ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 4, 2015

==ပြည်တွင်းစစ်ဘေးသင့်ခံရတဲ့နိုင်ငံ(သို့ )ဆီးရီးယား==

>
ယခုအခါ ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားလာခဲ့သည်မှာလေးနှစ်ကျော် ရှိလာပြီဖြစ်သည်။ ပြည်တွင်း စစ်ဘေးဒဏ်ကြောင့် ဆီးရီးယားနိုင်ငံတွင် လူပေါင်း ၂၅၀၀၀၀ ကျော်သေဆုံးခဲ့ ရပြီး သေဆုံးသူများအနက် ထက်ဝက်ခန့် မှာအပြစ်မဲ့အရပ်သားများဖြစ်ကြသည်။ ထို့ ပြင် ကုလသမဂ်္ဂ၏ ခန့် မှန်းချက်များအရ ဆီးရီးယား နိုင်ငံသားရှစ်သန်းနီးပါးမှာ အိုးအိမ်များကိုစွန့် ခွာ ထွက်ပြေးသွားခဲ့ ကြပြီး လေးသန်းခန့် မှာ အိမ်နီးချင်း နိုင်ငံများသို့  စစ်ပြေးဒုက်္ခသည်များအဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရသည်။ အိုးမဲ့အိမ်မဲ့ နှင့်  စစ်ပြေးဒုက်္ခသည် စုစုပေါင်းမှာ၁၂ သန်းခန့် ရှိနေသည့်အတွက် စစ်မဖြစ်ပွားမီက ဆီးရီးယားနိုင်ငံလူဦးရေ ၂၃ သန်း၏ တစ်ဝက်ကျော်ရှိနေသည်။ ထို့ ကြောင့်  လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေး အတွက်လည်း အခက်အခဲဖြစ်နေသည်။ ဆီးရီးယား ပဋိပက်္ခသည် ဆီးရီးယားလူ့ အဖွဲ့ အစည်း၊ အခြေခံအဆောက်အအုံများ၊ သမိုင်းအစဉ်အလာကြီးမား သည့် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ၊ စီးပွားရေး စသည့် ကဏ္ဍအတော်များများအပေါ် ဆိုးကျိုး သက်ရောက်မှုများ ပြင်းပြင်းထန်ထန်ထိခိုက်နစ်နာခဲ့ ရ သည်။ ပြည်တွင်းစစ်မဖြစ်ပွားမီက ဆီးရီးယားနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်  စီးပွားရေးဖြင့် အရှေ့ အလယ်ပိုင်း ဒေသတွင် ၀င်ငွေအလယ်အလတ်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး စက်မှုလက်မှုလုပ်ငန်းများ၊ ရေနံတင်ပို့ ရောင်းချမှု၊ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအဆင့် အတန်းမြင့် မားသည့်  နိုင်ငံဖြစ်ခဲ့ သည်။
သို့ သော်လည်း ယခုအခါ လေးနှစ်ကျော်ဖြစ်ပွားခဲ့  သည့်  ပြည်တွင်းစစ်ဘေးဒဏ်ကြောင့်  အစစအရာရာ ပြောင်းလဲသွားခဲ့ ရပြီဖြစ်သည်။ စစ်ဘေးဒုက်္ခကြောင့်  ဆီးရီးယားပြည်သူတို့ မှာ ၀င်ငွေများကျဆင်းပြီး အသက် မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက် မိသားစုဝင်များ၏ အခြေခံလိုအပ်များရရှိရေးကိုပင် ရုန်းကန်လှုပ်ရှားနေကြ ရသည်။ ပြည်တွင်းစစ်၏ အကျိုးဆက်အဖြစ် နယ်ပယ် ကဏ္ဍအသီးသီးတွင် ဆုံးရှုံးနစ်နာမှုများကို လေ့လာ ကြည့် ရလျှင်- စီးပွားရေး ပြည်တွင်းစစ်စတင်ဖြစ်ပွားကတည်းက ဆီးရီး ယားနိုင်ငံ၏ စီးပွားရေးကဏ္ဍထုတ်လုပ်နိုင်စွမ်းမှာ၈၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးနစ်နာခဲ့ ရပြီးဖြစ်သည်။ ယခု လောလောဆယ် ပြည်တွင်းစစ်ရပ်စဲသွားပြီး နှစ်စဉ် ဂျီဒီပီ ပျမ်းမျှငါးရာခိုင်နှုန်း ပုံမှန်တိုးတက်သွားလျှင်ပင် ဆီးရီးယားနိုင်ငံအနေဖြင့်  ၂၀၁၀ ပြည့် နှစ်က စီးပွားရေး အဆင့် အတန်းအနေအထားအတိုင်း ပြန်လည်ရောက်ရှိ နိုင်ရန် နှစ်ပေါင်း ၃၀ ခန့်  အချိန်ယူရဦးမည်ဖြစ်သည်။ ဆီးရီးယားနိုင်ငံ၏ စီးပွားရေးမှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကြီးကြီးမားမား ဖြစ်ပွားခဲ့ ရသည့် အတွက် ရလဒ်အနေဖြင့်  လုပ်ငန်းများပိတ်သိမ်းခြင်း၊ ဒေ၀ါလီခံခြင်း၊လေကြောင်း လိုင်းများ ရပ်နားထားရခြင်း၊ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့ ဖြစ်ပေါ်ခဲ့ သည်။ ယခင်က ဆီးရီး ယားနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ် မှုတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ သော်လည်း ပြည်တွင်းစစ် စတင်ဖြစ်ပွားကတည်းက ထုတ်လုပ်မှုများ သိသိသာသာ ကျဆင်းခဲ့ သည်။ ဆီးရီးယားနိုင်ငံသည် ရေနံတင်ပို့ ရောင်းချနိုင်ခြင်း မရှိတော့သည့် အတွက် ရလဒ်အနေဖြင့် ဆီးရီးယား အစိုးရသည် စွမ်းအင်ကဏ္ဍမှရရှိသည့်  ဘဏ္ဍာငွေများ သိသိသာသာကျဆင်းသွားခဲ့ ရသည်။ စိုက်ပျိုးရေးကဏ္ဍ တွင်လည်း ဆုတ်ယုတ်ကျဆင်းလျက်ရှိပြီး စားကုန် သောက်ကုန်များ အထူးသဖြင့် ဂျုံအပေါ်မှီခိုအားထား နေရမှုမြင့်တက်လာလျက်ရှိသည်။
ယခုအခါ စီးပွားရေးလုပ်ငန်းအများစုမှာတန်ဖိုးကြီး မားသည့်  နိုင်ငံခြားသွင်းကုန်ပစ်္စည်းများအပေါ်မှီခို အားထားနေရသည်။ ဆီးရီးယားငွေကြေးတန်ဖိုးမှာ ဆက်လက်လျော့ကျနေပြီး အမေရိကန်ဒေါ်လာငွေကြေးမှာ မြင့်တက်နေသည့် အတွက် အချို့ ကုန်သည်များ၊ စီးပွားရေး လုပ်ငန်းရှင်များက ဆီးရီးယားငွေကြေးပေါင်ကို လက်မခံ လိုဘဲ ငြင်းဆန်နေကြသည်။ စီးပွားရေးတွင် အဆိုးရွား ဆုံးမှာ အလုပ်သမားအင်အား ၄၈ ဒသမ ၈ ရာခိုင်နှုန်းမှာလုပ်လက်မဲ့ ဖြစ်နေခြင်းပင်ဖြစ်သည်။ ဆီးရီးယားလူဦးရေ ထက်ဝက်ကျော်မှာ ဆင်းရဲချို့ တဲ့ စွာ နေထိုင်နေကြရပြီး လူဦးရေ ၄ ဒသမ ၄ သန်းမှာ(ဆီးရီးယားလူဦးရေ ငါးပုံတစ်ပုံ ) အဖတ်ဆယ်မရလောက်အောင် ချွတ်ခြုံကျ ဆင်းရဲတွင်းနက်လျက်ရှိကြသည်။ အခြေခံအဆောက် အအုံများ ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်များမှာ အခြေခံ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခြင်းဖြစ်သည်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ အစည်းများက ပစ်မှတ် ထားတိုက်ခိုက်မှုများကြောင့် လည်း အခြေခံအဆောက် အအုံများ ပျက်စီးရသည်။ အများဆုံးပျက်စီးသည့်  ကဏ္ဍ များမှာ လျှပ်စစ်ဓာတ်အားလိုင်းများ၊ ရေပိုက်လိုင်းများ၊ ဆည်မြောင်းတာတမံများ၊ ရေနံချက်စက်ရုံများ၊ ပညာရေး အဆောက်အအုံများနှင့်  စိုက်ပျိုးရေးဆိုင်ရာ အခြေခံ အဆောက်အအုံများဖြစ်သည်။ ဆီးရီးယားကလေးငယ် များမှာလည်း စာသင်ကျောင်းများနှင့် နှစ်အတန်ကြာ ဝေးကွာခဲ့ရပြီးဖြစ်သည်။ ဆီးရီးယားနိုင်ငံရှိ ဆေးရုံ ဆေးခန်း ၃၇ ရာခိုင်နှုန်းမှာ ဖျက်ဆီးခံခဲ့ ရပြီးနောက်ထပ် ၂၀ ရာခိုင်နှုန်းမှာ ပြည်တွင်းစစ်ကာလ အတွင်း ပျက်စီး သွားခဲ့ရကြောင်း ကမ်္ဘာ့ကျန်းမာရေးအဖွဲ့ က ခန့် မှန်း ထားသည်။ ပြည်သူများအတွက် ကျန်းမာရေးစောင့် ရှောက် ပေးနိုင်မှု ဆိုးရွားလျက်ရှိပြီး အများစုမှာ ဆေးဝါးကုသ နည်းအခြေခံလောက်သာ တတ်မြောက်ထားသည့်  ဒေသခံ စေတနာ့ဝန်ထမ်းများဖြင့် သာ ကုသမှုခံယူနေကြရသည်။ ဆီးရီးယားအစိုးရတပ်နှင့်  သူပုန်များ၊ အိုင်အက်စ် အဖွဲ့ များကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေမှု ကြောင့်  လျှပ်စစ်မီးနှင့် ရေမှာမကြာခဏ ပြတ်တောက် လျက်ရှိသည်။ ထို့ပြင် ဆီးရီးယားနိုင်ငံ၏ ရေနံနှင့်  သဘာဝဓာတ်ငွေ့  စူးစမ်းရှာဖွေရေးလုပ်ငန်းများကိုလည်း အကန့် အသတ်မရှိရပ်ဆိုင်းထားသည်။ တိုက်ပွဲများ ရပ်စဲသွားသည့် တိုင်အောင် ဆီးရီးယားနိုင်ငံ၏ စွမ်းအင် ကဏ္ဍမှာ ပြည်တွင်းစစ်မဖြစ်ပွားမီက အခြေအနေမျိုး ပြန်လည်ရောက်ရှိအောင် နှစ်ပေါင်းများစွာ အချိန်ယူ ပြင်ဆင်ရဦးမည်ဖြစ်သည်။ ဆီးရီးယားနိုင်ငံ၏ ပြည်တွင်း ရေနံပိုက်လိုင်းကွန်ရက်မှာကောင်း မွန်စွာတည်ဆောက် ထားပြီး အကောင်းဆုံးအသုံးချနိုင်ခဲ့ သော်လည်း ယခု အခါ ပြည်တွင်းစစ်နှင့်  အဖျက်အမှောင့် လုပ်ရပ်များကြောင့်  ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့ရပြီဖြစ်သည်။ ယဉ် ကျေးမှုနှင့်  လူမှုရေး ဆီးရီးယားနိုင်ငံ၏ သမိုင်းတန်ဖိုးကြီးမားလှသည့်  ရှေးဟောင်းအဆောက်အအုံများ၊ နေရာများကို အိုင် အက်စစ်သွေးကြွများက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်။ ဆီးရီးယားနိုင်ငံရှိ ပြတိုက်များ ပျက်စီးဆုံးရှုံးရခြင်းသည်လည်း စိုးရိမ်ရသည့်  အကြောင်းတစ်ခုဖြစ်ပြီး ယဉ်ကျေးမှုတန်ဖိုးပမာဏ ကြီးကြီးမားမား ဆုံးရှုံးခဲ့ ရပြီးဖြစ်သည်။ လက်နက်ကိုင် ပဋိပက်္ခများကြားတွင် ပြတိုက်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများလည်းရှိခဲ့ သည်။ ဆီးရီးယားနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ပစ်္စည်းများမှာမှောင်ခိုဈေးကွက် နှင့်  ပုဂ်္ဂလိကစုဆောင်းသူများထံတွင် ပျောက်ဆုံးသွားခဲ့  ရပြီဖြစ်သည်။ ဖြစ်ပွားလျက်ရှိသည့်  ဆူပူအကြမ်းဖက် တိုက်ခိုက်မှုများကို ထိန်းချုပ်တားဆီးနိုင်ခြင်း မရှိလျှင် ဆီးရီးယားလူ့ အဖွဲ့ အစည်းသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားပြီး ကွဲပြားခြားနားသည့်  ကမ်္ဘာတစ်ခု ဖန်တီးပေးလိုက်သလိုဖြစ်ဖွယ်ရှိသည်။ အရာရာပြောင်းလဲသွားပြီး ဆီးရီးယားပြည်သူများ အတွက် စိတ်ဝေဒနာဒဏ်ရာဒဏ်ချက်များမှာနက်နက် ရှိုင်းရှိုင်းကျန်ရစ်နေမည်ဖြစ်သည်။ တစ်ချိန်က တက်တက်ကြွကြွဖြင့်  ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည့်  လူ့ အဖွဲ့အစည်းတွင် ယခုအခါ အမုန်းတရားနာကြည်း စိတ်များပြည့်နေပြီး ကွဲပြားသည့်  လူမျိုးစုများကြားတွင် လည်း သံသယစိတ်များကြောင့်  အတူယှဉ်တွဲနေထိုင်ရန် မျှော်လင့် နိုင်မည် မဟုတ်တော့ပေ။ ယင်းတို့ မှာ ထင်သာမြင်သာသော ဆုံးရှုံးနစ်နာမှုများ ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ တိုးတက်စည်ပင် လာခဲ့ သည့်  ဆီးရီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုအညွှန်းကိန်းများ နှင့်  အရာအားလုံးမှာ ဆုံးရှုံးပျက်စီးသွား ခဲ့ ရသည်။ နိုင်ငံ ရေးနှင့်  ဖွံ့ဖြိုးတိုးတက်မှုများ အံ့ သြရလောက်အောင် စွမ်းဆောင်နိုင်ခဲ့ လျှင်ပင် ယခင်ဖွံ့ဖြိုးမှုအညွှန်းကိန်း များသို့  ပြန်လည်ရောက်ရှိအောင် နှစ်များစွာ အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။ သို့ သော်လည်း ယခင်ကဲ့ သို့  တက်ကြွသည့်  စိတ်ဓာတ်များ၊ အားမာန်များ ဆီးရီး ယားတွင် မရှိတော့ပေ။ ယခုဖြစ်ပွားနေသည့်  ပြည်တွင်းစစ်ကို အချိန်ကသာလျှင် အနိုင်၊ အရှုံး ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။ သို့ သော် သေချာမှုတစ်ခုမှာဆီးရီးယားနိုင်ငံသည် ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရခြင်းကိုပင် ဆုံးရှုံးသွားခဲ့ ပြီးဖြစ်သည်။ နောင်လာမည့်  ဆီးရီးယား မျိုးဆက်သစ်များအနေဖြင့်  တစ်ချိန်က ဆီးရီးယားဟုခေါ် သည့်  နိုင်ငံတစ်နိုင်ငံ ဤကမ်္ဘာပေါ်တွင် တည်ရှိခဲ့ ဖူးသည် ဟူသော ပုံပြင်များကိုသာ နားထောင်ရလိမ့် မည်ဖြစ်သည်။ 

+ထွန်းတောက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)