ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, February 9, 2016

=ဟာဒယနှလုံး-တခဏပြုံး=

>
**အားလုံးအသစ်ပါဆရာ**

 ကျောင်းဆရာမတစ်ယောက်ဟာ သမီးတွေ ပူဆာလို့ ကြက်တူရွေး တစ်ကောင်ဝယ်ဖို့ ဆိုင်ထဲမှာ ရွေးနေပါတယ်။ အရောင်စုံစုံ အကောင်လှလှတွေက ဒေါ်လာ ၃၀၀ ကနေ ၅၀၀ အထိ အစားစား ဈေးရှိနေလို့ ဝယ်ရမှာ လက်တွန့်နေတယ်။ ရိုးရိုး ကြက်တူရွေးလေးတောင် ဒေါ်လာ ၁၀၀ အနည်းဆုံးရှိနေလို့ ဆိုင်ထဲက ပြန်ထွက်မယ်လုပ်တုန်း ဆိုင်ထောင့်မှာ ငြိမ်ကုပ်နေတဲ့ အစိမ်းရောင် အကောင်လှလှကြီးကို လှမ်းမြင်လိုက်သတဲ့။ ဈေးကလည်း ၂၅ ဒေါ်လာတည်းရယ်။ ဒီတော့ ကျောင်းဆရာမက ဝမ်းသာအားရနဲ့ ဒီကောင်ကြီးကို ဝယ်မယ်လို့ ပြောလိုက်တယ်။
 ဆိုင်အမှုထမ်းက "ဆရာမကို တစ်ခုသတိပေးချင်တယ်၊ ဒီကြက်တူရွေးဟာ အရင်တုန်းက ပြည့်တန်ဆာအိမ်မှာ မွေးထားတဲ့ကောင်ပါ။ အဲဒီအိမ်ကို ရဲတွေ ဝင်ဖမ်းပြီး ကျနော်တို့ ဆိုင်ကို ရောက်လာတာ၊ ဝသီပါပြီး နှုတ်ကြမ်းလို့ ဒီဈေးနဲ့ ရောင်းတာပါခင်ဗျာ" လို့ ရှင်းပြပါတယ်။ ဆရာမကလည်း "အို… ကိစ္စမရှိဘူး၊ ကျမက ကျောင်းဆရာမပဲ၊ ဒါမျိုးတွေကို သွန်သင်ဆုံးမလာတာ၊ ကျမအိမ်ရောက်ရင် ကောင်းကောင်း ပြောတတ်အောင် ပြန်သင်လိုက်မှာပေါ့" လို့ပြောပြီး ဝယ်လာခဲ့သတဲ့။ အိမ်ရောက်တော့ ကြက်တူရွေးကြီးကို လှောင်အိမ်အသစ်ထဲ ထည့်လိုက်တဲ့အခါ ကြက်တူရွေးက "အိမ်အသစ်၊ အိမ်အသစ်၊ မာမီအသစ်၊ မာမီအသစ်" လို့ အော်လိုက်တယ်။ ဆရာမရဲ့ သမီးသုံးယောက် ကျောင်းက ပြန်လာတဲ့အခါ ကြက်တူရွေးက "အသစ်လေးတွေ လာကြလာကြ၊ ဖလန်းဖလန်းထတဲ့ အလန်းဇယား အသစ်လေးတွေ ရောက်နေပြီနော်" လို့ အော်ပြန်တယ်။
ခဏနေတော့ ဆရာမရဲ့ ယောကျာ်း ပြန်လာပြီး၊ အိမ်ထဲကို ဝင်လာတာနဲ့ ကြက်တူရွေးကြီးက ဝမ်းသာအားရ နှုတ်ဆက်လိုက်တာကတော့... "ဟော … ဖောက်သည်ဟောင်းကြီးပါလား၊ ဆရာ့ အသည်းကျော်မလေးတွေ ရဲဖမ်း ရဲဖမ်း၊ ဒီအိမ်မှာ အရမ်းလန်းတဲ့ အသစ်လေးတွေ ရယ်ဒီ ရယ်ဒီ" လို့ တစ်အိမ်လုံးကြားအောင် အသံဩကြီးနဲ့ အော်လိုက်သတဲ့။

.................................................
**အကျင့်ပါနေလို့ပါ**

 အမေရိကန်နိုင်ငံမှာ အကောင်းဆုံး စိတ်ရောဂါ အထူးကုဆေးရုံဖြစ်တဲ့ မက်ဆာချူးဆက်ပြည်နယ်၊ မက်ကလင်းဆေးရုံကြီးက စီစဉ်တဲ့ သုတေသန ကွန်ဖရင့်ကို မြန်မာပြည်က ကိုယ်စားလှယ်အဖွဲ့လည်း လာတက်ပါတယ်။ နိုင်ငံပေါင်းစုံက စိတ်ရောဂါဆရာဝန်ကြီးတွေ စာတမ်းတွေ ဖတ်ကြ၊ ဆွေးနွေးကြနဲ့ အလွန် စိတ်ဝင်စားစရာ ကောင်းတယ်။ ဩစတြေးလျနိုင်ငံက ပါမောက္ခသမားတော်ကြီး တင်သွင်းတဲ့ စာတမ်းက "အကျင့်ကြောင့်ဖြစ်သော စိတ်ရောဂါ" (Behavioral Psychopathy) အကြောင်းကို ဟောပြောရှင်းလင်းတဲ့အခါ ခန်းမကြီးကို မှောင်ချပြီးတော့ ရောင်စုံဆလိုက်ဓာတ်ပုံ၊ ရုပ်ပုံကားချပ်တွေနဲ့ပါ ပြသပေးပါတယ်။ တစ်နာရီလောက် ပြသပြီး ခန်းမကြီးကို မီးတွေ ပြန်ဖွင့်လိုက်တဲ့အခါ မြန်မာကိုယ်စားလှယ်အဖွဲ့က "ဝေး" လို့ တစ်ပြိုင်နက် အော်လိုက်ကြသတဲ့။ 

////////////////////////////////////////// 

ကိုးကား။ ။ကမ္ဘာသစ် လူမှုစီးပွားမီဒီယာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)