ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, February 9, 2016

=လူထုကျန်းမာရေး(သွားတိုက်ပါ)=

>
**Public Health**
++ဘာကြောင့် သွားတိုက် သင့်တာလဲ ဆရာ။

သွားတိုက်တာက သွားတွေကို သန့်ရှင်းအောင် တိုက်ရတာ ဖြစ်ပါတယ်။ ခံတွင်းထဲမှာ ဘက်တီး ရီးယားပိုးတွေ ရှိနေပါတယ်။ စားလိုက်တဲ့ အစာတွေနဲ့ တံတွေး ဓာတ်ပ စ္စည်းတွေ ဓာတ်ပြုပြီး ဘက်တီး ရီးယား အကွက်လွှာ (Bacterial Plaque) တွေ ဖြစ်လာ ပါတယ်။ အဲဒီဘက် တီးရီးယား အကွက်လွှာ ထဲပါတဲ့ ပိုးတွေက သွားမျက်နှာပြင်မှာ တွယ်ကပ်ပြီး အစားအစာနဲ့ ဓာတ်ပြုရာက ထွက်လာတဲ့ ဒြပ်ပေါင်း (End Products or Metabolic Products) တွေက သွားတွေကို ပျက်စီး စေပါတယ်။ သွားဖုံးတွေကို လောင်ကျွမ်း စေပါတယ်။ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား အကွက်လွှာတွေကို ဖယ်ရှားလိုက်ရင် ခံတွင်း သန့်ရှင်း သွားပြီး သွားပိုးစား ရောဂါ၊ သွားဖုံးရောင်တာ၊ သွားမြစ်ဝှမ်း ရောဂါနဲ့ ရေစီး ကမ်းပြို ရောဂါတို့ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ ခံတွင်းထဲမှာ Lactobacillus၊ Acidophilus၊ Streptoccocus နဲ့ Mutans အစရှိတဲ့ ပိုးတွေနဲ့ စားကြွင်း စားကျန်တွေ ဓာတ်ပြုရာက အက်စစ်ငရဲမီးကို ထုတ်ပေးပါတယ်။ အဲဒီငရဲမီးက သွားတွေကို ပိုးစား စေပါတယ်။ သွားဖုံးရောဂါ ဖြစ်စေတဲ့ တခြားအုပ်စုနဲ့ ဓာတ်ပြုသလို စားကြင်း စားကျန် တွေနဲ့ ဓာတ်ပြုပြီး အဆိပ်တွေ ထုတ်လိုက် ပါတယ်။ အဲဒီ အဆိပ်တွေက သွားဖုံးကို စားပြီး သွားမြစ်ဝှမ်း ရောဂါကို ဖြစ်စေပါတယ်။ ရေစီးကမ်းပြို ရောဂါကို ဖြစ်စေ ပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယား အကွက်လွှာကို ဖယ်ရှားဖို့ စနစ်မှန် သွားတိုက် နည်းကို သုံးရပါမယ်။ ခံတွင်းသန့်ရှင်းရင် သွားပိုးစား ရောဂါနဲ့ သွားဖုံးရောဂါတို့ မဖြစ်စေ နိုင်ပါဘူး။

 ++ဘက်တီးရီးယား အကွက်လွှာက သွားမျက်နှာပြင် နေရာတိုင်းမှာ ရှိနေ တတ်ပါ သလား ဆရာ။

ရှိနေ နိုင်ပါတယ်။ ဒါပေမဲ့ သွားနှစ်ချောင်း ကြားနေရာတွေ၊ အစာဝါးတဲ့ သွားမျက်နှာပြင်ရှိ အဖု အချိုင့်တွေ၊ Fissure လို့ခေါ်တဲ့ သွားမျက်နှာပြင်ရှိ အရေးကြောင်းတွေပေါ် မှာ တွယ်ကပ် နေနိုင်ပါတယ်။ သွားမှာရှိတဲ့ အခေါင်း၊ အပေါက်၊ အသေစိုက်ထားတဲ့ သွားတု၊ အံကပ်အရှင်ရဲ့ အတွင်းသား ပိုင်းတွေ၊ သွားမညီညာလို့ သွားညှိဖို့ တပ်ဆင်ထားတဲ့ ကိရိယာ (Orthodontic Fixed Appli-ance) တွေမှာလည်း ကပ်ညိနိုင်ပါတယ်။ သွားအလှဆင်တဲ့ စိန်တုတွေမှာလည်း တွေ့နိုင် ပါတယ်။

  ++ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ မြင်နိုင်ပါသလားဆရာ။ 

ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ တိုက်ရိုက် မတွေ့မြင် နိုင်ပေမယ့် ဘက်တီးရီးယား အကွက်လွှာ ကပ်ငြိနေနိုင်တဲ့ သွားချေးတွေ၊ သွားကျောက် တွေနဲ့ စားကြွင်း စားကျန်တွေ ကိုတော့ တွေ့နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုး ထွက်တာလည်း ခံစား နိုင်ပါတယ်။ ဘက်တီးရီးယား အကွက်လွှာကို တွေ့ရှိချင်တယ်ဆိုရင် ပန်းရောင်ရှိတဲ့ အရောင်ဆိုးဆေးပြား (Disclosing Tablets) ကို အသုံးပြုလိုက်ရင် ရိုးရိုးသာမန်မျက်စိနဲ့ တွေ့နိုင်ပါတယ်။ အဲဒီ ဆေးပြားတွေကို ပါးစပ်ထဲ ထည့်ပြီး ကြေညက်အောင် ဝါးစား လိုက်ပါ။ နှံ့စပ်အောင် ဝါးစားပြီးရင် ရေနဲ့ ပလုတ် ကျင်းပါ။ မှန်ကို ကြည့်လိုက်ရင် မှန်ထဲမှာ အနီရောင် စွန်းထင်နေတဲ့ သွားတွေကို တွေ့ရ ပါလိမ့်မယ်။ တကယ်လို့ ဘက်တီးရီးယား အကွက်လွှာတွေ များနေရင် ခံတွင်းတစ်ခုလုံး နီမြန်း နေပါ လိမ့်မယ်။ ဘက်တီးရီးယား အကွက်လွှာ အနည်းငယ်ပဲ ရှိနေရင် ပန်းနုရောင် ဖြစ်နေ ပါလိမ့်မယ်။ အဲဒီဘက်တီးရီးယား အကွက်လွှာတွေကို သွားတိုက် ရပါတယ်။ ဒါကြောင့် သွားတိုက်တယ် ဆိုတာက သွားဖြူစေဖို့ သက်သက်သာ မဟုတ်ဘဲ သွားမှာ တွယ်ကပ်နေတဲ့ ရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အကွက်လွှာတွေ ကို ထိထိ ရောက်ရောက် ဖယ်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ စနစ်မှန် သွားတိုက်နည်းကို အသုံးပြုပြီးနောက် တစ်ကြိမ်မှာ အရောင်ဆိုး ဆေးပြားတွေကို ဝါးစားပြီး မှန်ကြည့် လိုက်ပါ။ သန့်စင်တဲ့ အနေအထားကို တွေ့နိုင်ပါတယ်။ 

++ခံတွင်းသန့်စင်ဖို့ ဘယ်လိုနည်းကို သုံးရမလဲ ဆရာ။

 ခံတွင်းသန့်စင်ဖို့ရာ အတွက်- (၁) လက်တွေ့ ပွတ်တိုက်သန့်စင်တဲ့နည်း (Mechanical Method)နဲ့ 
(၂) ဓာတုဆေးရည်အသုံးပြုပြီး သန့်စင်တဲ့နည်း (Chemical Method) ကို သုံးရပါမယ်။ လက်တွေ့ ပွတ်တိုက် သန့်စင်တဲ့ နည်းတွေကတော့ သွားတိုက်တာ (Tooth Brushing)၊ သွားကြား ပွတ်ကြိုး ထိုးတာ (Dental Flossing)၊ သွားကြား ထိုးတာ Using Toothpick)နဲ့ သွားနှစ်ချောင်းကြား သန့်စင်တဲ့ ကိရိယာသုံးတာ (Interdental Cleaner) စတဲ့နည်းတွေ ဖြစ်ပါတယ်။ ဓာတုဗေဒ နည်းကတော့ သွားနဲ့ခံတွင်း သန့်စင်စေတဲ့ ငုံဆေးတွေနဲ့ ပလုတ်ကျင်း ဆေးရည် တွေနဲ့ သန့်စင်တာပဲ ဖြစ်ပါတယ်။ 

++သွားကို ဘယ်အချိန်တိုက်ရမလဲဆရာ။ 

 နေ့စဉ် နံနက်စာစားပြီး တစ်ကြိမ်နဲ့ ညစာစားပြီး အိပ်ရာ မဝင်မီ တစ်ကြိမ် သွားတိုက် ရပါမယ်။ သွားတိုက်ဖို့ ပိုပြီး အရေးကြီးတာက ညအိပ်ရာမဝင်ခင် ခံတွင်းကို စနစ်တကျအချိန်ပေးပြီး တိုက်တာပဲ ဖြစ်ပါတယ်။ ဒါမှ တစ်နေ့လုံး စားထားတဲ့ စားကြွင်းစားကျန်တွေနဲ့အတူ ဘက်တီးရီးယား အကွက်လွှာ ကင်းစင်သွားမှာပါ။

 ++သွားကို ဘယ်လောက်ကြာကြာ တိုက်ရမလဲ ဆရာ။ 

သုံးမိနစ်- ငါးမိနစ်ခန့် တိုက်ပါ။ ကလေးငယ်တွေကို မိခင်က သွားပွတ်တံ သေးသေး ဒါမှမဟုတ် လက်မှာ စွပ်ရတဲ့ သွားတိုက်တံနဲ့ တိုက်ပေးပါ။ မူကြိုကလေးတွေကို မိခင်က ထိန်းပြီး အိမ်မှာ မှန်မှန် တိုက်ပေးပါ။ ကျောင်းမှာဆိုရင် ဆရာမတွေရဲ့ ကြီးကြပ်ကွပ်ကဲမှု လိုပါတယ်။

 ++ဘယ်လို သွားပွတ်တံကို သုံးရမလဲဆရာ။ 

လက်ကိုင် ညီညာ ဖြောင့်ဖြူးတဲ့ သွားပွတ်တံနဲ့ မပျော့လွန်း၊ မမာလွန်းတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို သုံးရပါမယ်။ ဝက်မှင်ဘီးရဲ့ မျက်နှာပြင်က ညီညာနေရပါမယ်။ အချိုင့်နဲ့ အချွန် အတက်ပါတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို မသုံးရပါဘူး။ 

++ဘယ်လို သွားတိုက်ဆေးမျိုး သုံးသင့်ပါသလဲ ဆရာ။ 

 ရှေးယခင်က သာမန် သွားတိုက်ဆေးကို သုံးခဲ့ကြပါတယ်။ အခုအခါ မှာတော့ ဆေးသိပ္ပံ ပညာရှင် တွေရဲ့ လေ့လာချက်အရ ဖလိုရိုက်ပါတဲ့ သွားတိုက် ဆေးကို အသုံးများ ကြပါတယ်။ ဖလိုရိုက်က သွားပိုးစားရောဂါကို အဓိက ကာကွယ်ပေးပါတယ်။ ဖလိုရိုက်ဓာတ်နည်းပါးရင် သွားပိုးစားရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သောက်ရေမှာ ဖလိုရိုက်အများကြီး ပါရင်တော့ သွားရဲ့ မျက်နှာပြင်ကို ပြောင်းလဲစေတဲ့ ရောဂါ (Fluorosis) ဖြစ်စေနိုင် ပါတယ်။ 

 ++သွားပွတ်တံကို ဘယ်နှလတစ်ကြိမ် လဲလှယ်အသုံးပြုရမလဲ ဆရာ။

 အကြမ်းဖျင်း အားဖြင့် သွားပွတ်တံကို သုံးလ တစ်ကြိမ် လဲလှယ် အသုံးပြုနိုင် ပါတယ်။ အတိအကျတော့ မဟုတ်ပါဘူး။ သွားပွတ်တံ ဝက်မှင်ဘီးက ဖွာလန်ကြဲပြီး နောက် ကို လန်လာရင် လဲရပါမယ်။ 
သွားပွတ်တံက ကျိုးပဲ့ပြီး ပျက်စီး သွားရင်လဲ ရပါမယ်။

+မြ၀တီ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)