကုန်စိမ်းတွန်းလှည်းသည်တစ်ဦးက “မဲဆောက်ဈေးမှာ ခေါင်းရွက်ဗျတ်ထိုးတွေဆို ဈေးကောက် မနက်ည ၁၀ဘတ်ပေးရတယ်။ ကျနော်တို့လို တွန်းလှည်းသမားကတော့ ပုလိပ်ကြေး၊ မော်တော်ပီကယ်ကြေး တစ်လကို ၇၀၀ဘတ်ပေးရ တယ်။ တကယ်လို့ ကျနော်တို့ ဈေးမရောင်းရဘူးဆို အပြန်အလှန် အကျိုးရှိတဲ့ ထိုင်းတွေလည်း အဆင်မပြေဘူး”ဟု ပြောသည်။ ထိုင်းတောင်ပိုင်းခရိုင်၊ မြို့များရှိ အာဏာပိုင်များ၏ တားမြစ်ချက်များအရ နိုင်ငံခြားသား အပါအ၀င် မြန်မာရွှေ့ပြောင်းလုပ်သား များအနေဖြင့် လုပ်အားဖြင့် ကိုယ်ပိုင်အရောင်းအဝယ်လုပ်ခြင်း၊ ကိုယ်တိုင် ပစ္စည်းထမ်းရွက် လိုက်လံရောင်းချခြင်း၊ ကိုယ်ပိုင်ဆိုင် ဖွင့်ကာ ရောင်းချခြင်းများ လုပ်ကိုင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ ၎င်းတားမြစ်ချက်များကို ဖောက်ဖျက်ပြီး ဈေးရောင်းနေသည်ကို စစ်ဆေးတွေ့ရှိပါက ဘတ် ၂ဝဝဝထက် မပိုသည့်ဒဏ်ငွေ ပေး ဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် အလုပ်သမားကတ် မရှိပါက ငါးနှစ်ထက်မကျော်သည့် ထောင်ဒဏ် နှင့် ဒဏ်ငွေဘတ် ၂ဝဝဝမှ ၁ဝဝ,ဝဝဝအထိ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

 ထိုင်းတွင် ယခင်ကတည်းက နိုင်ငံခြားသားများနှင့် ရွှေ့ပြောင်းအလုပ်သမားများကို ဈေးရောင်းခွင့်မပြုသည့် ဥပဒေရှိခဲ့သလို ယခု ကဲ့သို့ ဘတ် ၂၀၀၀ ဒဏ်ရိုက်မည်ဆိုပါက ခေါင်းရွက်ဗျက်ထိုးသည်များ အထိနာမည်ဖြစ်သည်ဟု မြန်မာပြည်သားများအရေး ပူး တွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။ ယခင်က ထိုင်းတောင်ပိုင်းခရိုင်များတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဆိုင်ကယ်စီးခွင့် တားမြစ်ခြင်း၊ အလုပ်ခွင်သွား ရာတွင် မြန်မာမှန်း သိသာထင်ရှားအောင် အင်္ကျီအ၀ါဂျာကင်များ ၀တ်ဆင်ရန် အမိန့်ထုတ်သည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းကလည်း ပြောသည်။ လက်ရှိ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းခန့်ရှိပြီး တရားဝင် အလုပ်လုပ်ခွင့် အထောက်အထားရှိသူ ၁.၃ သန်းခန့်နှင့် အထောက်အထားမရှိသူ ၁.၇ သန်းခန့်ရှိကြောင်း မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။ ယင်းတို့အနက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ၂သိန်းကျော်ရှိပြီး ၆သောင်းခန့်သာ တရားဝင် အလုပ်လုပ်ခွင့် အထောက်အထားရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေ ကြသည့် အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)